ကြောင်ပန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏ ။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။ အသီးမှာ လုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ဝါခေါင် ၊ တော်သလင်း တွင်သီးသည်။
 
ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး<ref>{{cite book|author= မောင်သိန်းဇံ| title=ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ| publisher= နက္ခတ္တရောင်ခြည်| page = ၂၈၁ | date = ဇူလိုင်၊ ၂၀၀၀}}</ref>၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
 
==အသုံးဝင်ပုံ==
စာကြောင်း ၂၇ -
#ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
#ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။
#ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား[[ငှက်ဖျားရောဂါ]] နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။
#ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏။
#ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏။
#ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ[[ဝမ်းကိုက်ရောဂါ]]များ ပျောက်၏။
#အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။
#ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။<ref>http://arogyamonline.com/commodity/materials/?raw=93</ref>