ချင်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုလှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခဲွပြီး ဗိုလ်စောမောင်က နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်းလူမျိုးများသည်လည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖွဲ့စည်းပြီး တခြားတိုင်းရင်းသားညီအကိုများနည်းတူ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသည်။ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်သည့်အခါ ချင်းပါလီမန်အမတ်များနျင့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် Anti Communist Freedom Organization ကို ဖွဲ့စည်းကာ လက်နက်ကိုင် အမျိုးသားလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဆွန်ခိုပေါင်၊ ဒမ်ခေါဟောက်၊ မာန်ခန့်ပေါင်၊ ဟရန်နောလ်၊ ဆွန်ကျင်လျန်နှင့် သွာလ်ဇန်တို့က ဦးဆောင်သည် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂလာဒေ့ရှ်သို့ စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာကြကာ အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ ကြသည်။
၁၉၆၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အိန္ဒိယ-မြန်မာနယ်စမ်ရှိ ပုန်ကုန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။ တွေ့ဆုံမှုအကျိုးဆက်အဖြစ် ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန် နင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ လွဲပြောင်းပေးခဲ့ကြသည်။ ဆွန်ခိုပေါင်အား ၁၀ နှစ်၊ ဟရန်နောလ် နှင့် ဒမ်ကိုဟောက်တို့အား ၈ နှစ် အသီးသီး ထောက်ဒဏ်ချမှတ်ခဲ့ကြသည်။ သို့ဖြင့် ဆွန်ခိုပေါင်ဦးဆောင်သော ချင်းလက်နက်ကိုင်တော်လှန်ရေး မှေးမိန်သွားခဲ့သည်။
ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တစ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျင်မီဦးဆောင်သော ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦးနှင့်ဆွေးနွေးကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။ ထိုခဏတွင် ဂျင်မီသည် အဖွဲ့မှ ပြန်လည်နှုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဌအဖြစ် ဂျွန်မန်တလင်း၊ ဒုတိယဥက္ကဌအဖြစ် ဝီလျှံဆာလျန်ဇမ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါင်ကျောထော၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေးဗစ်ထန်တို့က ဦးဆောင်ခဲ့ကြသည်။ မတ် ၂၅ တွင် ဒေးဗစ်ထန် နှုတ်ထွက်သွားသဖြင့် ၎င်းအစား ဒေနီယဲလ်ထန်လျန်းအား ပြန် လည်အစားထိုးခဲ့ကြသည်။