မောင်စူးစမ်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး The file Image:Susan.jpg has been removed, as it has been deleted by commons:User:Bdk: ''Copyright violation''. ''Translate me!''
စာကြောင်း ၁၈ -
= မောင်စူးစမ်း =
 
[[image:susan.jpg|thumb]]အဖ ဦးလှိုင်၊ အမိ ဒေါ်စိန် တို့မှ ၁၉၂၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ငယ်နာမည် ဦးတင်ရွှေ၊ ကလောင် နာမည် မောင်စူးစမ်း၊ တောတွင်း နာမည် ဦးထွန်းဖေ (ခေါ်) ဦးချမ်းအေးသည် ကန်တော်ကလေး မြူကျောင်း၊ ဗဟို အစိုးရ အထက်တန်းကျောင်း (အထက ၁၊ လသာ) တို့တွင် စစ်မဖြစ်မီက ပညာ သင်ကြားခဲ့၍ ၁၉၄၁ ခုနှစ်တွင် ၈ တန်း အောင်မြင် ခဲ့သည်။ ၁၉၃၈ - ၃၉ ခုနှစ်၊ ကျောင်းသား သပိတ်နှင့် အစာငတ်ခံ တိုက်ပွဲများတွင် တန်းမြင့် ကျောင်းသား ခေါင်းဆောင်၊ ၁၉၄၃ ခုနှစ်တွင် မင်္ဂလာဒုံ မူလတန်း စစ်တက္ကသိုလ် (ယောနင်း) အပတ်စဉ် (၁) သို့ တက်ရောက် ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဖက်ဆစ် တော်လှန်ရေးတွင် သာယာဝတီ၊ ဥက္ကံနှင့် ပဲခူး ခရိုင် တို့တွင် ပြောက်ကျား ခေါင်းဆောင်၊ ၁၉၄၅ - ၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည်။
 
၁၉၄၆ - ၄၇ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား၊ ဗကသ တွဲဖက် အတွင်းရေးမှူး၊ အထွေထွေ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ၁၉၄၉ ခုနှစ်တွင် ဝိဇ္ဇာ (ခ) ဘောဂဗေဒ ဂုဏ်ထူးတန်း တက်နေစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တောခိုရာသို့ လိုက်ပါ သွားခဲ့သည်။