ရေညှောင့်ကောင်ငှက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
စာကြောင်း ၅၉ -
ကျေးငှက်တို့၏ ကမကထ ပြုမှုဖြင့် ထိုင်း၊ ပျပန်နှင့် ရုရှားတို့မှ ကျေးငှက်တိရစ္ဆာန်များ ကျွမ်းကျင်သူ ပညာရှင် အဖွဲ့သည် ရှားပါးကျေးငှက်မျိုးစိတ် ဖြစ်သည့် ရေညှောင့်ကောင်ငှက် ၈၄ ကောင်ကို မြန်မာနိုင်ငံ၏ ကမ်းခြေဒေသများတွင် ရှာဖွေ တွေ့ရှိခဲ့ပါသည်။၎င်းငှက်များမှာ ဆားဗီးယားနိုင်ငံမှ ပြောင်းရွှေ့လာကြသည့် ကျေးငှက်များ ဖြစ်သည်ဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ Christoph Zoeckler ကဆိုပါသည်။
 
ရေညှောင့်ကောင်ငှက်များ၏ ပြောင်းရွှေ့ ကျင်လည် ကျက်စားမှုအရ ဆားဗီးယားမှ တစ်ဆင့် ဂျပန်၊ မြောက်ကိုရီယား၊ တောင်ကိုရီယားနှင့် တရုတ်နိုင်ငံ၊ ၎င်းမှတစ်ဆင့် အရှေ့တောင် အာရှဒေသသို့ ဆောင်းရာသီ ကာလတွင် လာရောက် ခိုလှုံကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် အရှေ့တောင် အာရှဒေသအတွင်း ဆောင်းခိုငှက်များအား စောင့်ကြည့် လေ့လာရန်အတွက် သုံးနှစ်နီးပါး ကြာအောင်ဂြိုလ်တုကြာအောင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ်၊ သုတေသနပြု စနစ်များဖြင့် အထောက်အထားများ ရရှိအောင် မှတ်တမ်းတင်ခဲ့ကြပါသည်။
 
ရလဒ်အဖြစ် ထိုင်းနယ်စပ်အနီးရှိ မုတ္တမ ပင်လယ်ကွေ့၊ ဘင်္ဂလား ပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ်တို့၌ ရေညှောင့်ကောင် ငှက်များအား ရှာဖွေမှတ်တမ်းတင် နိုင်ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်မူ ကောင်ရေ အနည်းငယ်သာ တွေ့ရှိရသော်လည်း အိန္ဒိယနိုင်ငံတွင်မူ မတွေ့ရှိရဟု ဆိုပါသည်။ ယင်းနောက်ပိုင်း သုတေသန ပြုချက်များအရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌ပင် ရေညှောင့်ကောင်ငှက် အရေအတွက် ၁၅၀ မှ ၂၀၀ အကြားတွင် တွေ့ရှိရကြောင်း၊ အဆိုပါ အရေအတွက်က ကမ္ဘာတစ်ဝန်းရှိ ရေညှောင့်ကောင်ရေ အရေအတွက်၏ ထက်ဝက်ကျော်ပင်ဖြစ်ကြောင်း ဂေဟဗေဒပညာရှင် အတိုင်ပင်ခံ အဖွဲ့၏ ခေါင်းဆောင် ဒေါက်တာ Christoph Zoeckler က ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။