အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၄ -
== အာနန္ဒာဘုရားသမိုင်း ==
=== ဒဏ္ဍာရီလာဘုရားသမိုင်း ===
ကျန်စစ်သားမင်းတရားသည် အနော်ရထာ၏ကုသိုလ်တော်ဖြစ်သော [[ရွှေစည်းခုံ စေတီတော် (ပုဂံ)|ရွှေစည်းခုံစေတီ]]တော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ် တည်ဆောက်ပြီးလေသော် အကြံတစ်ခု ဖြစ်ပေါ်သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဘုရားရှင်တို့အား ရည်စူး၍ ဂေါတမ ဘုရားရှင်၏ အရပ်တော် ၁၈ တောင် ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသောရုပ်ပွားတော်များကို ထုလုပ်ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော [[ရုပ်ပွားတော်]]များကို ကိုးကွယ်ပူဇော်ထားရန် အဘယ်သို့သော ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် တည်ဆောက်ကိုးကွယ်ရအံ့နည်းဟု ကြံစည်တွေးတောနေတော်မူခဲ့လေသည်။ ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်လုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာ အရပ်) ဂန္ဓာမာဒနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ် တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆိုကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးလပတ်လုံး နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ တစ်ရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့ သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ လိုဏ်ဂူကို တန်ခိုးတော်ဖြင့် သဏ္ဌာန်တူစွာပြု၍ ပြတော်မူရန် လျှောက်တောင်းပန်သည်။ အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူသော် နန္ဒမူလလိုဏ်ဂူ၏ တင့်တယ်သော အသရေကို မင်းတရားကြီး အလွန်တရာ နှစ်သက်ကြည်ညိုခြင်း ဖြစ်သည်။ ထိုကြောင့် မူလ ရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့ စံပယ်ရန် နန္ဒမူလလိုဏ်ဂူသဏ္ဌာန် ကောင်းမှုတော် တစ်ဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော် ဖြစ်သည်။ ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထား တောင်းပန်သည်။ မထေရ်မြတ်တို့ကလည်း သဘောတူညီကြသဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ်(ခရစ် ၁ဝ၉၁ ခုနှစ်)အတွင်း၌ပင် အာနန္ဒဘုရားကို စတင် တည်ဆောက်ရန် စီမံလေသည်။
 
ကျန်စစ်သားမင်းသည် မိမိ၏ကောင်းမှုတော်ကို သာသနာအနှစ် ၅ဝဝဝ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌ တည်ဆောက်ရအံ့နည်းဟု ဆင်ခြင်သည်။ ထိုအခါ သိကြားမင်း ကြွလာလတ်၍ ဘုရား တည်ဆောက်ရမည့်အရပ်ကို ညွှန်ပြသည် ဟုဆိုသည်။ မင်းတရားကြီးလည်း ထိုအရပ်၌ ဧရာဝတီမြစ်ရေ တိုးစေကာမူ မိမိ၏ကောင်းမှုတော် မပါနိုင် မပြိုနိုင်စေရန်၊ မြေကို အစောက် သံတောင် ၆ဝ ရေတွက်အောင် တူးစေပြီးသော် ရေမှ သံတောင် ၃ဝ နဂါးရစ်ကျောက်တို့ကို တည်ခင်းစေ၏။ ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ သံတောင် ၃ဝ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။ မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေး လေးသောင်းဖြစ်၍ လက်ခမှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်တို့လည်း ဌာပနာတိုက် ဆောက်လုပ်ရာ၌ ကူညီကြသည်။ ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော် အခြားသောရဟန္တာအရှင်မြတ် တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော် တည်ဆောက်ရာ၌ ကူညီဝိုင်းဝန်းကြသော ရဟန္တာလေးကျိပ်လေးပါးရှိသည်။ ကောင်းမှုတော်၏ တစ်မျက်နှာလျှင် ရဟန္တာတစ်ကျိပ်စီ စောင့်ရှောက်ကြသည်။ အခြား ရဟန္တာ လေးပါးတို့ကမူ နန္ဒမူလလိုဏ်ဂူသို့ ကြွရောက်၍ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာ တစ်ခုစီ၌ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာတစ်ခုစီ၌ ကြီးကြပ်နေတော်မူသော ရဟန္တာ တို့ကိုလည်းကောင်း၊ ဗိသုကာလေးရာတို့တွင် အကြီးဖြစ်သော ဗိသုကာလေးယောက်တို့ကို လည်းကောင်း ညွှန်ကြားပြသပေးကြသည်။ ဝိသကြုံနတ်သားကမူ လေးမျက်နှာလုံးကို လှည့်လည်ကြည့်ရှု စီရင်သည်ဟု ဆိုသည်။ ထိုပြင် ဗိသုကာအကြီး လေးယောက်တို့၏ နှလုံးတွင် သူရဿတီ နတ်သမီး ဝင်ရောက်နေသည်ဟုလည်း ဆိုကြသည်။<ref name="မြန်မာ့စွယ်စုံကျမ်း">မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>