ပင်းယခေတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး →‎မူလ အစ
စာကြောင်း ၆၀ -
== မူလ အစ ==
 
ပင်းယ မင်းနေပြည်တော်သည် မြင်စိုင်းမင်းနေပြည်တော် ၏ အဆက်ဖြစ်ပြီး ၁၂၉၈ တွင် ညီအစ်ကို<nowiki>[[ရှမ်းညီနာင်သုးဦး]]</nowiki> သုံးယောက်ဖြစ်သောဖြစ်သော Athinhkaya (အသင်္ခယာ) ၊ Yazathingyan (ရာဇသင်္ကြန်) နှင့် Thihathu (သီဟသူ) တို့မှ တည်ထောင်ခဲ့သည်။ (စစ်ကိုင်း နေပြည်တော်မှ ၁၃၁၅ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်း မဟုတ်ပေ၊ မြင်စိုင်းမင်းနေပြည်တော် ဟူ၍ပင် ခေါ်ဆိုနေဆဲဖြစ်သည်။) ၁၃၁၂ ခုနှစ်တွင် နောင်တော် အလတ်သည် သဘာဝ အလျောက် ကွယ်လွန်ပြီးနောက်တွင် အငယ်ဆုံးညီတော်ဖြစ်သော Thihathu (သီဟ သူ) သည် သူ၏ ဩဇာအာဏာကို ခိုင်မြဲအောင်လုပ်သည့် အနေဖြင့် အစ်ကိုအကြီးဆုံးကို အဆိပ်ခတ် သတ်ပြီး ထီးနန်းကို သိမ်းယူခဲ့သည်။ Thihathu (သီဟသူ) သည် အစဦးတွင် သူ၏မြို့တော် အား ပင်လယ်အရပ်မှ ပို၍ အချက်အချာကျသော ကျောက်ဆည် စပါးကျီနှင့်နီးသည့် ဧရာဝတီ အရပ်သို့ ပြောင်းရွှေ့ရန်ကြံစည်ခဲ့သည်။ (ထိုအချိန်မှ စ၍ မွန်ဂိုကျူးကျော်မှု မတိုင်မီ လူဦးရေ ၅၀၀၀၀ ခန့် ရှိခဲ့ သော ပုဂံသည် အလွန်အမင်း တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။) Thihathu (သီဟသူ) သည် နောင်အခါ အင်းဝ နေပြည်တော်ဖြစ်လာမည့် [[ဧရာဝတီမြစ်|ဧရာဝတီ]]နှင့် မြစ်ငယ် မြစ်တို့အနီးရှိ ကျောက်ဆည်အရပ် အနီးတစ်ဝိုက်ကို မင်းနေပြည်တော် တည်ထောင်ရန် ရွေးချယ်ခဲ့သည်။ သို့သော် နန်းတွင်း ဗေဒင် နက္ခတ် ကျွမ်းကျင်သူများက ထိုအရပ်သည် မကောင်းသော နိမိတ်ဖြစ်သည်ဟု အကြံပေးကြသည်။ ထို့ကြောင့် Thiha thu (သီဟသူ) သည် ၎င်းအစား ပင်းယနေပြည်တော် အား (ယနေ့ခေတ် [[မန္တလေးမြို ၏ မြောက်ဘက်) [[ဧရာဝတီမြစ်]]အနီးတွင် ရွေးချယ်ခဲ့သည်။
Thihathu (သီဟသူ) သည် ရှေးခေတ် ပုဂံဘုရင်များ၏ ထုံးတမ်းစဉ်လာနှင့် ဘွဲ့များကိုခံယူခဲ့သည်။ သူ၏နန်းတက်ပွဲတွင် Anawrahta (အနော်ရထာ) (၁၀၄၄ - ၁၀၇၇) ဘုရင် လက်ထက် ကတည်းက မင်းမိဖုရား တော်ဝင် မိသားစုများအတွင်း လက်ဆင့်ကမ်းလာခဲ့သော ရွှေစလွယ်နှင့် ရွှေလင်ဗန်းအား Narathiha pate (နရသီဟပတေ့) ဘုရင် (နောက်ဆုံး ပုဂံမင်းဆက်) ၏ မိဖုရားဖြစ်သော ကွယ်လွန်သူ ခင်ပွန်း၏ ဘွဲ့ထူးဂုဏ်ထူးကို ဆက်ခံသည့် မိဖုရား Saw (စော) မှ Thihathu (သီဟသူ) ကို ပေးအပ်တော်မူခဲ့သည်။ Thihathu (သီဟသူ) သည် ယခုအခါတွင် မိမိသည် ပုဂံမင်းဆက်၏ အရိုက်အရာကို ဆက်ခံသူအဖြစ် တရားဝင် ယူဆခဲ့သည်။ သို့ဖြစ်၍ သူသည် ၁၃၁၅ တွင် နတ်ရွာစံတော်မူပြီးဖြစ်သော ဘုရင် Kyawswa(ကျော်စွာ)နှင့်MiSawU(မိစောဥ)တို့၏သားတော်တစ်ပါးဖြစ်သော Uzana I (ဥဇန ၁) မင်းသားအား အိမ်ရှေ့စံမင်းသား အရိုက်အရာ ခန့်အပ်ခဲ့သည်။ (၁၂၉၈ တွင် Thihathu (သီဟသူ) သည် မိဖုရား Mi Saw U (မိစောဥ) အားသိမ်းယူစဉ် သူမတွင် Uzana (ဥဇန) ၏ ကိုယ်ဝန် ရှိနေခဲ့ပြီး ၁၂၉၉ တွင် Uzana (ဥဇန) အားဖွားမြင်ခဲ့သည်။ Thihathu (သီဟသူ)သည် Uzana (ဥဇန) အားသူ၏ သားအရင်းအဖြစ် မွေးစားခဲ့သည်။)