ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၄ -
၁၉၂၁ ခု ဂျီ၊ စီ၊ ဘီ၊ အေ အကွဲတွင် ဖခင် ဦးဖိုးကြူး နှင့်အတူ (၂၁)ဦးအဖွဲ့ ဘက်က ပါဝင်သည်။
၁၉၂၅ ခုပထမအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။
၁၉၂၇ ခုနှစ်တွင်မူ ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ်အဖြစ် အရွေးခံရoည်။အရွေးခံရသည်။
၁၉၂၉ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီဦးပု ကို အနိုင်ရကာ လွှတ်တော်အမတ် အဖြစ်ဆက်လက် အရွေးခံရသည်။ တောင်သူလယ်သမား တော်လှန်ရေး ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက်များ အတွက် ရှေ့နေလိုက်ပေးခဲ့သည်။
 
၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီတွင် ဦးစောသည် ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက် ရောရော နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။
၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီတွင် ဦးစောသည် ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက် ရောရော နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။ ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန် ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် “မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) ကဦးစောအား “မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည်တွင် လာသည်။
 
၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒ နယ်မှ အရွေးခံရာ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် နောက်ဆယ်လကျော် အကြာ ကြားဖြတ် ရွေးကောက်ပွဲ၌ ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။ ၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန် မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ အပြန်တွင် ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ အဆိုပါနိုင်ငံ၏ အဆာဟိရှင်ဘန်း သတင်းစာကိုလည်း လေ့လာခဲ့သည်။
ဂျပန်မှအပြန် ဦးစောသည် “ကိုယ်တွေ့ဂျပန်ပြည်”စာအုပ်ကိုရေးကာ သူရိယမှ ထုတ်ဝေခဲ့သည်။ ထို့နောက်သူရိယ သတင်းစာရှယ်ယာများ ထပ်မံဝယ်ယူပြီး ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
 
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် သြဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၄င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။
 
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၈၃ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။