မဟာပါသဏလိုဏ်ဂူတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +link
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၁၃ -
 
== ပုံသဏ္ဌာန် ==
လိုဏ်ဂူတော်ကြီး တည်ဆောက်ရာတွင် သံပေါင်ကွန်ကရစ်များဖြင့်သာ အမာခံ တည်ဆောက်ထားသည်။ လိုဏ်ဂူတော်ကြီး ကို ပထမ သင်္ဂါယနာတင်၍ ရာဇဂြိုလ်ပြည်ရာဇဂြိုဟ်ပြည် စရည်းပင် ရောက်ရာ လိုဏ်ဂူတော်ကြီးကို ပုံစံထား၍ ဆောက်လုပ်ခဲ့သည့် အတိုင်း အပြင်ဘက်မှ ကြည့်လျင် ကျောက်တောင်ကြီးကဲ့သို့ မှတ်ထင်ရသည်။ အတွင်းသို့ ဝင်ကြည့်ပါက ကျောက်တောင်ကြီးမှာ သီးသန့် ပန္နက်ပေါ်တွင် တည်နေသည်ကို တွေ့မြင်နိုင်သည်။ လိုဏ်ဂူတော်ကြီး၏ အပြင်ဘက် ဝန်းကျင်မှာ အလျား ၄၅၅ ပေ၊ အနံပေ ၃၇၀ ပေ ရှိသည်။ အတွင်းဘက်မှာမူ အလျားပေ ၂၂၀ ပေ၊ အနံပေ ၁၄၀ ပေ မျှရှိသည်။ ခြောက်ကြိမ်မြောက် သင်္ဂါယနာတင်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် ဝင်ပေါက်ကြီး (တံခါးပေါက်) ခြောက်ပေါက်နှင့် တိုင်ကြီး ခြောက်တိုင်ရှိသည်။ တိုင်တစ်တိုင်စီလျင် ၅၅ ပေ အမြင့်ရှိသည်။ ရတနာသုံးပါးကို ရည်စူးလျက် အတွင်း နံရံအား ဖောက်ထွင်း၍ ဖောက်ထွင်းထားသည့် အပေါက် သုံးဆင့်မျှ ရှိသည်။ တစ်ဖန် အပေါက်ရှိရာ နံရံ တစ်ထစ် တစ်ထပ် လျှင် ပဌာန်း ၂၄ ပစ္စည်းတို့ကို ရည်စူးလျက် အခန်းပေါင်း ၂၄ ခန်းရှိသည်။ ကမ္မဌာန်း ကျောက်ဂူ ၂၅ ခန်း၊ သံပြတင်းပေါက် ၆၂ ပေါက် တို့ဖြင့် တည်ဆောက်ထားသည်။ ထို့အပြင် မျက်နှာကျက်နှင့် အပေါ်ဆုံး လေစုပ်ပေါက်များနှင့် ဓမ္မစကြာ တံဆိပ်တော်ဖြင့် ဝန်းရံအုပ်ခြုံထားသည်။
 
လိုဏ်ဂူတော်ကြီးကို ပတ်၍ သွားရန် ၈ ပေ အကျယ်ရှိသော အတွင်းလိုဏ်ဂူလမ်း ၂ ထပ်ရှိ၍ လိုဏ်ဂူတော်ပတ်သည့် လမ်းနှစ်ထပ် ရှိသည်။ လိုဏ်ဂူတော်ကြီး၏ မြောက်ဘက်အတွင်းတွင် အထပ်လေးထပ် ရှိ၍ ထိုအထပ်လေးထပ် အပေါ်ဆုံး ဘုရားရင်ပြင်တော်နှင့် အများပူဇော်နိုင်ရန် ဆင်းတုတော် ([[ရုပ်ပွားတော်]]) တစ်ဆူရှိသည်။ လိုဏ်ဂူတော်ပေါ်သို့တက်နိုင်ရန် အပြင်ကျောက်လမ်း၊ အရှေ့၊ အနောက်မှ ကျောက်လမ်းနှစ်ခု ဖန်တီးထားသည်။ ထို့အပြင် အတွင်း လမ်းပေါ် တောင်ဘက်မှ လှေကားနှစ်ဆင့် ၊ မြောက်ဘက်မှ လှေကားတစ်ဆင့် အပြင် ဓာတ်လှေကားတစ်ခုလည်း တပ်ဆင်ထားသည်။ လိုဏ်ဂူတော်ကြီး၏ မျက်နှာကျက်နှင့် နံရံများတွင်လည်း အသံထိန်းသည့် အရာဝတ္ထုပစ္စည်းများဖြင့် တည်ဆောက်ထားသည်။