သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၉ -
 
== တတိယအကြိမ်သင်္ဂါနာတင်ခြင်း ==
သာသနာတော်နှစ် (၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။
 
ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။