စူဠာမဏိဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၈ -
အရှေ့ဘက် အာရုံခံခန်းမမှဝင်လျှင် ဂန္ဓကုဋိတိုက်ကို တွေ့ရမည်။ အလယ်မဏ္ဍိုင်၍ ဘုရားလေးဆူရှိသည်။ အရှေ့ဘက်သို့ မျက်နှာမူသည့် ဆင်းတုတော် တည်နေရာသည် အခြားသုံးဖက်ထက် ပို၍ကျယ်ကာ အတွင်းသို့ ချိုင့်ဝင်နေသည်။ မဏ္ဍိုင်အတွင်းသို့ အခြားသုံးဆူထက် ပို၍ နေရာယူထားသည်။ အခြားသုံးဆူမှာ နံရံ၌ ကပ်ရုံကပ်ထားသည်။ ထုထည်ကောင်းသော အုတ်နံရံအတွင်း တောင်ဘက်မြောက်ဘက် နှစ်နေရာ၌ အထက်ပစ္စယာသို့တက်ရန် ကျဉ်းမြောင်းသော ကြောင်လိမ်လှေကားထစ်များကို ပြုလုပ်ထားသည်။ ထိုလှေကားမှထွက်လျှင် စင်္ကြံပတ်လမ်းမှ အရှေ့ဘက်ပေါ်တက်ရန် အုတ်လှေကား နှစ်ဆင့်ကို တွေ့ရသည်။ ထိုမှ အပေါ်ဆောင်သို့ တက်ပြန်လျှင် ဂန္ဓကုဋိအတွင်း၌ ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးနိုင်သည်။ <br />
 
အတွင်းစင်္ကြ ပေါင်းကူးနံရံများ၌ ပုဂံခေတ်ဆေးရေးပန်းချီများကို တွေ့နိုင်သည်။ အချို့နေရာတွင် ကုန်းဘောင်ခေတ် နံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရသည်။ လိုဏ်ဂူကို ခိုင်ခံစေရန်အတွက်ခိုင်ခံ့စေရန်အတွက် အုတ်များတွင် အချို့နေရာ၌ ကျောက်အုတ်များဖြင့် ညှပ်ကာ ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ပုဂံခေတ် အင်္ဂတေပန်းတော့ လက်ရာများတွင် လှပသော ကနုတ်ပန်းများ၊ ပုလဲကုံးများ၊ ဘီလူးပန်းဆွဲ၊ တိုင်ဖုံးစုလစ်ပန်း၊ တံကဲပန်းများကိုလည်း တွေ့မြင်နိုင်သည်။<br />
 
လိုဏ်ဂူမြောက်ဘက်မုခ် အာရုံခံ၌ စူဠာမဏိ မူလတည်စဉ်က မော်ကွန်းတင်ကျောက်စာကို တွေ့နိုင်သည်။ ထိုမှတစ်ပါး အတွင်းနံရံများတွင် ပုဂံခေတ်နှင့် နောက်ပိုင်းရေးထားသော နံရံမင်စာများကိုလည်း လေ့လာနိုင်သည်။ တိုက်မ အထက်ရှိ ပစ္စယာဆင့်များတွင် ပုံစံအမျိုးမျိုး အကွက်အမျိုးမျိုး ဖော်ထားသည့် စဉ့်သုတ်စိန်တန်းများဖြင့် တန်ဆာဆင်ထားလေသည်။ <ref name = "ပုဂံစေတီပုထိုးများ"/>