ကလောမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၄၁ -
 
==လူနေထိုင်မှုနှင့် စီးပွားရေး==
ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အဦးအချို့ကို အချို့နေရာများတွင် မြင်တွေ့နိုင်သေးသည်။ [[တပ်မတော်]]မှ [[အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ်|ခြေမြန်တပ်မ(၅၅)]] အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ(၃)၊ ခ.လ.ရ(၇) နှင့် ခ.လ.ရ(၁၁၂) စသည့် တပ်ရင်း(၃)ရင်း ရှိသည်။ တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။ မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောင်တောင်ဘက်ရှိ ရေအေးကန်တို့မှ ဟိုးယခင်မှစတင်ကာ ဖြန့်ဝေပေးသည်။ မြို့အနောက်ဘက်ရှိ သဘာဝရေထွက်မှလည်း ရေပိုက်များဖြင့်သွယ်ယူကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကြိုးစားလုပ်ဆောင် ဖြန့်ဝေပေးနေသည်။ ကလောမြို့အင်းပြင်ရွာတွင် [[လောပိတ ရေအားလျှပ်စစ်စက်ရုံ (၁) နှင့် (၂)|လောပိတ ရေအားလျှပ်စစ်ထုတ်စက်ရုံ]]မှလာသော လျှပ်စစ်ဓါတ်အားကိုလျှပ်စစ်ဓာတ်အားကို ခွဲရုံတည်ဆောက်၍ [[တောင်ကြီး]]၊ [[ပင်းတယမြို့]] ၊ [[သာစည်မြို့]]နှင့် ကလောမြို့တွင်းသို့ ဖြန့်ဝေပေးသည်။ စီးပွားရေးအနေဖြင့် [[မက်မန်းသီး]]၊ [[မက်မွန်သီး]]၊ [[လိမ္မော်သီး]]၊ [[ဂေါ်ဖီထုပ်]]၊ ပန်းမုန်လာ တို့ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ယခင်က သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်း၊ လက်တွန်းလှည်းများကို အားထားအသုံးပြုခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီများဖြင့် အစားထိုး လုပ်ကိုင်နေကြပြီဖြစ်သည်။ အေးချမ်းသောမြို့ ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့် နိုင်ငံခြားခရီးသွားများအတွက် အကြိုက်တွေ့ရာမြို့ဖြစ်သည်။
 
===နေထိုင်သည့်လူမျိုးများနှင့်အလုပ်အကိုင်===