မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''==မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ'''==
 
'''===ရှင်သာမဏေဘဝ'''===
 
မဟာစည်ဆရာတော် အလောင်းအလျာဖြစ်သူသည် ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့်အချိန်၌ ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ ခမည်းတော်ဦးကန်တော် မယ်တော်ဒေါ်အုတ်တို့မှ ဖွားမြင်တော်မူပါသည်။
စာကြောင်း ၁၃ -
၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်း ဆရာတော် အရှင်ပရမမထေရ်မြတ်ထံ၌ နျာသကျမ်း မူလဋီကာကျမ်း စသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထိုကျမ်းတို့ကို သင်ယူသောအခါ စာအတူတက်ဖက် ရဟန်းတော်များက ``နဿိယကို ကြည့်ထားသလား´´ဟု မေးယူရလောက်အောင်ပင် မြင်ပင်မမြင်ဘူးခဲ့ပါ။ ထို့အပြင် ရှင်သောဘနသည် သာမဏေဘဝကပင် အခြားသာမဏေများအား သဒ္ဒါသင်္ဂြိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။
 
'''===ရဟန်းဘဝ'''===
 
၁၂၈၅-ခုနှစ် တန်ဆောင်းမုန်းလပြည့်ကျော် (၄)ရက် (၂၆-၁၁-၂၀၀၉ )ခုနှစ် ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္စျာယ်ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ် သို့ ရောက်တော်မူခဲ့ပါသည်။
စာကြောင်း ၃၁ -
ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် သေဆုံးသွားသဖြင့် သံဝေဂ ပွားကာ ၁၃၀၀-ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာ အလုပ် တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေးမျိုးဖြစ်သူသုံးဦး စတင်တရားအားထုတ်၍ အောင်မြင်ကြ သဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော်လုပ်ငန်းသည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။
 
'''===မဟာစည်ဆရာတော်'''===
 
၁၃၀၃-ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသန ဓဇသိရီပဝရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။
စာကြောင်း ၄၃ -
မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့ပါသည်။ စစ်ဖက်နယ်ဖက် အရာရှိများ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ ကုန်သည်ပွဲ စားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ်တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော်ရှိနေ သဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ် ခွင့် ရခဲ့ပါသည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့ပါသည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိပါသည်။ သီဟိုဠ် , ထိုင်း, ကမ္ဘောဒီးယား, လော, အိန္ဒိယ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော် ၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည် ဆရာတော် ဖြစ်ပါသည်။
 
'''==မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ဆောင်ချက်များ'''==
 
၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။