ခြင်္သေ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
စာကြောင်း ၄၀ -
* တိဏခြင်္သေ့သည် မြသီး၊ မြရွက်၊ ကမ္ဗလာအစိမ်း အဆင်းကဲ့သို့ အလွန်စိမ်းသော ကိုယ်အမွေးအရောင် ရှိ၏။ အမြီးမှင် ဆံဦးစွန်းမှစ၍ အမြီးက ကျောရိုးလည်တိုင်သို့ လျှောက် ၍ လက်ဝဲ၊ လက်ျာ ဖုံးလျက် ဖားဖားဝေဝေ စိမ်းစိမ်းစိုစိုနှင့် ကျက်သရေ ရှိလှသည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်အတွင်း ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်း အတွင်းများမှာ ဘော်ငွေအဆင်း ဖွေးဖွေးဖြူသော အမွေးများရှိသည်။ ခြေချောင်းလက်ချောင်း လူကဲ့သို့ ငါးချောင်း၊ ခြေသည်းလက်သည်း ကြောင်ကဲ့သို့ အဖျားချိတ်လျက် အအိမ်ဖုံး၍ အပြင်သို့မထွက် နူးညံ့သော ခြေဘဝါး လက်ဘဝါး ရှိသည်။ တိဏ ခြင်္သေ့မျိုးသည် မြက်သစ်ရွက်ကိုသာ စား၏။ လူခြောက်ဆယ်မျှသော ခွန်အား ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် နှစ်ရာ့ငါးဆယ် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် လေးထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် လေးသောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။
[[File:MM80.jpg|thumb|၁၀၀ဝ ကျပ် ဆိုဒ်သေး (၂၀၀၄-ခုနှစ်ထုတ်)မှ ခြင်္သေ့]]
* ကာဠခြင်္သေ့သည် ပိတုန်းတောင် အဆင်းကဲ့သို့ မည်းမည်းမောင်းမောင်းသော အမွေးရှိသည်။ ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်းအတွင်း ရဲရဲနီသော အမွေးရှိသည်။ ခြေချောင်းလက်ချောင်း ငါးချောင်းစီ ရှိပြီး၊ ခြေသည်းလက်သည်းမှာ မြွေငန်းစွယ်သဏ္ဍာန်မြွေငန်းစွယ်သဏ္ဌာန် အဖျားကောက်လျက် အပြင်သို့ မထွက်ဘဲ နူးညံ့စွာသော ခြေ၊ လက်ဖဝါး ရှိသည်။ ၎င်းခြင်္သေ့သည် သား၊ ငါး၊ အမဲကိုသာ စား၏။ လူတစ်ရာအားနှင့် ညီမျှသည်။ အထက်သို့ မိမိအရပ်အလျား အပြန် သုံးရာခုနှစ်ဆယ့်ငါး ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင့်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ခြောက်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် ခုနှစ်သောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ ယင်းခြင်္သေ့သည် မိမိဟောက်သော အသံအတွင်း သား၊ အမဲ၊ တိရစ္ဆာန်တို့ကို တဟုန်တည်း လိုက်၍ ဘမ်းကိုက်စားသည်။ ယင်းမှ မိမိနေရာသို့တဖန် အရောက်ပြန်နိုင်စွမ်း ရှိသည်။ စားသောက်ပြီးသော အစာကို နေရာသို့ မဆောင်ယူ၊ ပစ်ထားခဲ့လေ့ ရှိသည်။
 
* ကေသရ အမည်ရှိသော ခြင်္သေ့သည် ရဲရဲနီစွေး အဆင်းရှိ၏။ မှင်ဆံ၊ အမြီး၊ ဦးစွန်း၊ လည်ဆံ၊ အမောက်မွေးတို့သည် ဖားဖားဝေလျက် ရှိသည်။ အခြားသော တိရစ္ဆာန်တို့သည် တည့်တည့်မတ်မတ်မှ မကြည့်ဝံ့ကြပေ။ လည်မျိုမှ ဝမ်းပျဉ်းအတွင်း ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူဖြူ ပြောင်ပြောင်လက်လက် ရှိ၏။ နူးညံ့သော ခြေဘဝါး၊ လက်ဘဝါးလည်း ရှိသည်။ ယင်းခြင်္သေ့သည် သား၊ အမဲတို့ကိုသာ စား၏။ ခြေချောင်းလက်ချောင်း ရှည်၍ ခြေသည်းလက်သည်းမှာ သံချွန်းကောက်ကဲ့သို့ အဖျားခွေလျက် အအိမ်ဖုံးသည်။ လူတစ်ရာ့တစ်ဆယ်မျှသော အင်အားမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် ငါးရာ ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်နှစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ရှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိုးကြိုးလောင်မီးအသံထက် လွန်လျက် မိမိအရပ်အလျား အပြန် ကိုးသောင်းခြောက်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ သားကောင်ကို ဖမ်းယူစားသောက် ပြီးသောအခါ နေရာသို့ မဆောင်ယူ ပစ်ထားမြဲဖြစ်သည်။<ref>အာဒိကပ္ပကမ္ဘာဦးကျမ်း</ref>