သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၈ -
 
== ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း ==
သာသနာတော်နှစ် (၁၀၀) ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။
 
အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး (၇၀၀)တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာဘာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။
- ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။
 
-ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
 
- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
 
=== ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း ===
(၁)# သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၂)# ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၃)# ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၄)# အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၅)# အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၆)# အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
 
(၇)# အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
 
(၈)# ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၉)# ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
 
(၁၀)# ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။
 
ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။