ဂျီဩမေတြီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၁ -
{{cleanup|date=မေ ၂၀၁၇}}
[[File:Calabi-Yau.png | thumb | ကလာဘီ ရောင်း အထွေး]]
'''ဂျီဩမေတြီ''' (Geometry, ဂရိဘာသာ အားဖြင့် γεωμετρία; geo = earth, metria = measure) သည် ပမာန၊ ပုံသဏ္ဌာန် နှင့် ပုံတို့၏ နေရာတို့နှင့် ပတ်သက်သော [[သင်္ချာ]]ဘာသာရပ်တစ်ခုဖြစ်သည်။ ဂျီဩမေတြီသည် အလွန် ရှေးကျသော [[သိပ္ပံ]]ဘာသာရပ်တစ်ခုဖြစ်သည်။ အစပိုင်းတွင် ဂျီဩမေတြီသည် [[အလျား]]၊ [[ဧရိယာ]]၊ [[ထုထည်]] သာ ပတ်သက်ခဲ့သည်။ ၃ ရာစုနှစ်တွင် [[ယူကလစ်]] (Elucid) က ဂျီဩမေတြီ [[အဆိုပြုချက် သဘော]] (axiomatic form) ဖြင့် စတင်ခဲ့ပြီး ၎င်း တင်ပြချက်ကို [[ယူကလစ် ဂျီဩမေတြီ]] ဟု နောင်ရာစုနှစ်ပေါင်းများစွာထိ စံအဖြစ် ရပ်တည်ခဲ့သည်။ [[နက္ခတ္တ]] ပညာတွင် အထူးသဖြင့် ကြယ်များနှင့် ၎င်းတို့၏ စက်လုံးပုံ ဂြိုလ်များ၏ဂြိုဟ်များ၏ နေရာများကို တွက်ချက်ရာတွင် ဂျီဩမေတြီသည် နောက်ထပ် နှစ်ပေါင်း ၁၅၀၀ အထိ တိုင်အောင် အဓိက ဖြေရှင်းပေးလျက်ရှိသည်။
 
[[ရာနယ် ဒေကာ့]]၏ [[ကိုဩဒီနိတ်]]စနစ် စတင်လိုက်ခြင်းနှင့် တပြိုင်တည်းတိုးတက်လာသော [[အက္ခရာ သင်္ချာ]] တို့သည် ဂျီဩမေတြီ ကို အခြေအနေသစ် တစ်ခုအဖြစ်သို့ တိုးမြင့်လိုက်ပြီး [[မျဉ်းကွေး]] (plane curves) စသည့် ဂျီဩမေတြီ ပုံတို့ကို [[ဖန်ရှင်]]၊ ညီမျှခြင်း စသည့် [[အက္ခရာ]]များဖြင့် ဖေါ်ပြနိုင်သည်။ ၎င်းသည် ၁၇ ရာစုတွင် ပေါ်ပေါက်ခဲ့သည် [[ကဲကုလပ်]] ကို အခြေခံပေးလေသည်။ ထို့အပြင် [[မြင်ကွင်း သဘော]] (perspective) သီအိုရီ သည် ပုံ၏ အတိုင်းအဆများထက် အခြား အဘောများလည်းပါကြောင်း ပြသသည်။ ဂျီဩမေတြီ ဘာသာကို [[လီယွန်ဟတ် အွိုင်လာ|အူလာ]] (Eular) နှင့် [[ကားလ် ဖရီးဒရစ် ဂေါက်|ဂေါက်]] (Gauss) တို့က ဂျီဩမေတြီပုံတို့၌ တည်ဆောက်ပုံတို့၏ အရင်းစစ် (intrinsic) သဘောများကို ဆက်လက်လေ့လာကြပြီး [[တိုပိုလိုဂျီ]] နှင့် နှိုင်းယှဉ်ခြင်း ဂျီဩမေတြီ (differential geometry) တို့ ပေါ်ပေါက်ခဲ့သည်။