"ခြေဆယ်ချောင်းသတ္တဝါ" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး (removed Category:သတ္တဗေဒ using HotCat)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်))
ကဏန်းပေါက်စကလေးများမှာ အမိအဖဖြစ်သော ကဏန်းကြီး များနှင့် ပုံပန်းလုံးဝ မတူကြချေ။ မိခင်ကဏန်းမကြီးသည် မိမိ ကိုယ်အောက်တွင် ဥများကိုကပ်၍ လုံခြုံစွာ သယ်ယူသွားလေ့ရှိ၏။ သို့သော် ဥမှပေါက်ဖွား လာသော သားငယ်အပေါ်၌ တစ်စုံတစ်ရာ စိတ်ဝင်စားခြင်း မရှိတော့ဘဲ ပင်လယ်အောက်ခင်းပေါ်တွင် ထိုအတိုင်းပင် ပစ်ထားလေ့ရှိသည်။ ကဏန်းပေါက်စတို့၏ အရွယ်မှာ မီးခြစ်ဆံခေါင်းမျှ လောက်မျှသာရှိ၍ ယင်းတစ်ကောင်စီကို အလင်းပေါက် အရေခွံတစ်မျိုးဖြင့် ရစ်ပတ်ဖုံး အုပ်လျက်ရှိသည်။ ထိုအရေခွံကို ကဏန်း ပေါက်စလေးများသည် ချက်ခြင်းလိုလိုပင် ဆောင့်ကန် ရုန်းထွက်ပြီးနောက် ရေအောက်မြေပြင်မှ ရေပေါ်သို့ တက်လာကြသည်။
 
ကဏန်းပေါက်စကလေးတို့သည် ကျယ်ဝန်းလှသော ရေလောကတွင် ပျော်မဆုံးအောင် ကူးခတ်သွားလာ လျက်ရှိစဉ် များသောအားဖြင့် ငါးတို့၏ ပါးစပ်တွင်းသို့ သက်ဆင်းသွားကြသည်။ ငါးမစားဘဲ အသက် ရှင်သန်နေသော ကဏန်းကလေးများမှာ အကြိမ်ကြိမ် အရေလဲခြင်းဖြင့် တဖြည်းဖြည်း ကြီးမားလာကြသည်။ အတန်ငယ် ကြီးလာသောအခါ ကဏန်းကြီးများနှင့် သဏ္ဍာန်တူလာ၍သဏ္ဌာန်တူလာ၍ ထိုအချိန်တွင် ရေမကူးတော့ဘဲ ရေတိမ်ရာအရပ်နှင့် ရေစပ်ကမ်းပါးသို့ ချဉ်းကပ်လာကြသည်။
 
ထိုအချိန်ကား ယင်းတို့အတွက် ဘေးအန္တရာယ် အများဆုံးအချိန် ဖြစ်တော့၏။ အချို့မှာ [[ဇင်ယော်]]၊ [[ဗျိုင်း]]၊ [[လင်းဝက်]] စသော ငှက်အမျိုးမျိုးတို့၏ ထိုးသတ်ခြင်းကို ခံရ၏။ အချို့မှာ ငါးနှင့်တကွ အခြားရေသတ္တဝါ အမျိုးမျိုးတို့၏ အစားကို ခံကြရ၏။ ယင်းတို့ အနက် ဇာတ်တူသားချင်း မရှောင်သော ကဏန်းကြီးတို့၏ စားသောက်ခြင်းကို ခံရသည်မှာလည်း မနည်းပေ။