သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး suggest to merge
အရေးမကြီး delete unnecessary information
စာကြောင်း ၁ -
{{merge|သင်္ဂါယနာတင်}}
{{ဗုဒ္ဓဘာသာ}}
 
== သင်္ဂါယနာတင်ကြခြင်း ==
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ဘီစီ ၆၂၃ တွင် [[ဗုဒ္ဓ]]မြတ်စွာဘုရား ဖွားမြင်တော်မူခဲ့ပါသည်။ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) ) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာကျင့်စဉ်ကို ဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း ၂၆၀⁠၀ ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ်
၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။
Line ၂၁၀ ⟶ ၂၀၈:
 
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
 
== ယနေ့ခေတ်သာသနာအခြေအနေ ==
- သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရဝါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။
 
- ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀ဝ) ခန့် ရှိသောကမ္ဘာတွင်သန်းပေါင်း (၁၂၀၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
 
- မြန်မာနိုင်ငံသည် ထေရဝါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရဝါဒ ဗုဒ္ဓသာသနာအကြောင်း နားလည်သူနည်းပါလှပေသည်။
သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူလူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။
 
=== ကျေးဇူးသိမှကျေးဇူးဆပ် ===
သတ္တဝါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။
 
- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။
 
(၁) ဘုရားရှင်၏ ဘုရားအလောင်းဘဝမှ ကျေးဇူးတော်
 
(၂) ဘုရားဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်
 
(၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင်သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်
 
(၄) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင်မင်းထု၏ ကျေးဇူးတော်
 
(၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု၏ ကျေးဇူးတော်
 
သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘဝပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
 
=== ဘုရားသာသနာအကျင့်နှစ်ဖြာ ===
ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်-
 
(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင်တိုက်များ၊ တရားပွဲများ) နှင့်
 
(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကို ခန္ဓာတွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့်ရသော လုပ်ငန်း (ဝိပဿနာရိပ်သာများ၌ အားထုတ်ခြင်း) များကိုသာ အကျင့်(၂)ဖြာဟု ခေါ်ဆိုရပေမည်။
 
=== သမိုင်းကြောင်း မှအားနည်းချက်များ ===
၁။ ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများကို သိမြင်နားလည်မှုအားနည်းခြင်း
 
၂။ ဗုဒ္ဓ၏အလိုတော်ကျသည် မိမိခန္ဓာမှာတရားတွေ့နိုင်ရေးကျင့်ဖို့ အဓိကဆုံးမခဲ့သော်လည်း ခန္ဓာကိုယ်တွေ့ ကျင့်ကြံရှုမှတ်မှု နည်းပါးခဲ့ခြင်း
 
၃။ သာသနာပြုလုပ်ငန်းသည် အများအကျိုးသယ်ပိုးသည့်လုပ်ငန်းဖြစ်သော်လည်း မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူများပြားနေခဲ့ခြင်း
 
၄။ သာသနာပြုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းအနည်းစုဖြင့် လုပ်၍မရ သာသနာဝင်အားလုံး အများစုမှ ပူးပေါင်းဆောင်ရွက်ရန် အားနည်းနေကြခြင်း
 
၅။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် ကြုံသလိုလုပ်၍မရ အမြော်အမြင်ကြီးမားစွာဖြင့် ရေရှည်စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ရန် အားနည်းနေခဲ့ခြင်း
 
=== လုပ်ဆောင်ကြရန် ===
၁။ ထေရဝါရဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများ ကို အနည်းဆုံး အနှစ်ချုပ် များ သိမြင်နား လည်လာအောင် ဆောင်ရွက်ကြရန်
 
၂။ ဗုဒ္ဓအလိုတော်ကျ မိမိသိသောတရားများကို မိမိခန္ဓာမှာ ကျင့်ကြံ့ရှုမှတ် ကြရန်
 
၃။ သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော် အကျိုးတစ်ခုတည်းသာ ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်
 
၄။ ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် လူတိုင်းတွင် တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက် လာနိုင်ရေးစည်းရုံးကြရန်
 
၅။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှလိုအပ်သော အင်အားများစုစည်းပြီး ရေရှည် စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက် ကြရန်
 
=== အင်အား (၅) အား အမြဲဖြည့်ထား ===
၁။ ဓမ္မအား
ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်းစစ်မှန်သောဓမ္မကို မှန်တိုရှင်းနည်းလမ်းဖြင့် စုထားသောတရားဓမ္မအင်အား
 
၂။ လူအား
အယုတ် အလတ် အမြတ် လူတန်းစားမရွေး သူတောင်းစားအရူးပါမကျန် စုစည်းထားသော လူအင်အား
 
၃။ ဓနအား
သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ပစ္စည်းဥစ္စာအားရှိသော ပုဂ္ဂိုလ်များ၏အင်အား
 
၄။ အာဏာအား
အစိုးရမင်းများ၏ ပံ့ပိုးကူညီ စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသောအင်အား
 
၅။ အကြံဉာဏ်အား
သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြတ်သော အကြံဉာဏ်ပေးနိုင်သော ပုဂ္ဂိုလ်များ၏ အင်အား
 
=== မှတ်သားရမည့်ဥပမာ ===
Line ၂၉၀ ⟶ ၂၁၈:
 
သာသနာပြုသူတို့သည် ၎င်းတိရစ္ဆာန် (၄) ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။
 
=== သာသနာပြုသူစိတ်ဓာတ် ===
'''စိတ်ရှည် ဇွဲသန် သည်းငြီးခံ ပြုရန်သာသနာ'''
 
- ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ စသောဆောင်ပုဒ်များနှင့်အညီ သာသနာပြုမည့်သူသည် မာန် (မာန) ကိုလည်း လျော့၊သည်းငြီးခံပြီး မိမိအကျိုး အတွက် ရယူခြင်း (လာဘ၊ သက္ကာယ၊ သိလောက) ကို သွယ်ဝိုက်၍ပင်လျှင် မယူမိစေရန်နှင့်အများအကျိုးဆောင်ရွက်ချင်သော စေတနာအပြည့် ထားပြီး ဗုဒ္ဓ သာသနာတော်ကြီးအတွက် မိမိစွမ်းဆောင်နိုင်သည့် အခန်းကဏ္ဍမှ နိုင်သလောက် ပေးဆပ်ကြရမည် ဖြစ်သည်။
 
=== သဘောတူညီချက် ===
ထေရဝါဒ (၅) နိုင်ငံမှ ဆရာတော်ကြီးများ၏ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်
 
# Restoration (နဂိုမူရင်းအတိုင်း အစားထိုးခြင်း)
# Preservation (မူရင်းအတိုင်းကိုသာ သိမ်းဆည်းထားခြင်း)
# Promotion (တိုးတက်အောင် ကူညီအားပေးခြင်း)
# Propagation (ပြန့်ပွားခြင်း)
# Protection (ကာကွယ်ခြင်း)
 
အထက်ပါ (၅) ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တို့ဖြစ်သည်။
 
=== စနစ် (၄) ===
ထေရဝါဒဗုဒ္ဓသာသနာတော်သည်
 
# Practical System (လက်တွေ့ပြည့်စုံသောစနစ်)
# Ethical System (ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
# Spiritual System (စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
# Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
 
စစ်မှန်လှသောစနစ် (၄) မျိုးဖြင့် ပြည့်စုံပေသည်။ <ref>ဆရာကြီး ဦးမြင့်လွင်(သန့်တည်ပွား)၏ ရေးသားချက်</ref>
 
== ကိုးကား ==