ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်: တည်းဖြတ်မှု မူကွဲများ

"{{Infobox book | name = ''ဟယ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁၉ -
| preceded_by = [[ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား]]
}}
'''''ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်''''' ({{lang-en| Harry Potter and the Deathly Hallows}} ၊ '''ဟယ်ရီပေါ်တာနှင့် တြိမရဏဂမ္ဘီရလက်ဆောင်'''၊ '''ဟယ်ရီပေါ်တာနှင့် မှော်ဝင်ရတနာ''' စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး မှော်အတတ်ဆိုင်ရာ စိတ်ကူးယဉ် ဝတ္ထုရှည် တစ်ခု ဖြစ်၍၊ ထိုဝတ္ထုသည် [[ဟယ်ရီပေါ်တာ]] စာအုပ်အတွဲစဉ်တွင် သတ္တမမြောက်နှင့် နောက်ဆုံးစာအုပ် ဖြစ်သည်။ ထိုစာအုပ်ကို ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိခဲ့၍ ၊ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့သော [[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး]] စာအုပ် ထုတ်ဝေချိန်မှ ဆယ်နှစ်ခန့်အကြာတွင် စာအုပ်အတွဲစဉ်ကို အပြီးသတ်လိုက်ခြင်း ဖြစ်ပေသည်။ အဆိုပါစာအုပ်ကို [[ယူနိုက်တက်ကင်းဒမ်း]]တွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက် မှလည်းကောင်း၊ [[အမေရိကန်ပြည်ထောင်စု]]တွင် စကောလာ့စတစ် မှလည်းကောင်း၊ [[ကနေဒါ]]တွင် ရိန်းကို့စ် မှလည်းကောင်း ထုတ်ဝေဖြန့်ချိခဲ့လေသည်။ ဤဝတ္ထုသည် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့သော [[ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား]] ဝတ္ထုအတွင်းမှ ဖြစ်ရပ်များကို တိုက်ရိုက်သဘော ဆက်လက်ဖော်ပြထားခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာမူ မှော်ဆရာများ ဖြစ်ကြသော ဟယ်ရီပေါ်တာနှင့် သခင်ဗိုဒီမော့တို့နှစ်ဦး၏ နောက်ဆုံးသော ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပွဲအကြောင်း ဖြစ်သည်။
 
''မရဏမှော်လက်ဆောင်'' ဟူသော ခေါင်းစဉ်အမည်သည် ''ပေါ်တာ'' စာအုပ်အတွဲမှ ယခင်က ခေါင်းစဉ်များနှင့် ထူးခြားစွာ ကွဲလွဲနေမှုကြောင့် အံ့သြမှုများကို ဖြစ်စေခဲ့သည်။ ထိုဝတ္ထုသည် စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်း၌ပင် ၈.၃ သန်းနှင့် ယူနိုက်တက်ကင်းဒမ်းတွင် ၂.၆၅ သန်း ရောင်းချနိုင်ခဲ့မှုကြောင့် ဂရင်းနစ်မှတ်တမ်းတွင် '''စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အရောင်းရဆုံး စိတ်ကူးယဉ်စာအုပ်''' အဖြစ် စံချိန်တင်နိုင်ခဲ့သည်။<ref>{{cite web|url=http://www.nytimes.com/2007/07/22/books/22cnd-potter.html|title=Record First-Day Sales for Last ‘Harry Potter’ Book|work=The New York Times|date=22 July 2007|accessdate=15 December 2017}}</ref><ref>{{cite web|url=http://www.guinnessworldrecords.com/Search/Details/Fastestsellingbook-of-fiction-in-24-hours/53237.htm|title=Fastest selling book of fiction in 24 hours|work=Guinness Book of World Records|date=21 July 2007|accessdate=5 February 2011}}</ref> အများအားဖြင့် ကောင်းသော ဝေဖန်မှုများ ရရှိခဲ့သော ထိုစာအုပ်သည် ၂၀၀၈ ခုနှစ် '''ကော်လိုရာဒို ဘလူး စပရု စာအုပ်ဆု''' (Colorado Blue Spruce Book Award) ကို လက်ခံရရှိခဲ့ပြီး အမေရိကန်စာကြည့်အတိုက်အသင်းက '''အရွယ်ရောက်လူငယ်များအတွက် အကောင်းဆုံးစာအုပ်''' ("Best Book for Young Adults") အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့လေ၏။ ထိုဝတ္ထု၏ ရုပ်ရှင်ကားကို နှစ်ပိုင်းခွဲကာ ပြသခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမပိုင်း၊ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ဒုတိယပိုင်း ထွက်ရှိခဲ့သည်။