အာခီမီးဒီးစ်၏ ဥပဒေသ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပုံသေနည်း
အရေးမကြီး →‎ပုံသေနည်း
စာကြောင်း ၈ -
ကုဗတုံးတစ်တုံးသည် အရည်ထဲတွင် နစ်မြုပ်နေသည်ဟု ယူဆထားပါ။ ၎င်း၏ အနားများသည်လည်း ကမ္ဘာမြေထု၏ ဆွဲအား (gravity) နှင့် အပြိုင်ပုံစံ ရှိနေသည်ဟု ယူဆပါ။ အရည်သည် ထိပ်ဘက်နှင့် အောက်ခြေဘက်များကို သက်ရောက်ပြီး ဖော့ဂုဏ်(ရေတွင်ပေါ်စေနိုင်သည့် သတ္တိ) ကို ဖြစ်စေသည်။ မျက်နှာပြင် တစ်ခုချင်းစီသို့ သက်ရောက်နေသော အားများ၊ ဖိအားများသည် အထက်မျက်နှာပြင်နှင့် အောက်မျက်နှာပြင်များ အကြားတွင် မတူညီကြပေ။ ထို အားနှင့် ဖိအားတို့သည် အမြင့် (အနက် မဟုတ်ပါ) နှင့် တိုက်ရိုက်အချိုးကျသည်။ ဖိအားခြားနားမှုနှင့် မျက်နှာပြင်တို့၏ ဧရိယာတို့ကို မြှောက်ပါက ကုဗတုံးပေါ်သက်ရောက်နေသည့် စုစုပေါင်းအားကို ရသည်။ စုစုပေါင်းအားသည် ဖော့ဂုဏ်အား သို့မဟုတ် အစားထိုးခံရသည့် အရည်၏ အလေးချိန် ဖြစ်သည်။ ဤအကြောင်းပြချက်တို့ကို ပုံမှန်ပုံသဏ္ဌာန်မရှိသည့် အရာတို့ဖြင့် စမ်းသပ်ပါကလည်း မည်သည့်ပုံသဏ္ဌာန်ရှိနေစေကာမူ ဖော့ဂုဏ်အား (buoyant force) သည် အစားထိုးခံလိုက်ရသည့် အရည်၏ အလေးချိန်နှင့် ညီမျှသည်။
:<math>\text{apparent loss in weight of water} = \text{weight of object in air} - \text{weight of object in water}\,</math>
 
:<math>\text{မြင်သာသည့်ရေ၏ဆုံးရှုံးသွားသည့်အလေးချိန်} = \text{လေထဲတွင်ရှိသည့် အရာဝတ္ထု၏ အလေးချိန်} - \text{ရေထဲတွင်ရှိသည့် အရာဝတ္ထု၏ အလေးချိန်}\,</math>
အစားထိုးခံလိုက်ရသည့် အရည်၏ အလေးချိန်သည် အစားထိုးခံလိုက်ရသည့် အရည်၏ ထုထည်နှင့် တိုက်ရိုက် အချိုးကျ၏ (ပတ်ပတ်လည်ရှိ အရည်သည် တူညီသော သိပ်သည်းဆ ရှိလျှင် ဖြစ်၏)။ အရည်ထဲတွင် အရာဝတ္ထုသည် အလေးချိန်သည် လျော့ကျ၏။ ထိုသို့လျော့ရခြင်းမှာ အရာဝတ္ထုသို့ သက်ရောက်နေသည့် အားကြောင့် ဖြစ်သည်။ ၎င်းအားကို upthrust ဟု ခေါ်သည်။ (ရေထဲတွင် လူတစ်ယောက် သို့မဟုတ် အရာဝတ္ထုကို မကြည့်ခြင်းဖြင့် ဤအချက်ကို သိနိုင်သည်။) ဤဥပဒေသက ဖော်ပြသည်မှာ "အရာဝတ္ထုသို့ သက်ရောက်နေသော ဖော့ဂုဏ်အားသည် ထိုအရာဝတ္ထုက အစားထိုးလိုက်သည့် အရည်၏ အလေးချိန်နှင့် ညီမျှသည်။ သို့မဟုတ် အရည်၏ သိပ်သည်းဆကို မြုပ်သွားသည့် ထုထည်နှင့် ကမ္ဘာ့မြေဆွဲအားကိန်းသေတို့ မြှောက်သည့် ရလဒ်နှင့် တူညီသည်။ ထိုကိန်းသေ၏ သင်္ကေတ ''g'' ဖြစ်သည်။ ထို့ကြောင့် ဒြပ်ထု (mass) အားဖြင့် တူညီကြသော အရည်တွင်လုံးဝနစ်မြုပ်နေကြသည့် အရာဝတ္ထုများတွင် ထုထည်ပိုမိုကြီးမားသည့် အရာဝတ္ထုက ဖော့ဂုဏ်သတ္တိ (buoyancy) ပိုမိုကြီးမားသည်။