ရွှေမော်ဓောဘုရား(ပဲခူး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာကြောင်း ၂၄ -
== မူရင်းဘုရားသမိုင်း ==
[[File:Shwemawdaw Pagoda in 1799.gif|thumb|၁၇၉၉ ခုနှစ်က ရွှေမော်ဓောဘုရား]]
[[ရွှေတိဂုံစေတီတော်]]သမိုင်းနှင့် ဆင်ဆင်တူသည်။ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း အများအားဖြင့် [[ဘိုးတော်ဘုရား]]လက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁ရရာစု၁၇ရာစု) ကို အခြေခံထားပါသည်။ ကုန်သည်ညီနောင်နှစ်ဦးသည် မဟာသလနှင့် စူဠသလ (Maha-sala and Cula-sala)ဟု ဖော်ပြထားသည်။
 
မူရင်း သမိုင်းရာဇဝင်( Foundation myth)မှာ ဟင်္သာကုန်းဘက်ကိုထိုးဆင်းသွားသော အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့သည့် [[မွန်]]နှင့် [[ပါဠိ]] [[ကျောက်စာ]]တွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် ၁၅ ရာစုက တစ်ချိန်တည်းရေးထိုးခဲ့ပါသည်။ Donald M. Stadtner မှ သူ့၏စာတမ်းတွင် ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါသည်။ မွန်ကျောက်စာမှာ ဂဝမ္ပတိက [[ကုသိနာရုံ]](Kusinagara)မှ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါသည်။ ထို အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပြီး သထုံဘုရင်သည် ထိုအံတော်များဖြင့် ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့သည်။ နောက်ပိုင်းမှာ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ တည်ထားကိုးကွယ်ကြသည်ဟု မွန် နှင့် ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါသည်။ ထို ၃၃ ဆူထဲမှ တစ်ဆူသည် Madhavaဟု ပါဠိကျောက်စာမှာ ဖော်ပြထားပါသည်။ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရသည်။ နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြသည်။ ထိုမှတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာမှ ရွှေမောဓေါလို့ အမည်တွင်လာခဲ့သည်။
 
[[File:Shwemawdaw-pagoda-500.jpg|thumb|left|150px|၁၉၃၀ ခုနှစ် မှ ရွှေမော်ဓော စေတီတော်]]