ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၂ -
==ဘဝနိဂုံး==
 
ဦးစောသည် သူ့အားပေးသော နံနက်လက်ဖက်ရည်ကို အခန်း၌ ဆွမ်းတော်ကပ်ခဲ့သည်။ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိပြီး ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာန မင်းကြီးဦးဘမောင်၊ ဆရာဝန်၊ တရားသူကြီး၊ အင်းစိန်ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ထောင်အာဏာပိုင်များ စသည်တို့ကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များအလယ်ရှိ ဘုရားရုပ်ပွားတော်တစ်ဆူ ကိုးကွယ်ထားရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ထို့နောက် ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွာရာတွင် မြင်ရာလူကို လှမ်းပြီး နှုတ်ဆက်သည်။ အထူးခုံရုံး နာယက ဦးကျော်မြင့်နှင့်တကွ သူ့ကိုတာဝန်အရ ဆောင်ရွက်ရသည့် သူများအား မုန်းထားမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည် ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။
၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် နိုင်ငံတော်လုပ်ကြံမှုဖြင့် အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်အကျဉ်းထောင် ကြိုးစင်၌ ကြိုးပေးခံရသည်။ ဂဠုန်ဦးစောနှင့် အတူ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့ကိုလည်း ကြိုးပေးခဲ့သည်။
ဦးစော၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အင်းစိန်ထောင်ကြီး အနီးရှိ ပေါက်တော သချိင်္ိုင်းတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်။
 
<ref>[[သန်းဝင်းလှိုင်]]၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ စာအုပ်(၂၀၀၉-ခုနှစ်)</ref>
[[Image:u saw2.jpg|thumb|[[ရန်ကုန်အကျဉ်းထောင်]]ကြိုးစင်၌ ကြိုးပေးခံရပုံ]]