"ဂျိုက်ဂွါး" ၏ တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (စာလုံးပေါင်း ပြင်ဆင်ခြင်း)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
'''ဂျိုက်ဂွါး'''(Jaguar) သည် ပင်သီရာအုံကာ မျိုးစိတ်ဖြစ်၍ [[ကြောင်မျိုးရင်း]] ဝင်ဖြစ်ပြီး [[တောင်အမေရိက]]နှင့် [[အမေရိကအလယ်ပိုင်း]]တွင် နေထိုင်ကျက်စားကြသည်။ ဂျိုက်ဂွါးသည် [[ကျား]]နှင့် [[ခြင်္သေ့]]တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနောက်ကမ္ဘာခြမ်းတွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ကြောင်မျိုးရင်းဝင် သတ္တဝါလည်း ဖြစ်သည်။
 
ဂျိုက်ဂွားတို့သည်ဂျိုက်ဂွါးတို့သည် ၎င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် [[ကျားသစ်]]နှင့် ပုံစံတူသည်။ သို့သော် ဂျိုက်ဂွါးများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၎င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ၎င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။ ဂျိုက်ဂွါး၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၎င်းတို့၏ သားကောင်များကို တမူထူးခြားစွာတစ်မူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၎င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။
 
== ပုံပန်းသဏ္ဍာန် ==