မြဝတီမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-Burma +မြန်မာနိုင်ငံ)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄၉ -
== သမိုင်းကြောင်း ==
မြဝတီမြို့သည် ဝန်ကြီးဦးစ စားရသော မြန်မာနိုင်ငံ အထက်ပိုင်း သရက်ခရိုင်တွင်း၌ ရှိသည့် မြဝတီမြို့ မဟုတ်ချေ။ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့ တနင်္သာရီနယ်ကို သိမ်းသောအခါ မြဝတီလည်း အင်္ဂလိပ်ပိုင်နယ်ဖြစ်လာသည်။ထိုအခါ ယိုးဒယား ဇင်းမယ်စသည်တို့သို့ ရောင်းဝယ်မှု စုံစမ်းရာတွင် မြဝတီလမ်းကိုပင် ဝင်ပေါက်ထွက်ပေါက် ပြုခဲ့သည်။ ယခုထက်တိုင်ပင် ယိုးဒယား
မြန်မာနယ်ခြားတွင် အကောက်ဆိပ် ဖြစ်၏။မြဝတီမြို့တွင် မူလပင်ရင်းဒါယကာ ကရင်အမျိုးသား သစ်ခေါင်းကြီး ဦးတက်ဖော့ဆိုသူ တည်ထားခဲ့သော ရွှေမင်းဝံစေတီရှိသည်။​ရွှေမြင်းဝံစေတီရှိသည်။ မြဝတီမြို့မှာ ရှေးအခါက ရွာဖြစ်၍ ထိုရွာ၏ မူလအမည်ရင်းမှာ မုတ္တမမွန်ဘာသာဖြင့် 'ကွန်ဘရဲ့ဖတိုင်'၊ ပဲခူး မွန်ဘာသာဖြင့်'ကွမ်ဖရဲ့ပတီ' ဟူ၍ဖြစ်သည်။ကွမ်ဖရဲ့၍ဖြစ်သည်။ မြန်မာဘာသာဖြင့် 'သဲအေးမြ' ရွာဟုအဓိပ္ပါယ်ရသည်။ ယခု မွန်တဝက် မြန်မာတဝက် 'အေး'မပါဘဲ 'မြပတီ'ကို 'မြဝတီ' ဟု ခေါ်သည်ဆို၏။ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် လက်ထက်က မြဝတီကို 'အမြဝတီ' ဟုရေးသားကြောင်း တွေ့ရလေသည်။
 
== ကိုးကား ==