ကြောင်ခြေမည်း: တည်းဖြတ်မှု မူကွဲများ

"ကြောင်ခြေမည်း၏..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ကြောင်ခြေမည်း၏[[ဦးခေါင်း]]နှင့် ကိုယ်အရှည်မှာ ၁၄လက်မမှ ၁၆လက်မအထိ ဖြစ်ပြီး [[အမြီး]]အရှည်မှာ ၆လက်မ မှ ၇လက်မအထိ ဖြစ်သည်။ အရောင်အသွေးမှာ အညိုဖျော့ရောင်ဖြစ်ပြီး [[ဝမ်းဗိုက်]]၊ [[ရင်ဘတ်]]နှင့် ခြေလက်အတွင်းပိုင်းများသည် အဖြူရောင် ဖြစ်သည်။ [[ခြေဖဝါး]]မှာ အမည်းရောင် ဖြစ်သည်။ ကိုယ်လုံးပေါ်တွင် အမည်းရောင် အစက်အပြောက်များရှိပြီး [[လည်ပင်း]]နှင့်[[ပခုံး]]တို့တွင် အမည်းစင်းများ ရှိသည်။ အရွယ်အစားမှလွဲကာ [[ဆာဗယ်ကြောင်]]နှင့် ခပ်ဆင်ဆင်တူသည်။
 
ကြောင်ခြေမည်းများကို ဘာချဲဆိုသူ သိပ္ပံပညာရှင်သည် ခရစ် ၁၈၂၄ခုနှစ်တွင် စတင်တွေ့ရှိဖော်ပြခဲ့ခြင်း ဖြစ် သည်။ [[အာဖရိကတိုက်]]တွင် [[ကာလာဟာရီသဲကန္တာရ]]၊ [[ဘော့ဆွာနာနိုင်ငံ]]၏ တစိတ်တဒေသနှင့် [[တောင်အာဖရိကနိုင်ငံ]]၏ အောရိန်းဖရီးစတိတ် တစိတ်တဒေသတို့တွင် တွေ့ရသည်။ [[သဲကန္တာရ]]အတွင်း သဲကျင်းများတွင် [[နေ့]] အခါပုန်းအောင်းနေပြီး[[ ည]]အခါတွင် ကျက်စားသွားလာကြသည်။ တစ်ကြိမ်လျှင် သား ၂ကောင်မှ ၃ကောင်အထိ မွေးသည်။<ref>ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)</ref>
 
[[Category:နို့တိုက်သတ္တဝါ]]