ချင်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
အရေးမကြီး Typo |
||
စာကြောင်း ၂ -
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုလှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး ဗိုလ်စောမောင်က နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်းလူမျိုးများသည်လည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖွဲ့စည်းပြီး တခြားတိုင်းရင်းသားညီအကိုများနည်းတူ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသည်။ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်သည့်အခါ ချင်းပါလီမန်အမတ်များနျင့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် Anti Communist Freedom Organization ကို ဖွဲ့စည်းကာ လက်နက်ကိုင် အမျိုးသားလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဆွန်ခိုပေါင်၊ ဒမ်ခေါဟောက်၊ မာန်ခန့်ပေါင်၊ ဟရန်နောလ်၊ ဆွန်ကျင်လျန်နှင့် သွာလ်ဇန်တို့က ဦးဆောင်သည် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂလာဒေ့ရှ်သို့ စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာကြကာ အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ ကြသည်။
၁၉၆၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အိန္ဒိယ-မြန်မာနယ်စမ်ရှိ ပုန်ကုန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။ တွေ့ဆုံမှုအကျိုးဆက်အဖြစ် ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန် နင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ လွဲပြောင်းပေးခဲ့ကြသည်။ ဆွန်ခိုပေါင်အား ၁၀ နှစ်၊ ဟရန်နောလ် နှင့် ဒမ်ကိုဟောက်တို့အား ၈ နှစ် အသီးသီး ထောက်ဒဏ်ချမှတ်ခဲ့ကြသည်။ သို့ဖြင့် ဆွန်ခိုပေါင်ဦးဆောင်သော ချင်းလက်နက်ကိုင်တော်လှန်ရေး မှေးမိန်သွားခဲ့သည်။
ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တစ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျင်မီဦးဆောင်သော ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦးနှင့်ဆွေးနွေးကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။ ထိုခဏတွင် ဂျင်မီသည် အဖွဲ့မှ ပြန်လည်နှုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
ထို့နောက် ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် တော်လှန်ရေးရေးနယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြကာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဌာနချုပ် အနီးတွင် ဗိုလ်မှူးဆာလျန်ဇမ် တောင်းဆိုချက်အရ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှူးဆာလျန်ဇမ်အား ဂွန်မန်တလင်းမှ လိုလိုလားလား လွဲပေးခဲ့သည်။
၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ချင်းပြည်သို့ ချီတက်ရန် ဗိုလ်မှူးဆာလျန်ဇမ် ဦးဆောင်သော ချင်းတပ်မတော်သည် ဌာနချုပ်မှ ရှမ်းပြည်ကိုဖြတ်ပြီး ၁၉၇၇ ခုနှစ် နွေဦးတွင် ကချင်ပြည်သို့ရောက် ရှိခဲ့ကြသည်။ ထိုမှတဆင့် နာဂတောင်တန်းကို ဖြတ်ပြီး မိုးရာသီတွင် ချင်းပြည်အထိ လေသာတောင်တန်းကို ရောက်ရှိခဲ့ဩည်။ လေသာတောင်တွင် မိုးဒဏ်၊ လေဒဏ်၊ အအေးဒဏ်ကို အလူးအလိမ့်ခံခဲ့ကြ သည်။ အစားအသောက်၊ ဆေးဝါးပြတ်လပ်မှုပြသာနာ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြသည်။ ထုတ်လှိုင်ရွာသို့ ရိက္ခာသွားယူစဉ် ရန်သူ မဆလသစ္စာခံများနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြသည်။ အခက်အခဲမျိုးစုံဖြင့်ရင်ဆိုင်ခဲ့ရသော ချင်းတပ်မတော်အင်အား(၂၀)တို့သည် ဗန်းသဲရွာတွင် မဆလထံအညံ့ခံခဲ့ကြတော့သည်။ ၎င်းတို့အား အမှုစီရင်ခြင်းမပြုပဲ တိုင်းမှူး ဗိုလ်မှူးချုပ်လှထွန်း၏ အမိန့်ဖြင့် ဗိုလ်ကြီးအေးမောင်(နအဖ ဒုတိယကာကွယ်ရးဦးစီးချုပ်ဖြစ်ခဲ့သူ)က တန်းစီရပ်ခိုင်းပြီး အားလုံးပစ်သတ်လိုက်သည်။ အဆိုပါ ချင်းတပ်မတော် အင်အား ၁၂၀ အနက် ၄၆ ဦးသည် ကလေးမြို့ထောင်သို့ အပို့ခံရပြီး (၄)ဦးသည် ဒဏရာရရှိခဲ့ကြသည်။ ကျန် ၄၀ ခန့်သည် လက်နက်ချ အသတ်ခံခဲ့ကြသည်။ သို့ဖြစ် ချင်းလွတ်မြောက်ရေးတပ်မတော် ခေါ် ချင်းအမျိုးသားတပ်မတော်သည်လည်း နလံမထူနိုင်ဖြစ် တော့်သည်။
