ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →ကိုးကား |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်) |
||
စာကြောင်း ၁ -
'''ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ''' သည် ပုဂံမြို့ တစ်ဘက်ကမ်း [[ဧရာဝတီမြစ်]]၏ အနောက်ဘက်ကမ်းတွင် တည်ဆောက်ထားသော စက်ရုံတစ်ခု ဖြစ်သည်။ [[မကွေးတိုင်းဒေသကြီး]]၊ [[ပခုက္ကူခရိုင်]]တွင် ပါဝင်ပေသည်။ ကျပ်သိန်း (၁၃၂၈)သိန်း ရင်းနှီးမြှုပ်နှံထားရသော စက်ရုံကြီး ဖြစ်သည်။ ၎င်းရင်းနှီးမြှုပ်နှံငွေထဲတွင် နိုင်ငံခြားငွေ (၈၉၃)သိန်း လည်းပါဝင်သည်။ ကျွန်းချောင်းဓာတ်မြေဩဇာ စက်ရုံကြီးမှာ ဧရာဝတီမြစ်နံဘေး မြန်မာ့ရေနံမြေ ဒေသတွင် တည်ဆောက်ထားခြင်းကြောင့် ဓာတ်မြေဩဇာ ထုတ်လုပ်ရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများကို အလွယ်တကူ လုံလုံလောက်လောက်ရရှိနိုင်ပေသည်။ ကုန်ကြမ်းများမှာ ရေနံကြောတစ်ဝိုက်မှ ရယူနိုင်သော သဘာဝဓာတ်ငွေ့များ၊ ရေနွေးငွေ့အတွက် ဧရာဝတီမြစ်ရေများ၊ ကောင်းကင်ထက်မှ လေများဖြစ်လေသည်။ ထိုသဘာဝကုန်ကြမ်းများကို ခေတ်မှီစက်ရုံကြီးမှ ဓာတ်မြေဩဇာများအဖြစ် ထုတ်လုပ်ပေးခြင်း ဖြစ်ပေသည်။
ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝဓာတ်ငွေ့ကို ဓာတ်ပေါင်းပြုလုပ်ပြီးနောက်၊ လေဓာတ်၊ ရေဓာတ်၊ အပူဓာတ်တို့ကို သိပ္ပံနည်းအရ ပေါင်းစပ်ပေးလိုက်သောအခါ
ကျွန်းချောင်းဓာတ်မြေဩဇာ စက်ရုံကြီးသည် (၂၃၀)ဧက ကျယ်ဝန်းသည်။ တစ်နေ့လျှင် ဓာတ်မြေဩဇာ တန်ချိန် ၂၀၇-တန်ကို ထုတ်လုပ်ပေးနိုင်ပေသည်။ ၁၉၇၃-ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်ပသို့ တန်ချိန် ၁၀၃၆၀-တန် ရောင်းချနိုင်ခဲ့ပေသည်။<ref>လွင်မောင်၊ မှတ်တမ်းသမိုင်း ပဲခူး မကွေးတိုင်း၊ ၁၉၇၅-ခု၊ဇူလိုင်လ၊ စာ-၂၈၉/၂၉၀</ref>
|