အရင်းရှင်ဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
Merged
စာကြောင်း ၁ -
 
{{merge|အရင်းရှင်စနစ်}}
[[File:Lorrain.seaport.jpg|thumb|right|၁၆၃၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း၌ ကုန်သွယ်မှု ပြုလုပ်နေပုံကို ရေးဆွဲထားသည့် ပန်းချီကား။]]
 
'''အရင်းရှင်ဝါဒ'''သည် စီးပွားရေးစံနစ် တစ်ခုဖြစ်ပြီး၊ ကုန်ထုတ်လုပ်မှု အရင်းအနှီးများ အားလုံးကို ပုဂ္ဂလိကမှ ပိုင်ဆိုင်သည်။ လခစား အလုပ်သမားသည် ကိုယ့်ကိုယ်ကို အငှားချထားခြင်းအပေါ် အဓိကထားသည်။ ထုတ်လုပ်မှု၊ တောင်းဆိုမှုနှင့် ဈေးနှုန်းတို့သည် အစိုးရ၏လုပ်ထုံးလုပ်နည်းများ ဆိုသည်ထက် ဈေးကွက်များမှ အနည်းဆုံးတော့ လွှမ်းမိုးလျက်ရှိသည်။ အမြတ်သည် စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ပိုင်ရှင်ဆီသို့ ရောက်ရှိသွားသည်။ အရင်းရှင်စံနစ်သည် စီးပွားရေးနှင့် ရောင်းဝယ်ရေး ကိစ္စအဝဝအတွက် လုပ်ပိုင်ခွင့်၊ လဲလှယ်မှုအတွက်ထုပ်လုပ်ခြင်း (ကုန်ပစ္စည်းထုတ်လုပ်ခြင်း) နှင့် အရင်းအနှီးစုဆောင်းခြင်း ကိစ္စရပ်များလည်းအပါအဝင် အားလုံးတို့ကို ဆက်ခံပိုင်ခွင့်ရှိသည်။ အရှင်းရှင် စံနစ်၏ အခြားအားလုံးသောပုံစံများကို ထိမ်းချုပ်ထားသည့် ငွေကြေးအရင်းရှင်စံနစ် ဖြစ်ထွန်းလာမှုကို လည်း ကြည့်မြင်နိုင်သည်။
 
အရင်းရှင်စနစ်ဟူသည် ကုန်ထုတ်အရင်းအနှီးများကို ပုဂ္ဂလိကပိုင်
ဆိုင်သော လူမှုစီးပွားရေးစနစ် တစ်ရပ် ဖြစ်သည်။ စီးပွားကုန်သွယ်ရေး
လုပ်ငန်းတစ်ခု၌ မရှိမဖြစ်သော လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊
မြေယာ အဆောက်အဦးများနှင့် ငွေကြေး အရင်းအနှီးများကို ပုဂ္ဂိက
အရင်းရှင်လူနည်းစုက အကြွင်းမဲ့ ပိုင်ဆိုင်ပြီးလျှင် အလုပ်သမား
တို့၏ လုပ်အားကို ရောင်းကုန်ပစ္စည်းအဖြစ် တန်ဖိုးဖြတ်ဝယ်ယူ
၍ အမြတ်အစွန်းရရေးကိုသာ အဓိက ဦးတည်ကာ ကုန်ပစ္စည်း
ထုတ်လုပ်ရောင်းချသော စီးပွားရေးစနစ်လည်း ဖြစ်သည်။
 
