ချင်ဂီဇ် အီမာတော့ဗ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
 
၁၉၄၆ ခုနှစ်တွင် ဖရန်ဇီရှိ ကာဂျစ်စိုက်ပျိုးရေးအင်စတီကျူရှိ တိရစ္ဆာန်မွေးမြူရေးဌာနတွင် ပညာသင်ကြားခဲ့သည်။ သို့သော် မော်စကိုမြို့ရှိ မက္ကဇင်ဂေါ်ကီစာပေအင်စတီကျူတွင် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ စာပေပညာကို ပြောင်းလဲသင်ယူခဲ့သည်။ ထို့နောက် ပရာဗဒါ(Прабда - စစ်မှန်မှု)သတင်းစာတွင် ရှစ်နှစ်မှ အလုပ်လုပ်ကိုင်ခဲ့သည်။ သူ၏ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော ဆောင်းပါးတို့မှာ ရုရှားဘာသာဖြင့်ရေးသားထားသော "The Newspaper Boy Dziuio" နှင် "Ашым" တို့ဖြင့်သည်။ ကာဂျစ်ဘာသာဖြင့် ပထမဆုံးထုတ်ဝေခဲ့သည်မှာ "Ак Жаан" (မိုးဖွဲ့ဖြူ၊ ၁၉၅၄ ခုနှစ်)ဖြစ်ပြီး ကျော်ကြားသောဝတ္ထုမှာ "ဂျမီလာ" ဝတ္ထုဖြစ်ပြီး ထိုဝတ္ထုကို ၁၉၅၂ ခုနှစ်တွင် ရုရှားဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသော ဒုတိယအကြိမ် မော်စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။<ref name="Moscow1961">{{cite web|url=http://www.moscowfilmfestival.ru/miff34/eng/archives/?year=1961 |title=2nd Moscow International Film Festival (1961) |accessdate=2012-11-04 |work=MIFF |deadurl=yes |archiveurl=https://web.archive.org/web/20130116210653/http://www.moscowfilmfestival.ru/miff34/eng/archives/?year=1961 |archivedate=2013-01-16 |df= }}</ref> ၁၉၇၁ ခုနှစ်၌လည်း သတ္တမအကြိမ် မော်စကိုအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင်လည်း အကဲဖြတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။<ref name="Moscow1971">{{cite web|url=http://www.moscowfilmfestival.ru/miff34/eng/archives/?year=1971 |title=7th Moscow International Film Festival (1971) |accessdate=၂၀၁၈-၂-၃ |work=MIFF |deadurl=yes |archiveurl=https://web.archive.org/web/20140403094201/http://www.moscowfilmfestival.ru/miff34/eng/archives/?year=1971 |archivedate=၂၀၁၈-၂-၃ |df= }}</ref>
 
၁၉၈၀ ခုနှစ်တွင် သူ၏ ပထမဆုံးသော ဝတ္ထုရှည်ဖြစ်သည့် ''The Day Lasts More than a Hundred Years'' ကို ထုတ်ဝေခဲ့ပြီး နောက်ထပ်လက်ရာမွန်တစ်ခုဖြစ်လာမည့် ''The Scaffold'' ကို ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ''The Day Lasts More than a Hundred Years'' နှင့် အခြားသေော ဝတ္ထုများကို ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ကျင်းပသော ၄၄ ကြိမ်မြောက် ဘာလင် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့သည်။<ref name="Berlinale">{{cite web |url=http://www.berlinale.de/en/archiv/jahresarchive/1994/04_jury_1994/04_Jury_1994.html |title=Berlinale: 1994 Juries |accessdate=2011-06-09 |work=berlinale.de}}</ref> ၂၀၀၂ ခုနှစ်တွင် အကဲဖြတ်ဒိုင်လူကြီးဥက္ကဋ္ဌအဖြစ် ၂၄ ကြိမ်မြောက် မော်စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ခဲ့သည်။<ref name="Moscow2002">{{cite web|url=http://www.moscowfilmfestival.ru/miff34/eng/archives/?year=2002 |title=24th Moscow International Film Festival (2002) |accessdate=2013-03-30 |work=MIFF |deadurl=yes |archiveurl=https://web.archive.org/web/20130328141921/http://moscowfilmfestival.ru/miff34/eng/archives/?year=2002 |archivedate=2013-03-28 |df= }}</ref>
 
အီမာတော့ဗ်သည် ကျောက်ကပ်ရောဂါ(kidney failure) ခံစားခဲ့ရသည်။ ၁၆ မေ ၂၀၀၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ နုရင်ဘတ်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိုဆေးရုံတွင်ပင် နျူမိုးနီးယားရောဂါဖြင့် ၁၀ ဇွန် ၂၀၀၈ ခုနှစ်၊ အသက် ၇၉ နှစ်တွင် ကွယ်လွန်ခဲ့သည်။<ref name=reuters/> ကွယ်လွန်ပြီးနောက် သူ၏အလောင်းကို ကာဂျစ်စတန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့သည်။ အောက်မေ့ဖွယ်အခမ်းအနားများစွာပြုလုပ်ပြီး ကာဂျစ်စတန်နိုင်ငံ၊ Chüy oblast၊ Alamüdün district၊ Chong-Tash village တွင် သူကူညီရှာဖွေခဲ့သော<ref name="eurasianet">{{cite web|url=http://www.eurasianet.org/departments/insight/articles/pp061108.shtml |title=KYRGYZSTAN: CHINGIZ AITMATOV, A MODERN HERO, DIES |publisher=EurasiaNet |date=2008-06-11 |accessdate=2009-07-26}}</ref> သူ့ဖခင်သင်္ဂြိုလ်ခဲ့သည့်နေရာဟု ယူဆရသော<ref name="rferldeath">{{cite web|url=http://www.rferl.org/content/Chyngyz_Aitmatovs_Lifelong_Journey_Toward_Eternity/1359041.html |title=Chingiz Aitmatov's Lifelong Journey Toward Eternity |publisher=Radio Free Europe, Radio Liberty |date=2008-12-12 |accessdate=2009-07-26}}</ref> အာတာ ဘီရစ် သင်္ချိုင်း(Ata Beyit cemetery) တွင်ပင် သင်္ဂြိုလ်ခဲ့သည်။
 
နယူးယောက်တိုင်းမ်သတင်းစာမှ သူ၏နာရေးသတင်းအား "ဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲမီက ကာဂျစ်ဆိုဗီယက်နိုင်ငံ ပြည်သူများ၏ အသံကို ထုတ်ဖော်ခဲ့သော နောင်တွင် ဆိုဗီယက်ခေါင်းဆောင် [[မစ်ဟေး ဂေါ်ဗာချော့ဗ်|မီခေးလ် ဂိုဘာချော့]]၏ အကြံပေး၊ မိတ်ဆွေနှင့် သံတမန် ဖြစ်လာခဲ့သူ"ဟု ဖော်ပြခဲ့သည်။{{efn|"a Communist writer whose novels and plays before the collapse of the Soviet Union gave a voice to the people of the remote Soviet republic of Kyrgyz""later became a diplomat and a friend and adviser to the Soviet leader Mikhail Gorbachev."}}<ref>[https://www.nytimes.com/2008/06/15/books/15aitmatov.html?ref=obituaries Chingiz Aitmatov, Who Wrote of Life in U.S.S.R., Is Dead at 79] by Bruce Weber in The New York Times, 15 June 2008</ref>
 
 
== မှတ်စု ==
{{notelist}}
 
 
== ကိုးကား ==
{{reflist}}