ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
}}
'''''ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား''''' ({{lang-en| Harry Potter and the Half-Blood Prince}} ၊ '''ဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ''' စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး မှော်အတတ်ဆိုင်ရာ စိတ်ကူးယဉ် ဝတ္ထုရှည် တစ်ခု ဖြစ်၍၊ ထိုဝတ္ထုသည် [[ဟယ်ရီပေါ်တာ]] စာအုပ်အတွဲစဉ်တွင် နောက်ဆုံး၏ရှေ့နှင့် ဆဋ္ဌမမြောက် စာအုပ် ဖြစ်သည်။ ထိုစာအုပ်သည် အဓိကဇာတ်ဆောင် ဟယ်ရီပေါ်တာ၏
ဟော့ဂ်ဝပ် စုန်းကဝေမှော်အတတ်ပညာကျောင်းတော်ကြီးတွင်စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် ဆဋ္ဌမနှစ် ကျောင်းသားဘဝ အကြောင်း ဖြစ်၍ ဟယ်ရီ၏ ပြေးမလွတ်နိုင်သော ဝဋ်ဒုက္ခအကြောင်းများ၊ သခင်ဗိုဒီမော့၊ ဟယ်ရီ၏ ကောင်းရာညွှန်ဆရာကြီး တစ်ဦးလည်းဖြစ်၊ ဟော့ဂ်ဝပ်ကျောင်းအုပ်ဆရာကြီးလည်း ဖြစ်သော အဲလ်ဘတ် ဒမ်ဘယ်လ်ဒိုးနှင့် ဗိုဒီမော့တို့၏ နောက်ဆုံးသောတိုက်ပွဲအတွက် ဟယ်ရီ၏ ကြိုတင်ပြင်ဆင်မှုများ အကြောင်း စသည်တို့ကို သိရှိရမည့် ဝတ္ထု ဖြစ်သည်။
 
ထိုစာအုပ်ကို [[ယူနိုက်တက်ကင်းဒမ်း]]တွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက် မှလည်းကောင်း၊ [[အမေရိကန်ပြည်ထောင်စု]]တွင် စကောလာ့စတစ် မှလည်းကောင်း ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ အခြားသော နိုင်ငံအချို့တွင် ထိုနေ့၌ပင် ထုတ်ဝေခဲ့သေးသည်။ စတင်ဖြန့်ချိချိန်မှ နောက် ၂၄ နာရီအတွင်းမှာပင် အုပ်ရေ ကိုးသန်းခန့်အထိ ရောင်းချနိုင်ခဲ့သဖြင် ထိုအချိန်က မှတ်တမ်းဝင်စံချိန် တစ်ခု ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးတွင် အတွဲစဉ်၏ အဆက်ဖြစ်သော ''[[ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်]]'' မှ ထိုစံချိန်ကို ကျော်ဖြတ်ကာ စံချိန်ချိုးနိုင်ခဲ့သည်။