အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace with image from Commons
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၁၄၃ -
ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြပါသည်။လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။
 
အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင် ၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုလ်တုနှင့်ဂြိုဟ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်ပါသည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်” ၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။
ယခုအခါတွင် ဟိုတယ်(လ်)အများအပြားတွင်လည်း အခကြေးငွေ ပေးရလေ့ ရှိသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် တာမင်နယ်(လ်)များ ရှိပါသည်။ လက်မှတ်ဝယ်ခြင်း၊ ဘဏ်တွင် ငွေအပ်နှံခြင်း၊ အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း စသည်ဖြင့် အသုံးအမျိုးမျိုး တို့အတွက် ဤတာမင်နယ်(လ်)များကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြိုးမဲ့ ကွန်ပျူတာ ကွန်ယက် ဆက်သွယ်ခြင်းများ အသုံးပြုရန် ဝိုင်ဖိုင်က ထောက်ပံ့ပေးသည်။ ထို့ကြောင့် ယင်းက အင်တာနက်သို့ ဆက်သွယ်ရန်ကိုလည်း စွမ်းဆောင်နိုင်သည်။ လက်(ပ်)တော့(ပ်) သို့မဟုတ် PDA ကဲ့သို့သော ကိုယ်ပိုင် ကြိုးမဲ့သုံးနိုင်သော ကိရိယာပစ္စည်းများကို အသုံးပြုသူများက ယူဆောင်လာဖို့ လိုအပ်သော ဝိုင်ဖိုင်ကဖေးများ အပါအဝင် ဤကဲ့သို့ အသုံးပြုနိုင်မှုများကို ဟော့(တ်)စပေါ့(တ်)များ(HotSpot) (ရောက်တာများ(Router)ကိုအသုံးပြုပြီး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူထံမှ ကြိုးမဲ့ နေရပ်တွင်း ဧရိယာကွန်ယက် ပေါ်မှ တဆင့် အင်တာနက် အသုံးပြုခွင့် ပေးသော နေရာများ)က ထောက်ပံ့ပေးသည်။ ဤဝန်ဆောင်မှုများမှာ အားလုံးအတွက် အခမဲ့၊ ဈေးဝယ်များအတွက်သာ အခမဲ့၊ သို့မဟုတ် အခကြေးငွေ ကောက်ခံသော ဝန်ဆောင်မှုများ ဖြစ်နိုင်ပါသည်။ ဟော့(တ်)စပေါ့(တ်) ပိတ်ထားသော နေရာတစ်ခုအတွင်း ကန့်သတ်ထားဖို့ မလိုပေ။ ပရိဝုဏ် သို့မဟုတ် ပန်းခြံတစ်ခုလုံး သို့မဟုတ် မြို့တစ်ခုလုံးမှာ အသုံးပြုနိုင်ပေသည်။ အခြေခံလူတန်းစားများ၏ လှုပ်ရှား ကြိုးပမ်းမှုများက ကြိုးမဲ့ လူမှုအသိုင်းအဝိုင်း ကွန်ယက်များ၌ လမ်းပြ ခေါ်ဆောင်ခဲ့သည်။ လန်ဒန်၊ ဗီယင်နာ၊ တိုရန်တို၊ ဆန်ဖရန်ဆစ်စကို၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုနှင့် ပစ္စဘတ် မြို့များ၏ မြို့ဧရိယာ အများအပြားကို ဖုံးလွှမ်းထားသော စီးပွားဖြစ် ဝိုင်ဖိုင်ဝန်ဆောင်မှုများက နေရာတကျ ရှိနေပေသည်။ ထို့ကြောင့် ပန်းခြံထိုင်ခုံ တန်းလျားများ ကဲ့သို့ နေရာများ၌ပင် အင်တာနက်ကို အသုံးပြုနိုင်ပေသည်။