မိုဟန်ဂျိုဒါရို: တည်းဖြတ်မှု မူကွဲများ

"{{Infobox ကမ္ဘာ့အမွေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၆:၃၅၊ ၁၉ နိုဝင်ဘာ ၂၀၁၇ ရက်နေ့က မူ

မိုဟန်ဂျိုဒါရို (ဆင်ဒီ ဘာသာဖြင့် "လူသေတို့၏ မြေပုံ" ဟု အဓိပ္ပာယ်ရသည်။ )[၁] သည် ပါကစ္စတန်နိုင်ငံ ဆင်းခရိုင်တွင် ရှိသော ရှေးဟောင်းသုတေသနဆိုင်ရာ နယ်မြေတစ်ခု ဖြစ်သည်။ ဘီစီ ၂,၅၀၀ ခန့်တွင် တည်ဆောက်ခဲ့ပြီး ရှေးဟောင်း အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုလောက တွင်အကြီးမားဆုံး အခြေချနေထိုင်ရာ နေရာ တစ်ခု ဖြစ်ကာ ကမ္ဘာပေါ်ရှိ အစောဆုံးသော မြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ရှေးဟောင်းအီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ မင်နိုအန်း ခရီတီ နှင့် နော်တီချီကို တို့နှင့် ခေတ်ပြိုင် ဖြစ်သည်။ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု လောက နိမ့်ပါးလာပြီးနောက် မိုဟန်ဂျိုဒါရိုအား ဘီစီ ၁၉ ရာစုတွင် စွန့်ခွာခဲ့ကြကာ ၁၉၂၀ခုနှစ်များတွင်မှ ပြန်လည် တွေ့ရှိခဲ့သည်။ ထိုမြို့တည်ရှိရာ နယ်မြေအတွင်း များစွာသော တူးဖော်မှုများကို ပြုလုပ်ခဲ့ကြပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၀ တွင် သတ်မှတ်ခဲ့သည်။[၂] ထိုနယ်မြေသည် မြေလွှာပျက်စီးခြင်း နှင့် မမှန်ကန်သော ထိန်းသိမ်းစောင့်ရှောက်မှုများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

မိုဟန်ဂျိုဒါရိုရှိ ရှေးဟောင်းသုတေသနဆိုင်ရာ အပျက်အစီးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပါကစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii,iii
ကိုးကား ၁၃၈
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား

  1. Gregory L. Possehl (11 November 2002)။ The Indus Civilization: A Contemporary Perspective။ Rowman Altamira။ p. 80။ ISBN 9780759116429
  2. Mohenjo-Daro: An Ancient Indus Valley Metropolis