နတ်မောက်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၄ -
 
နတ်မောက်မြို့သည် [[မြန်မာစာပေ]]လောကတွင် ထင်ရှားကျော်ကြားသော [[စုံနံ့သာမြိုင်ရှာပုံတော်ကြီး]] သီချင်း ကို ရေးသားပြုစုသူ [[ဦးကြော့]] နှင့် [[မြန်မာ့လွတ်လပ်ရေးဗိသုကာ| မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး]] [[ဗိုလ်ချုပ်အောင်ဆန်း]] တို့၏ [[ဇာတိမြို့]] ဖြစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)၊ စာမျက်နှာ (၁၃၂)။ </ref>
 
== နဂါးမောက်စေတီ ==
နတ်မောက်မြို့ အရှေ့ဘက် ၁၄ မိုင် ကွာဝေးသော ရွာမွန်ဟု ခေါ်သော ကျေးရွာတွင် တောင်ကျောင်း၊ မြောက်ကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်းဟူ၍ ဘုန်းကြီးကျောင်း လေးကျောင်း ရှိရာတွင် တောင်ကျောင်း ပရိဝုဏ်အတွင်း၌ ရှေးဟောင်းစေတီ ၃၅ ဆူ ရှိသည်။ ၎င်း ၃၅ ဆူထဲမှ စေတီလေးဆူမှာ ပုံမှန် ထီးတော်နေရာတွင် ထီးတော်မရှိမူဘဲ နဂါးခေါင်းများ ရှိကာ ယင်း နဂါးခေါင်း လေးခုသည် အရပ်လေးမျက်နှာသို့ မျက်နှာပြုလျက် ရှိသည်။ တောင်ကျောင်း၏ မူလ ပဓာန နာယက ဆရာတော်ကြီး ဦးအာလောဘာသက ထိုရွာတွင် ဘေးအန္တရာယ် မကျရောက်စေရန် ရည်စူး၍ နှစ်ပေါင်း ရာကျော်က တည်ထားခဲ့ကြောင်း ရှေးလူကြီးသူမများက ပြောကြားသည်မှ လွဲ၍ စေတီ ငှက်ပျောဖူးအထက်က နဂါးဦးခေါင်းများနှင့် ပတ်သက်၍ အဓိပ္ပာယ်ကို မသိကြချေ။ နှစ်ရာကျော်ခဲ့ပြီ ဖြစ်၍ နဂါးမောက် စေတီလေးဆူမှာ ဟောင်းအို ဆွေးမြည့်ကာ အချို့မှာ ပြိုကျပျက်စီးခြင်း ဖြစ်သည်။<ref>{{cite book|author=မကွေးလှမြင့်| title=နတ်မောက်မြို့နယ်၊ ရွာမွန်က နဂါးမောက်စေတီလေးဆူ| publisher= နက္ခတ္တရောင်ခြည်| page = ၂၅| date = ဇူလိုင်၊ ၂၀၀၁}}</ref>
 
 
== ကိုးကား ==