၁၉၆၆ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မီဇိုအမျိုးသားတပ်ဦးမှ လွတ်လပ်ရေးကြေညာကာ အိန္ဒိယအစိုးရအား တရားဝင်တော်လှန်ခဲ့ကြသည်။ မီဇိုအမျိုးသားတပ်ဦးသည် အိန္ဒိယမြန်မာ နှစ်နိုင်ငံပူးတဲွစစ်ဆင် မှုကြောင့် ၁၉၆၉ ခုနှစ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြရာတွင် ချင်းအမျိုးသားတစ်ချို့လည်း ပါဝင်ခဲ့ကြသည်။ အဆိုပါ ချင်းအမျိုးသားများက ဇိုမီးလွတ်မြောက်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့ကြသည်။
ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်တွင် ယခင် ဇိုမီးလွတ်မြောက်ရေးတပ်ဦး အား ချင်းအမျိုးသားတပ်ဦးအဖြစ် ပြောင်းလဲ မှည့်ခေါ်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် မတ်လ မှ ဩဂုတ်လအတွင်း မြန်မာတပြည်လုံး ဒီမိုကရေစီအုံကြွမှုကြောင့် မဆလပါတီအစိုးရ အဆုံးသတ်သွားခဲ့ကြသောလည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမည်ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ကြောင့် ချင်းကျောင်းသားမျိုးချစ်လူငယ်များသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ့်ကံကျမ္မာ ကိုယ်ဖန်တီးခွင့် ရရှိ ရေးအတွက် တိုက်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာကြသည်။ အိန္ဒိယအစိုးရမှ မီဇိုရမ်ပြည်နယ် ဆိုင်ဟား နှင့် ကျန်ဖိုင်မြို့များတွင် ဒုက္ခသည်စခန်းဖွင့်လှစ်နေရာချထားပေးခဲ့ သည်။ အဆိုပါ မျိုးချစ်လူငယ်များသည် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဖက်ခြမ်း)ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ဆွေး နွေးမှုပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်တပ်ဦးအားဖျက်သိမ်းပြီး ချင်းအမျိုးသားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။
၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှုဖြစ်ပွားကာ နိုထန်ကပ်ဦးဆောင်သော အဖွဲ့နှင့် တျာလ်ခါလ်ဦးဆောင်သောအဖွဲ့ဟု နှစ်ဖွဲ့ကွဲသွားခဲ့သည်။ အများစုသည် နိုထန်ကပ်အား ထောက်ခံခဲ့ကြသည်။ တျာလ်ခါလ် ဦးဆောင်သည့်အဖွဲ့သည် ချင်းလွတ်မြောက်ရေးကောင်စီအဖြစ် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ချင်းလွတ်မြောက်ရေးကောင်စီကို ရိုဇထန်မှ ဦးဆောင်ခဲ့ပြီး ယခုအခါမှေးမိန်
၁၉၉၃ ခုနှစ် ဇွနလ် ၉ ရက်နေ့မှစတင်ကျင်းပသော ချင်းအမျိုးသားတပ်ဦး၏ ပထမအကြိမ်ပါတီညီလာခံက ရော်ဂျာဗျက်လျန်ထန်အား
၁၉၉၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ဒုတိယအကြိမ်ပါတီညီလာခံကို ဝိတိုရိယစခန်းတွင်ကျင်းပခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၏ တတိယအကြိမ်ညီလာခံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပရာ
ချင်းအမျိုးသားတပ်ဦး၏ စတုတ္ထအကြိမ်ပါတီညီလာခံကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယ မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ရာ
ချင်းလူမျိုးများသည် ပင်လုံစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ခဲ့ကြသောလည်း ဗမာလူကြီးဝါဒီတစု၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ပြန်သောကြောင့် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် တော်လှန်တိုက်ပွဲများ ဆက်လက်ဝင်ခဲ့ကြသည်။
|