ဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၇ -
[[File:Ballard Farmers' Market - vegetables.jpg|thumb|250px|ဘောဂဗေဒ ပညာရှင်များသည် ရိုးရာ ဈေးအတွင်း ဖြစ်ပွားနေသော ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် စားသုံးမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လေ့လာကြသည်။ |alt=ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းသူ တစ်ဦး]]
[[File:Sao Paulo Stock Exchange.jpg|thumb|250px|ဈေးကွက် အတု အတွင်းတွင် ဝယ်သူနှင့် ရောင်းသူများ မရှိကြဘဲ ကြားခံတစ်ဦးထံမှ သို့မဟုတ် အီလက်ထရွန်းနစ် သတင်းအချက်အလက်များပေါ်တွင် မူတည်၍ အရောင်းအဝယ် ပြုလုပ်ကြသည်။ ပုံ ၊ ဆောပိုလို စတော့အိတ်ချိန်း ဘရာဇီး|alt=လူနှစ်ဦးမှ ကွန်ပျူတာရှေ့တွင် ငွေကြေး အချက်အလက်များနှင့် အတူ ထိုင်နေသည်။ ]]
 
မိုက်ခရိုဘောဂဗေဒသည် စျေးကွက်ပုံစံ ကိုဖြစ်ပေါ်စေသော လူများနှင့် အဖွဲ့အစည်းများမှ ဈေးကွက်အတွင်း ဈေးကွက်စနစ်ကို မည်သို့မည်ပုံ ဖော်ဆောင်သည်ကို ဆန်းစစ်သော ပညာရပ် ဖြစ်သည်။ ထိုလူများနှင့် အဖွဲ့အစည်းများတွင် ပုဂ္ဂလိက နှင့် အစိုးရ အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရှားပါးသော ကုန်သွယ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသူများ ပါဝင်သည်။ ၎င်းတို့ ရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများတွင် ပန်းသီးကဲ့သို့သော ကုန်စည်များပါဝင်သကဲ့သို့ စက်ပြင်ခြင်း၊ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဖျော်ဖြေခြင်း အစရှိသော ဝန်ဆောင်မှုများလည်း ပါဝင်သည်။
 
သီအိုရီအရ လွတ်လပ်သောဈေးကွက်တွင် ဝယ်သူများမှလိုအပ်သော ဝယ်လိုအား နှင့် ရောင်းသူများမှ ရောင်းချလိုသော ရောင်းလိုအားတို့ သည် နောက်ဆုံးတွင် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းတွင် ဆုံတွေ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အမျိုးမျိုးသော ပြဿနာများကြောင့် အားမျှဈေးနှုန်းသို့ မရောက်ရှိနိုင်ပေ။ အားမျှဈေးနှုန်းသို့ ရောက်ရှိသည့်တိုင်အောင်ပင် လူသားဆန်သော ညီမျှမှု မဖြစ်ပေါ်နိုင်ပေ။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရောင်းလိုအားသည် ပြင်ပအခြေအနေများကြောင့် အကန့်အသတ် ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းအား တကယ်လိုအပ်သော်လည်း မတတ်နိုင်သော သူများမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
 
ဈေးကွက်ပုံစံ အမျိုးမျိုး ရှိသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မိမိလိုချင်သော ဈေးအတိုင်းရောင်းနိုင်သည့် ဈေးကွက်အင်အား မရှိပေ။ အခြားတနည်းပြောရမည် ဆိုပါက အားလုံးသည် ပေါက်ဈေးအတိုင်းရောင်းဝယ်ကြရပြီး မည်သူကမျှ ပစ္စည်း၏ ဈေးနှုန်းကို မလွှမ်းမိုးနိုင်ပေ။ ပြင်ပလောကတွင်မူ ဈေးကွက်သည် မကြာခဏဆိုသလိုပင် အပြည့်အဝ မဟုတ်သော ပြိုင်ဆိုင်မှုများ ကြုံတွေ့ကြရသည်။
 
ပုံစံအမျိုးမျိုးတွင် မိုနိုပိုလီ ဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ တစ်ဦးတည်းသာ ရှိခြင်း ၊ ဒျူရိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ ၂ ဦးသာ ရှိခြင်း၊ အိုလီဂိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ အနည်းငယ်သာ ရှိခြင်း မိုနိုပိုလစ်စတစ် ပြိုင်ဆိုင်မှု ဟုခေါ်သော ရောင်းချသူ အများအပြားရှိသော်လည်း အလွန်ကွဲပြားသော ကုန်ပစ္စည်းများကို ရောင်းချကြခြင်း၊ မိုနော့ဆိုနီ ဟုခေါ်သော ဝယ်သူ တစ်ဦးတည်းသာ ရှိခြင်း၊ အိုလီဂေါ့ဆိုလီ ဟုခေါ်သော ဝယ်သူ အနည်းငယ်သာ ရှိခြင်း တို့ ဖြစ်ကြသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုနှင့် ကွဲပြားခြားနာစွာပင် မပြည့်ဝသော ပြိုင်ဆိုင်မှုတွင် ဈေးကွက်အင်အားသည် မညီမျှစွာ တည်ရှိသည်။ အပြည့်အဝပြိုင်ဆိုင်မှု မရှိသော ဈေးကွက်အတိုင်းရှိ ကုမ္ပဏီများသည် ဈေးကို လိုသလို တောင်းနိုင်ကြပြီး ဈေးကွက်အတွင်း မညီမျှသော ဝေစုများစွာကို ကိုင်ဆုပ်ထားနိုင်သော အင်အားရှိပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွှမ်းမိုးနိုင်ကြသည်။
 
== မက်ကရိုဘောဂဗေဒ ==