ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
||
စာကြောင်း ၁ -
[[File:Columbia Supercomputer - NASA Advanced Supercomputing Facility.jpg|right|thumb|[[နာဆာ]]မှ ကိုလံဘီယာ စူပါကွန်ပျူတာ]]
'''ကွန်ပျူတာ'''ဆိုသည်မှာ ထည့်သွင်းထားသော [[ကွန်ပျူတာ ပရိုဂရမ်|ပရိုဂရမ်]] သို့မဟုတ် အစီစဉ်တကျ ညွှန်ကြားချက်များအတိုင်း [[အချက်အလက်]] များကို စီမံခန့်ခွဲပေးသော ကိရိယာဖြစ်သည်။ ကွန်ပျူတာများသည် ညွှန်ကြားချက်များပေါ် မူတည်၍ [[ဂဏန်းသင်္ချာ]]နှင့်[[ယုတ္တိ]] ဆိုင်ရာတွက်ချက်မှုများကို အစီအစဉ်တကျ အလိုအလျောက် စွမ်းဆောင်နိုင်သည်။ ကွန်ပျူတာတစ်ခုတွင် အခြေခံအားဖြင့် အချက်အလက်များကို သိမ်းဆည်းရန် မှတ်ဉာဏ်၊ [[ဂဏန်းသင်္ချာ]]နှင့် [[ယုတ္တိ]]ဆိုင်ရာ တွက်ချက်မှုများ ပြုလုပ်သော အစိတ်အပိုင်းတစ်ခုနှင့် ထိုသို့တွက်ချက်မှုများကို မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားသော ညွှန်ကြားချက်များအတိုင်း စီစဉ်ကွပ်ကဲပေးသော အစိတ်အပိုင်းတစ်ခု ပါဝင်သည်။ ကွန်ပျူတာတွင်းသို့ အချက်အလက်များ ထည့်သွင်းရန်နှင့် ကွန်ပျူတာမှ တွက်ချက်ပေးလိုက်သောအချက်အလက်များကို သိမ်းဆည်းရန် ကွန်ပျူတာအရံပစ္စည်းများကို အသုံးပြုသည်။ ကွန်ပျူတာ၏ အတွက်အချက် အစိတ်အပိုင်းသည် အချက်အလက်များကို ဖတ်ယူ၊ တွက်ချက်၊ သိမ်းဆည်းရန် ညွှန်ကြားချက်များကို အစီစဉ်တကျ တစ်ခုပြီးတစ်ခု ဆောင်ရွက်သည်။ အခြေအနေထိန်း ညွှန်ကြားချက်များက ထိုညွှန်ကြားချက်များ၏ ဆောင်ရွက်ပုံ အစီအစဉ်ကို ပြောင်းလဲနိုင်သည်။<p>ပထမဆုံးသော အီလက်ထရောနစ် ကွန်ပျူတာများသည် ၂၀ ရာစု အလယ်ပိုင်းက စတင်ပေါ်ထွန်းခဲ့သည်။ ထိုရှေးဦးကွန်ပျူတာများမှာ အခန်းတစ်ခန်းစာမျှ ကြီးမားပြီး ခေတ်ပေါ်[[ပီစီ]] (တကိုယ်ရေ ကွန်ပျူတာ) ရာပေါင်းများစွာနှင့် ညီမျှသောစွမ်းအားကို သုံးစွဲခဲ့သည်။ ယနေ့ခေတ်ပေါ် ကွန်ပျူတာများမှာမူ ထိုရှေးဦး ကွန်ပျူတာများနှင့် နှိုင်းယှဉ်ပါက အဆ သန်းပေါင်းများစွာ ပို၍ တွက်ချက်စွမ်းဆောင်နိုင်သည့်အပြင် အရွယ်အစား ပမာဏလည်း အဆပေါင်းများစွာ သေးငယ်လှသည်။ အချို့ ကွန်ပျူတာများသည် အိတ်ဆောင် သယ်ယူသွားနိုင်လောက်အောက် သေးငယ်ပြီး အားဖြည့်သွင်းရာ၌လည်း ဓာတ်ခဲအသေးစားများကိုပင် အသုံးပြုနိုင်သည်။ နည်းပညာခေတ်၏ ပြယုဂ်များပင်ဖြစ်သည့်
== သမိုင်း ==
|