ဟယ်ရီပေါ်တာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
| name = ''ဟယ်ရီပေါ်တာ''<br /><small>Harry Potter
| books = {{plainlist|
* ''[[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး]] - Harry Potter and The Philosopher's Stone'' (၁၉၉၇)
* ''ဟယ်ရီပေါ်တာနှင့် လျှို့ဝှက်ခန်းဆောင် - Harry Potter and the Chamber of Secrets'' (၁၉၉၈)
* ''ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန် အကျဉ်းသား - Harry Potter and the Prisoner of Azkaban'' (၁၉၉၉)
စာကြောင်း ၂၅ -
}}
 
'''''ဟယ်ရီပေါ်တာ''''' ({{lang-en|Harry Potter}} ၊ ဟာရီပေါ့တာ ဟုလည်း စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားသော အလွန်နာမည်ကြီး၍ လူကြိုက်များထင်ရှားလှသည့် စိတ်ကူးယဉ် ဝတ္ထုရှည် စာအုပ်အတွဲစဉ် တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေမှော်အတတ်ပညာကျောင်းမှ ကျောင်းသားများဖြစ်သည့် ငယ်ရွယ်သော မှော်ဆရာကောင်လေး ဟယ်ရီပေါ်တာနှင့် သူ၏ သူငယ်ချင်း ဟာမီယွန်းနီ ဂရန်ဂျာ၊ ရွန် ဝီစလေ တို့၏ ဘဝဇာတ်ကြောင်း ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းသည် မှော်မိစ္ဆာလူဆိုးကြီးများနှင့် ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများ အကြောင်း ဖြစ်သည်။ ဤဝတ္ထုများတွင် ဟော့ဂ်ဝပ်မှော်ကျောင်းတော် အမြန်ရထား၊ မှော်ဝန်ကြီးဌာန၊ မက်ဂယ်များ (မှော်ပညာမတတ်သော သာမန်လူကို မှော်ဆရာတို့က ခေါ်သောနာမည်) စသည့် အံ့ဩဖွယ် ထူးခြားမှုများ ပါဝင်သည်။ ကမ္ဘာအရပ်ရပ်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုကြ၍၊ ရုပ်ရှင်ကားရိုက်သည်အထိ အောင်မြင်ခဲ့လေသည်။ ထိုစာအုပ်များသည် ပရိသတ်တို့အပေါ် မှော်တုတ်တံ မှော်ဂါထာစသည်တို့က ပရိသတ်တို့အပေါ် မကြားဖူးသူ နည်းပါးလောက်အောင်ပင် အလွန်ဩဇာသက်ရောက်၍ အချို့ကို အရူးအမူး ဖြစ်စေခဲ့သည်။ ပထမဆုံး [[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံးစာအုပ်သည်ပြဒါးရှင်လုံး]]စာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်း စာအုပ် ၁၀ အုပ်တွင် ပါဝင်နေ၍၊ ထိုဟယ်ရီပေါ်တာ စာအုပ်တွဲများသည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်အတွဲ ဖြစ်ပေသည်။