ဂေါတမဗုဒ္ဓ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Protected "ဂေါတမဗုဒ္ဓ": လက်သရမ်းမှုအတွက် ရေရှည် တစ်စိတ်တစ်ပိုင်းကာကွယ်ခြင်း ([ပြင်ဆင်ရန်=အလိုအလျ...
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၁၅၁ -
 
==ပရိနိဗ္ဗာန်စံတော်မူခြင်း ==
ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုလ်ပြည်၊ရာဇဂြိုဟ်ပြည်၊ ဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။
မှတ်တမ်းအရ ရာဇဂြိုလ်ပြည်အနီး၊ရာဇဂြိုဟ်ပြည်အနီး၊ ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ေ၀သာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ေ၀သာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ေ၀သာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ေ၀သာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ေ၀သာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၎င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွါတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ေ၀ဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ေ၀စာလီပြည်သို့ ကြွတော်မူသည်။
ေ၀သာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ေ၀သာလီကို အုပ်စိုးသော လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ေ၀သာလီပြည်အနီး တောင်ဘက်ရှိ ေ၀ဠု၀ရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ထေို၀ဠု၀ရွာတွင် ၄၅ဝါမြောက် နောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။
ေ၀ဠု၀ရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ေ၀ဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်ဝင်စား၍ ေ၀ဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စေု၀းစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။