ဗသိန်းတင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

ဖြစ်ရပ်မှန်ထပ်မံဖြည့်စွက်ခြင်း
စာကြောင်း ၂၃ -
၁၉၄၈ ခုနှစ် မတ်လတွင် ပေါလစ်ဗျူရိုအစည်းအဝေး၌ ရဲဘော်ဘတင်ခေါ် ဂိုရှယ်နှင့် သခင်သန်းထွန်းတို့ လက်နက်ကိုင်တောခိုရေး၊ မခိုရေး သဘောကွဲလွဲရာတွင် သခင်ဗသိန်းတင်သည် သခင်သန်းထွန်းဘက်မှရပ်တည်ခဲ့သည်။
 
၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်တွင် ရန်ကုန်မဟာဗန္ဓုလပန်းခြံ၌ အခမ်းအနားတစ်ခုကို [[ဖဆပလ]]နှင့် ယှဉ်ပြိုင်ကျင်းပ၍ သခင်သန်းထွန်းက ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ကြရန် ဗြောင်သွေးထိုးပေးရုံမက "ဗားကရာချောက်" ၌ ဆိုရှယ်လစ်များ၏ သွေးအရိုးဖြင့် ပြည့်လျှံသွားစေရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့နောက် မတ်လ ၂၈ ရက်နေ့တွင် သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့သည် ရန်ကုန်မှ ဖြူးသို့ မီး ရထားစက်ခေါင်းတွင် မီးထိုးသူများအဖြစ်အယောင်ဆောင်ကာ တောခိုသွားခဲ့ကြသည်။လက်နှက်ကိုင်တော်လှန်ရန်အတွက်ပဲခူးရိုးမသို့ထွက်ခွာလာခဲ့သည်။
 
ထို့နောက် သခင်ဗသိန်းတင်သည် သူနာပြု မစိန်ဝင်းနှင့်အတူ တရုတ်ပြည်တွင်ဆေးကုရန် မြစ်ဖျားဒေသ (ကဒူးဒဏန်းဧရိယာ) ပင်လယ်ဘူး သို့ ခရီးထွက်ခဲ့သည်။ လမ်းခရီးအခြေအနေ လုံခြုံမှုမရှိသဖြင့် ပင်လယ်ဘူးနယ်တွင် သခင်ဗသိန်းတင်သည် တစ်နှစ်ခန့်သောင်တင်နေခဲ့သည်။ ၁၉၅၂ ခုနှစ် မတ်လတွင် သခင်သန်းမြိုင်၊ ဗိုလ်ဇေယျတို့အဖွဲ့ ပင်လယ်ဘူးသို့ ရောက်လာရာမှ ယင်းအဖွဲ့နှင့်အတူ သခင်ဗဟိန်းသည် တရုတ်ပြည်သို့ ခရီးဆက်နိုင်ခဲ့သည်။ တရုတ်ပြည်ရောက်သည်နှင့် သခင်ဗသိန်းတင်ကို တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပါတီထိပ်တန်းခေါင်း ဆောင်များသာ တက်ရောက်ကုသခွင့်ရှိသည့်ဆေးရုံတွင် ချောင်းဆိုးသွေးပါရောဂါကို ကုသပေးခဲ့သည်။
 
Line ၄၁ ⟶ ၄၀:
၁၉၆၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော် ဌေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့သည် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် နိုင်ဝင်ဘာလ ၁၅ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နှင့် တော်လှန်ရေးကောင်စီတို့ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲသည် သဘောထားကွဲလွဲရာမှရပ်စဲလိုက်ကြောင်း တော်လှန်ရေးကောင်စီကကြေညာခဲ့သည်။ ဆွေးနွေးပွဲပျက်ပြားသွားခဲ့သ ဖြင့် ဗကပကိုယ်စားလှယ်အဖွဲ့ဝင်များ တောတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့လေသည်။
 
ထို့နောက် ၁၉၆၈ ခုနှစ်တွင် သခင်ဗသိန်းတင်ခေါင်းဆောင်သောဗကပများသည် မြန်မာပြည်အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် အခြေစိုက် ဌာနချုပ် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်အတွင်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း လုပ်ကြံခံရ၍ သေဆုံးသွားသောကြောင့် ဗကပဥက္ကဋ္ဌအဖြစ် သခင်ဇင်နှင့် အတွင်းရေးမှူးအဖြစ် သခင်ချစ်တို့ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပဲခူးရိုးမတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဗကပဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့ သေဆုံးသွားခဲ့ရာ အဝေးရောက်ဗဟိုကော်မတီအစား ဗဟိုကော်မတီအသစ်ကို အရှေ့မြောက်နယ်စပ်၌ ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသစ် တွင် သခင်ဗသိန်းတင်သည် ပါတီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် သခင်ဗသိန်းတင်နှင့် သမ္မတ ဦးစန်းယု ခေါင်းဆောင်သောဗိုလ်ချုပ်အေးကိုခေါင်းဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ရှိ ဗကပလွတ်မြောက်နယ်မြေကို အစိုးရက အသိအမှတ်ပြုရမည်၊ ဗကပတို့၏ တပ်မတော်တည်ရှိမှုကို အသိအမှတ်ပြုရ မည်ဟူသော အချက်တို့နှင့်ပတ်သက်၍ သဘောကွဲလွဲကာ ဆွေးနွေးပွဲပျက်ခဲ့ရပြန်သည်။
 
၁၉၈၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ပါတီ၏တတိယအကြိမ်ကွန်ဂရက်ကို အရှေ့မြောက်ဒေသ ပန် ဆန်းတွင် ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်၍ ခမ်းနားစွာကျင်းပခဲ့သည်။ ထို့နောက် တတိယပါတီကွန်ဂရက်က တင်မြှောက်လိုက်သော အရန်ဗဟိုကော်မတီဝင်နှင့် "ဝ" မြောက်ခရိုင် တပ်မဟာ (၁၂) တပ်မှူး ရဲ ဘော်ကျောက်ညီလိုင်နှင့် အလယ်ပိုင်းဗျူရို ဒုတပ်ရင်းမှူး ရဲဘော်ပေါက်ယူချန်ဦးစီးသည့် "ဝ" မြောက်ပိုင်းခရိုင် ခွင်ဖားမြို့နယ်တပ်နှင့် အခြား မြို့နယ်တို့မှ ပုန်ကန်တပ်များက ပန်ဆန်းမှ "ဝ" တပ်မှူးတပ်သားများဆက်သွယ်ကာ ပန်ဆန်းရှိ ဗကပဗဟိုကို ၁၉ ၈၉ ခုနှစ် ဧပြီလ ၁၇ရက်နေ့၌အာဏာသိမ်းပိုက်လိုက်ကြသည်။သခင်ဗသိန်းတင်မှာထိုကဲ့သို့'၀'တို့အာဏာသိမ်းမည့်အစီအစဉ်ကိုထိုနေ့မတိုင်မီညကတည်းကသိရှိထားပါသည်၊၊သို့သော်လည်းအကြောင်းအမျိုးတို့ကြောင့်လက်လျှော့ခဲ့