ဟယ်ရီပေါ်တာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၇ -
'''''ဟယ်ရီပေါ်တာ''''' ({{lang-en|Harry Potter}} ၊ ဟာရီပေါ့တာ ဟုလည်း စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားသော အလွန်နာမည်ကြီး၍ လူကြိုက်များထင်ရှားလှသည့် စိတ်ကူးယဉ် ဝတ္ထုရှည် စာအုပ်အတွဲစဉ် တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေမှော်အတတ်ပညာကျောင်းမှ ကျောင်းသားများဖြစ်သည့် ငယ်ရွယ်သော မှော်ဆရာကောင်လေး ဟယ်ရီပေါ်တာနှင့် သူ၏ သူငယ်ချင်း ဟာမီယွန်းနီ ဂရန်ဂျာ၊ ရွန် ဝီစလေ တို့၏ ဘဝဇာတ်ကြောင်း ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းသည် မှော်မိစ္ဆာလူဆိုးကြီးများနှင့် ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများ အကြောင်း ဖြစ်သည်။ ဤဝတ္ထုများတွင် ဟော့ဂ်ဝပ်မှော်ကျောင်းတော် အမြန်ရထား၊ မှော်ဝန်ကြီးဌာန၊ မက်ဂယ်များ (မှော်ပညာမတတ်သော သာမန်လူကို မှော်ဆရာတို့က ခေါ်သောနာမည်) စသည့် အံ့ဩဖွယ် ထူးခြားမှုများ ပါဝင်သည်။
 
အတွဲစဉ်၏ ပထမဆုံးဝတ္ထုဖြစ်သော ၁၉၉၇ ခုနှစ် ၊ ဇွန်လ ၂၆ ရက်တွင် ထုတ်ဝေခဲ့သည့် ''[[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး]]'' စာအုပ် စတင်ထုတ်ဝေချိန်ကတည်းက စာအုပ်သည် ကြီးမားသော ရေပန်းစားမှု ၊ ဝေဖန်ရေးဆရာများမှ ချီးကျူးဂုဏ်ပြုမှု ၊ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း အလွန်ကျော်ကြားခဲ့သည်။ ထိုစာအုပ်များသည် လူငယ်စာဖတ်သူတို့ အပြင် အရွယ်ရောက်လူငယ်၊ လူကြီးစာဖတ်သူတို့အတွက်ပါ ကောင်းစွာ စိတ်ဝင်စားစေနိုင်ခဲ့သည်။ ကမ္ဘာအရပ်ရပ်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုကြ၍၊ ရုပ်ရှင်ကားရိုက်သည်အထိ အောင်မြင်ခဲ့လေသည်။ ထိုစာအုပ်များသည် ပရိသတ်တို့အပေါ် မှော်တုတ်တံ မှော်ဂါထာစသည်တို့က ပရိသတ်တို့အပေါ် မကြားဖူးသူ နည်းပါးလောက်အောင်ပင် အလွန်ဩဇာသက်ရောက်၍ အချို့ကို အရူးအမူး ဖြစ်စေခဲ့သည်။ ပထမဆုံး [[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး]]စာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်း စာအုပ် ၁၀ အုပ်တွင် ပါဝင်နေ၍၊တတိယမြောက် ဖြစ်၍၊ ထိုဟယ်ရီပေါ်တာ စာအုပ်တွဲများသည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်အတွဲ ဖြစ်ပေသည်။