ဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၀ -
မိုက်ခရိုဘောဂဗေဒသည် စျေးကွက်ပုံစံ ကိုဖြစ်ပေါ်စေသော လူများနှင့် အဖွဲ့အစည်းများမှ ဈေးကွက်အတွင်း ဈေးကွက်စနစ်ကို မည်သို့မည်ပုံ ဖော်ဆောင်သည်ကို ဆန်းစစ်သော ပညာရပ် ဖြစ်သည်။ ထိုလူများနှင့် အဖွဲ့အစည်းများတွင် ပုဂ္ဂလိက နှင့် အစိုးရ အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရှားပါးသော ကုန်သွယ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသူများ ပါဝင်သည်။ ၎င်းတို့ ရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများတွင် ပန်းသီးကဲ့သို့သော ကုန်စည်များပါဝင်သကဲ့သို့ စက်ပြင်ခြင်း၊ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဖျော်ဖြေခြင်း အစရှိသော ဝန်ဆောင်မှုများလည်း ပါဝင်သည်။
 
သီအိုရီအရ လွတ်လပ်သောဈေးကွက်တွင်လွတ်လပ်ဈေးကွက်တွင် ဝယ်သူများမှလိုအပ်သော ဝယ်လိုအား နှင့် ရောင်းသူများမှ ရောင်းချလိုသော ရောင်းလိုအားတို့ သည် နောက်ဆုံးတွင် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းတွင် ဆုံတွေ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အမျိုးမျိုးသော ပြဿနာများကြောင့် အားမျှဈေးနှုန်းသို့ မရောက်ရှိနိုင်ပေ။ အားမျှဈေးနှုန်းသို့ ရောက်ရှိသည့်တိုင်အောင်ပင် လူသားဆန်သော ညီမျှမှု မဖြစ်ပေါ်နိုင်ပေ။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရောင်းလိုအားသည် ပြင်ပအခြေအနေများကြောင့် အကန့်အသတ် ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းအား တကယ်လိုအပ်သော်လည်း မတတ်နိုင်သော သူများမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
 
ဈေးကွက်ပုံစံ အမျိုးမျိုး ရှိသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မိမိလိုချင်သော ဈေးအတိုင်းရောင်းနိုင်သည့် ဈေးကွက်အင်အား မရှိပေ။ အခြားတနည်းပြောရမည် ဆိုပါက အားလုံးသည် ပေါက်ဈေးအတိုင်းရောင်းဝယ်ကြရပြီး မည်သူကမျှ ပစ္စည်း၏ ဈေးနှုန်းကို မလွှမ်းမိုးနိုင်ပေ။ ပြင်ပလောကတွင်မူ ဈေးကွက်သည် မကြာခဏဆိုသလိုပင် အပြည့်အဝ မဟုတ်သော ပြိုင်ဆိုင်မှုများ ကြုံတွေ့ကြရသည်။
 
ပုံစံအမျိုးမျိုးတွင် မိုနိုပိုလီ ဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ တစ်ဦးတည်းသာ ရှိခြင်း ၊ ဒျူရိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ ၂ ဦးသာ ရှိခြင်း၊ အိုလီဂိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ အနည်းငယ်သာ ရှိခြင်း မိုနိုပိုလစ်စတစ် ပြိုင်ဆိုင်မှု ဟုခေါ်သော ရောင်းချသူ အများအပြားရှိသော်လည်း အလွန်ကွဲပြားသော ကုန်ပစ္စည်းများကို ရောင်းချကြခြင်း၊ မိုနော့ဆိုနီ ဟုခေါ်သော ဝယ်သူ တစ်ဦးတည်းသာ ရှိခြင်း၊ အိုလီဂေါ့ဆိုလီ ဟုခေါ်သော ဝယ်သူ အနည်းငယ်သာ ရှိခြင်း တို့ ဖြစ်ကြသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုနှင့် ကွဲပြားခြားနာစွာပင် မပြည့်ဝသော ပြိုင်ဆိုင်မှုတွင် ဈေးကွက်အင်အားသည် မညီမျှစွာ တည်ရှိသည်။ အပြည့်အဝပြိုင်ဆိုင်မှု မရှိသော ဈေးကွက်အတိုင်းရှိ ကုမ္ပဏီများသည် ဈေးကို လိုသလို တောင်းနိုင်ကြပြီး ဈေးကွက်အတွင်း မညီမျှသော ဝေစုများစွာကို ကိုင်ဆုပ်ထားနိုင်သော အင်အားရှိပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွှမ်းမိုးနိုင်ကြသည်။
 
မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်တစ်ခုချင်းစီကို သီးခြားလေ့လာပြီး ဈေးကွက်အတွင်းရှိ ပြုမူဆောင်ရွက်မှု တစ်ခုသည် အခြားဈေးကွက်များကို သက်ရောက်မှုမရှိဟု ယူဆခြင်းအားဖြင့် စီးပွားရေးစနစ်ကို လေ့လာရာတွင် လွယ်ကူအောင် မှတ်ယူထားသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာသော နည်းလမ်းကို တစိတ်တပိုင်း အားမျှဈေးနှုန်း ခွဲခြမ်းစိတ်ဖြာခြင်း ဟု ခေါ်သည်။ ထိုနည်းလမ်းမှ ဈေးကွက်တစ်ခုတည်း အတွင်းမှ ပြုမူဆောင်ရွက်မှုများကိုသာ ပေါင်းစပ်လေ့လာသည်။ ယေဘုယျ အားမျှဈေးနှုန်း သီအိုရီသည် ဈေးကွက် အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်ပြုမူပုံကို လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်အားလုံးရှိ ပြုမူဆောင်ရွက်မှု အားလုံးကို ပေါင်းစပ်လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်ပြောင်းလဲခြင်းနှင့် ၎င်းတို့အချင်းချင်း ဆက်စပ်ခြင်းကြောင့် အားမျှဈေးနှုန်းသို့ ဦးတည်သွားခြင်းကို လေ့လာသည်။
 
== မက်ကရိုဘောဂဗေဒ ==