ရွှေဘိုမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Removing Shwebo_palace.jpeg, it has been deleted from Commons by JuTa because: No license since 14 January 2018.
စာကြောင်း ၇၇ -
 
== အထင်ကရ နေရာများ ==
 
[[File:Shwebo palace.jpeg|thumb|ရွှေဘိုနန်းတော်]]
ရွှေဘိုမြို့သည် မြန်မာမင်းများလက်ထက်က ထင်ရှားသော မြို့တော် ဖြစ်ခဲ့သည့်အလျောက် ရှေးမြန်မာမင်းတို့ တည်ခဲ့သော စေတီပုထိုးများစွာအပြင် ထင်ရှားကျော်ကြားသော ရှေးဟောင်း အဆောက်အအုံများစွာ ရှိ၏။ ယင်းတို့အနက် အလောင်းမင်း တရားကြီး တည်ထောင်မူခဲ့သော ရွှေစေတီခေါ် မြို့တောင့်စေတီ၊ ရွှေချက်သို စေတီ၊ ရွှေတန်ဆာစေတီနှင့် အလောင်းမင်းတရားကြီး၏ အရိုးပြာသာဒ်တို့မှာ အထူးပင် ထင်ရှားလေသည်။ ရွှေဘိုမြို့၏ မြောက်ဘက်တစ်မိုင်ခန့်တွင် အလောင်းမင်းတရားကြီး ဆည်ဖို့ခဲ့သော မဟာနန္ဒာကန်တော်ကြီးသည် အလွန်သာယာ၍ ကန်တော်ပတ်လည်တွင် ထန်းတောများ ရှိလေသည်။ မြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်တွင် စစ်တပ်များထားသော ''တပ်ကုန်း''ရှိ၏။တပ်ကုန်းသည် စံပြမြို့ကလေး တစ်မြို့ သဖွယ် သာယာကျယ်ပြန့်သော မြို့ခင်းရှိ၍ အဆောက်အအုံ များမှာ ကျန်းမာရေးနှင့် ညီညွတ်သော စစ်တန်းလျားများ၊ အစိုးရအရာရှိကြီးများ၏ နေအိမ်များ ဖြစ်လေသည်။ တပ်ကုန်းတွင် [[ဒုတိယကမ္ဘာစစ်]]ကြီး မဖြစ်ပွားမီက မြန်မာပြည်လုံးဆိုင်ရာ မြေတိုင်းအတတ်သင်ကျောင်း ရှိ၏။ ရွှေဘိုမြို့၏ အရှေ့တောင်ဘက်သည်လည်း တပ်ကုန်းကဲ့သို့ ပင် သာယာပြန့်ပြူး၍ အစိုးရအဆောက်အအုံ များ၊ အရာရှိကြီး များ၏ နေအိမ်များ ရှိသည်။ ထိုအပိုင်းကို ''ဗိုလ်ကုန်း''ဟု ခေါ်သည်။ ဗိုလ်ကုန်းတွင် တူးမြောင်းရုံး၊ လမ်းပန်းနှင့် အဆောက်အအုံဌာနရုံးနှင့် စက်ရှင်ဗိုလ်တဲကြီး ရှိလေသည်။