ကုံကုမံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၈ -
ကုံကုမံပင်သည် နှစ်ကြာခံသည့် အပင်တစ်မျိုးဖြစ်သည်။ မြေအောက်အမြစ်ရင်းတွင် ကြက်သွန်နီကဲ့သို့သော ဥမျိုးရှိ၍ ထိုဥ၏ ထိပ်မှ အရွက်၊ ဖူးတံနှင့် အပွင့်များ ဖူးထွက်ပေါ်လာကြသည်။ မြက်ရွက်နှင့် ဆင်တူသော အရွက်များမှာ ၅လက်မမှ ၉လက်မ အထိရှည်လျားသည်။ ဖူးတံမှာ ရှည်းလျားကာ ခေါင်းပွဖြစ်၍ ထိုဖူးတံထိပ်ဖျားမှ ဆောင်းဦးပေါက်ရာသီတွင် ခရမ်းရောင်နုသန်းသော ကတော့ပုံ ပန်းပွင့်အဖြူများ ပွင့်လာကြသည်။ ကုံကုမံပန်း၌ ပွင့်ချက်၆ချပ်ပါရှိသည်။ အပွင့်၏ အလယ်ဗဟိုတွင် ဝတ်ဆံမတိုင်ရှိ၍ ထိုတိုင်ထိပ်တခု၌ တစ်လက်မ သာသာရှည်သော နီရဲနေသည့် ဝတ်ဆံထိပ် ၃ပင်စီ ပေါက်ကြသည်။
ကုံကုမံဆိုသည်ကား အခြားမဟုတ်။ စုသိမ်း အခြောက်ခံထားသော အဆိုပါ ဝတ်ဆံထိပ် ကလေးများပင်ဖြစ်၏။[[File:Iran saffron threads.jpg|thumb|left|ကုံကုမံဝတ်ဆံထိပ်နှင့် အခြားပန်းဝတ်ဆံများ]][[ပန်းပွင့်]]ပေါင်း ၄၀၀၀မှ [[ဝတ်ဆံ]]ပေါင်း၁၂၀၀၀လောက်ကို စုသိမ်း၍အခြောက်ခံမှ ကုံကုမံ အလေးချိန် တစ်အောင်စခန့်ရသဖြင့် ကုံကုမံသည် ရှေးယခင်ကထက် အဖိုးများစွာ တန်ခဲ့သည်။ ထို့ကြောင့်လည်း ကုံကုမံတွင် အခြားပန်းဝတ်ဆံများကိုရော၍ လူမသမာများကစီးပွားရှာ ရောင်းချလာကြသည်။ ထိုပြစ်မှု ကျူးလွန်သူများကို အလယ်ခေတ်ကသေဒဏ်ပေး၍ပင် နှိပ်ကွပ်သည်ဟုဆိုသည်။
ယခုခေတ်တွင်လည်း ကုံကုမံအတုများရှိသဖြင့် ကုံကုမံကို ဈေးကြီးပေးဝယ်၍ အသုံးပြုလိုသူများအဖို့ အတုနှင့် အစစ်ကို ခွဲခြားသိရှိရန် လိုအပ်သည်။ကုံကုမံအစစ်သည် စီးကရက်ကဲ့သို့ နီညိုရောင်ရှိသည့် အမျှင်ကလေးများ ဖြစ်သည်။ အနံ့သင်း၍စားကြည့်လျှင် အရသာ ခါးသက်သက်ရှိသည့်အပြင် ပူရှိန်းရှိန်းရှိနေသည်ကို တွေ့ရပေမည်။ လျှာပေါ်၌လည်း အဝါရောင်စွဲကျန်ရစ်လိမ့်မည်။ ကုံကုမံ အစစ်ကို စပိန်နိုင်ငံမှ တင်သွင်းရရှိ၍ မြန်မာနိုင်ငံ၌ မီးကုံကုမံဟုတွင်သည်။ အသားအရေပေါ်၍ ဤကုံကုမံကို အရည်ဖျော်၍ လိမ်းထားလျှင် မီးဒဏ်ကို ခံနိုင်သဖြင့် မီးကုံကုမံအစုဟု[[မီး]]ကုံကုမံဟု ခေါ်ဆိုင်သည်။ မြန်မာနိုင်ငံ၌ ကုံကုမံဟူသော အမည်ဖြင့် ရောင်းလေ့ရှိသော ကုံကုမံအတုမှာ ကုံကုမံအစစ်ထက် အနီရောင် ပို၍လွင်သည်။ အနံ့နည်း၍ အရသာတွင်လည်း အခါးဓါတ်၊ အပူဓါတ်ခေါင်းပါးသည်။ ကြာဆံဝတ်ဆံနှင့် တူသောကြောင့် ထိုကုံကုမံအတုမှာ မြန်မာနိုင်ငံ၌ ကြာကုံကုမံ ဟူ၍တွင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ၁အပိုင်းခ</ref>
==ကိုးကား==
မြန်မာ့စွယ်စုံကျမ်း အတွဲ၁အပိုင်းခ<references />