ညောင်ဦး စောရဟန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
==ပါးစပ်ရာဇဝင်လာ ညောင်ဦးစောရဟန်း (တောင်သူကြီးမင်း)==
အခါတစ်ပါးက ရှင်ဘုရင်တစ်ဦးသည် တောလည်ထွက်ရာမှ မျက်စေ့လည်လမ်းမှားလျက် တောင်သူကြီးတစ်ဦး၏ ယာခင်းအနီးရောက်သွားခဲ့သည်။ အဆိုပါဘုရင်သည် ဆာလောင်မွတ်သိပ်နေပြီး ရေငတ်လှသည်ဖြစ်ရာ တောင်ယာခင်းရှိ သခွားသီးများအား ပိုင်ရှင်နှစ်လိုမှုရှိမရှိ ဆင်ခြင်စဉ်းစားမနေပဲ ဆွတ်ယူစားသုံးမိသည်။ ထိုအခြင်းအရာကို ယာခင်းရှင် တောင်သူကြီးမြင်လေသော်လွန်စွာအမျက်ထွက်လျက်တောင်သူကြီးမြင်လေသော် ဘုရင်အားမှားယွင်းသတ်မိသည်။လွန်စွာအမျက်ထွက်လျက် တူရွင်းရိုးဖြင့် ရိုက်လိုက်ရာ ချက်ကောင်းထိကာ ဘုရင်ကံကုန်လေ၏။ မူးမတ်တို့ရောက်လာပြီးအကြောင်းစုံသိလတ်သော် ဘုရင်ကိုသတ်သူသည် ဘုရင်လုပ်ရမည်ဟုဝိုင်းဝန်းအကြပ်ကိုင်ပြောဆိုကာဘုရင်လုပ်ရမည်ဟု ဝိုင်းဝန်းအကြပ်ကိုင်ပြောဆိုကာ တောင်သူကြီးအား နန်းတော်သို့ခေါ်သည်။ တောင်သူကြီးကား (ခွေးမကြီးနို့ကို ခွေးကလေးများစို့နေသလို) အစီအရီ သီးနေသော သခွါးခင်းကို စွန့်၍ မင်းမလုပ်လိုပါ ဟု အကျောက်အကန်ငြင်းဆန်သေးသော်လည်း အမတ်များကိုမလွန်ဆန်နိုင်ပဲလိုက်ပါသွားရသည်။ မူးမတ်များက တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်မည်စိုး၍ ရှင်ဘုရင်ဟောင်းလွန်လေကြောင်း မပေါက်ကြားစေပဲ ဘုရင်နာမကျမ်းဟန်ဖြင့် ဝှက်ခေါ်လာသော တောင်သူကြီးအား နန်းဓလေ့ထုံးစံ ထီးမူနန်းဟန်တို့ တစ်ပါတ်ခန့် သင်ကြားပေးပြီးမှ ညီလာခံထွက်စေသည်။ အကြောင်းရင်းမှန်ကို မသိသော နန်းတွင်းသားအချို့က တောင်သူကြီးမင်းအား စတင်တွေ့မြင်ရစဉ်တွင် (ဟင် ငါတို့ ရွှေနန်းရှင်လည်း မဟုတ်ပါလား) စသည်ဖြင့် အံ့အားသင့် ရေရွတ်မိလေရာ နန်းမဆောင်ရှိကျောက်ရုပ်ကြီးက ထိုသူတို့အားထောင်းလေသည် ဟူ၏။ ပုဂံတွင် မင်းပြုနေစဉ် တောင်သူကြီးဘဝက ဘူးခါးရေနှင့် ကြမ်းကြားလေကို မကြာမကြာတမ်းတလေ့ရှိသည်ဆို၏။
 
{{ပုဂံခေတ်}}