ဒုက္ကရစရိယာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
||
စာကြောင်း ၂၀ -
ဒုက္ကရစရိယာ ဟူသော ဝေါဟာရသည် မျက်မှောက်ခေတ်ကာလတွင် ဗုဒ္ဓဝင် ကျမ်းအစောင်စောင်တို့၏ ရေးသားထားချက်ကြောင့် အသုံးတွင်ကာ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကမူ ဤအသုံးအနှုန်းကို တွင်ကျယ်စွာ သုံးစွဲထားကြောင်း မတွေ့ရပေ။
ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို
အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင်၎င်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင်၎င်း သုံးစွဲရေးသားထားတော် မူပါသည်။ မြန်မာစာဖတ်ပရိသတ်တို့အဖို့ မြန်မာစကားပြေ ဗုဒ္ဓဝင်ကျမ်းတို့၌ သုံးစွဲနေကျဖြစ်သော ဒုက္ကရစရိယ ဝေါဟာရကို ဖတ်ရှုကြရသည့်နည်းတူ ပဓာနစရိယ ဟူသော ဝေါဟာရကိုလည်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသောအခါ ရတနာသုတ် ပရိတ်တော်တွင် ပစ္ဆိမ ဘဝေဂဗ္တဝေါက္ကန္တိ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဟု ရွတ်ဖတ်တော် မူကြရပါမည်။
စာကြောင်း ၃၂ -
ကျမ်းကိုး ။ ဦးရွှေအောင်( ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း ) ၊ What the buddha taugh… by Dr. R. Rahula ၊ အရှင်ဇနကာဘိဝံသ ၊ အရှင်ဉာဏိသာရ တို့၏ ဓမ္မစကြာဆိုင်ရာတရားများ ၊ လယ်တီ ဆရာတော် ၊ မဟာစည် ဆရာတော် ၊ ဖားအောက် ဆရာတော်တို့၏ ဓမ္မစကြာတရားများ စသည် တို့မှ ထုတ်နှုတ်လိုက်ပါတယ် ။ ပလန်းနက်မှာ Kalmond ရေးပေးတာတွေလဲ ပါနေပါလိမ့်မယ်။ ဗုဒ္ဓဝါဒ ပေါ်ထွန်းမှု နဲ့ အတွေးအခေါ်ဆိုင်ရာစာတမ်းတွေမှာလဲ ဒီကျင့်စဉ်အကြောင်းပါပါတယ်။
ဝေဒခေတ်ကောင်းစဉ်က ဗြာဟ္မဏတို့သည်
ဗြဟ္မာဏတို့သည် ထိုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သည့် ဘဝလွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးတို့ကိုလက်ဝါးကြီးအုပ်ထားခဲ့ကြရာ ယဇ်ပူဇော်မှုတွင် မပါမဖြစ် အရာရောက်သူများ ဖြစ်လာခဲ့ကြတယ်။ ယဇ်ပူဇော်ပွဲတစ်ခုကိုစနစ်တကျ စီမံဆောင်ရွက်ရန်အတွက် ဝေဒပညာရှင် ဗြာဟ္မဏတစ်ဦးကို ငှားရမ်းပင့်ဖိတ်သည်ဆိုပါက ငွေကြေအတော်အတန် ကုန်ကျပေလိမ့်မည်။ သာမန်လူတို့ မတတ်နိုင်တော့သည့် အနေအထား ဖြစ်လာတယ်။
အမျိုးဇာတ်ခွဲခြားမှုကိုအကြောင်းပြု၍ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတယ်။ ဒီအခါ ဘဝလွတ်မြောက်ရေးကို အလိုရှိကြသူတို့က အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာလျက် ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တစ်ကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့်
ဘုရားလောင်းဆိုတာ ဒီဒုက္ကရစရိယာကျင့်စဉ် တွေ အားလုံးကို လိုက်ကျင့်ရမယ့် တာဝန်ရှိတယ်။ ဘာကြောင့် ဆိုရင် (၂)ချက်ရှိပါတယ်။
(၁) ချမ်းသာစစ် နိဗ္ဗာန်ကို ဒီကျင့်စဉ်တွေနဲ့ မရကြောင်း သက်သေပြဖို့ အကုန်ကျင့်ပြရတယ်။ နောင်တချိန်မှာ ဒီကျင့်စဉ်သမားတွေက ပြောလာမယ်။ ငါတို့ ကျင့်စဉ်ကလဲ နိဗ္ဗာန်ကို ရတာပါပဲကွာ ၊ ငါတို့ အခုရနေပြီးပဲ ၊ ဂေါတမ က ငါတို့ ကျင့်စဉ်ကို မှ စောစောစီးစီး မကျင့်တာ လို့ ပြောလာမှာဆိုးလို့။ အကုန်ကျင့်ရတယ်။ အချိန်ကြာတာ၊ ကျင့်စဉ်ပိုများရတာ ၊ ပိုပင်ပန်းရတာ တွေကတော့ အဲဒီ ဘုရားလောင်းရဲ့ ပြန်ပေးဆပ်ရမယ့် ဝဋ်ပေါ်မူတည်တယ်။
|