အရင်းရှင်စနစ်သည် ဥရောပနိုင်ငံများ၌ စက်မှုတော်လှန်ရေး
(စက်မှုလက်မှု အရေးပုံ)နှင်အတူ ပေါ်ပေါက် လာခဲ့သောစနစ်
ဖြစ်သည်။ ၁၆ ရာစုနှစ်တွင် မြေရှင်ပဒေသရာဇ်စနစ် ပျက်ဆုံး
သွားခဲ့သဖြင့် ထိုစနစ်နေရာ တွင် အရင်းရှင်စနစ်က အစားဝင်
ရောက်လာခဲ့ခြင်း ဖြစ်သည်။ မြေရှင်ပဒေသရာဇ်တို့သည်
ဆင်းရဲသား၊ မြေကျွန်ယာကျွန်များ၊ လက်မှုပညာသည် အလုပ်
သမားများနှင့် ကုန်သည်ပွဲစားများ အစရှိသော ပြည်သူလူထု
တစ်ရပ်လုံးအပေါ်တွင် စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်
ကြီးစားကာ သဘောရှိ ချယ်လှယ်လာခဲ့ကြသည်။ ထိုအခါ
ကုန်သည် လူတန်းစားနှင့် တောင်သူလယ်သမား၊ အလုပ်သမား
တို့ ပူးပေါင်းလာကြပြီးလျှင် ကုန်ပစ္စည်း ထုပ်လုပ်ရောင်းချရေး
လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာခဲ့ကြသည်၊နောင်အခါတွင် ကုန်သည်
လူတန်းစားများသည် ရောင်းဝယ်ရေးလုပ်ငန်းမှ အမြတ်အစွန်းများ
ရရှိလာကြ ပြီးလျှင် ဓနဥစ္စာ အမြောက်အမြားကို စုဆောင်းမိလာကြသည်။
သို့ဖြင့် ကုန်သည်များသည် မိမိတို့ စုဆောင်း ရရှိသော ဓနဥစ္စာ အရင်း
အနှီးများဖြင့် ကုန်ထုတ် အလုပ်ရုံ၊ စက်ရုံများ တည်ထောင်၍
လက်မှုပညာသည် အလုပ်သမားများ၏ လုပ်အားကို အခပေး
ဝယ်ယူကာ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့ကြသည်။
 
တစ်ချိန်တည်းတွင် ဥရောပနိုင်ငံများ၌ သိပ္ပံပညာအစွမ်း
ကြောင့် စက်မှုကိရိယာများကို တီထွင် သုံးစွဲလာကြသဖြင့်
ကုန်ထုတ်စက်ရုံ အလုပ်ရုံများမှာလည်း တိုးတက် ကျယ်ပြန့်လာ
ခဲ့လေသည်။ ဤသို့ဖြင့် ကုန်သည် လူတန်းစားတို့သည် စက်ရုံ
အလုပ်ရုံပိုင် အရင်းရှင် လူတန်းစားဘဝသို့ ရောက်ရှိလာခဲ့ခြင်း
ဖြစ်သည်။
 
အရင်းရှင်စနစ်သည် ကုန်ထုတ် အရင်းအနှီး၊ အရင်းရှင်နှင့်
အလုပ်သမားတို့ ပါဝင် ဖွဲ့စည်းထားသောစနစ် ဖြစ်သည်။
ကုန်ထုတ်အရင်းအနှီးဆိုသည်မှာ မြေယာများ၊ မြေတွင်း
မြေပေါ်ရှိ သဘာဝဓာတ်သတ္တု ပစ္စည်းများ၊ သစ်တောများ၊
မြစ်ချောင်း၊ တူးမြောင်း၊ အင်းအိုင်၊ ပင်လယ်များ၊ ကုန်းကြမ်း
ကုန်ရိုင်းများ၊ စက်ရုံအလုပ်ရုံများ၊ ကုန်ထုတ်ကိရိယာများ ကုန်
ပစ္စည်းဖြန့်ဝေရေး လုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့်
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဘဏ်တိုက်များ၊ ကုမ္ပဏီများ၊
အစုရှယ်ယာများ၊ ငွေပင်ငွေရင်းများ စသည်တို့ကို ပေါင်းရုံး
ခေါ်ဝေါ်ခြင်း ဖြစ်သည်။
 
အရင်းရှင် စီးပွားရေးစနစ်တွင် ဆိုခဲ့သော ကုန်ထုတ်အရင်း
အနှီးဟူသမျှကို ပုဂ္ဂလိကအရင်းရှင်တစ်ဦးကသော်လည်းကောင်း၊
အရင်းရှင်တစ်စုကသော်လည်းကောင်း ပိုင်ဆိုင်လေသည်။
ကုန်ထုတ်လုပ်ငန်းတစ်ခုအတွက် ငွေပင်ငွေရင်း မြှုပ်နှံ
တည်ထောင်သော အရင်းရှင်လည်း ရှိပြီ။ ကုန်ထုတ် အရင်း
အနှီးများလည်း ရှိပြီ။ ဤမျှဖြင့် ကုန်ထုတ်လုပ်ငန်းကြီး
လှုပ်ရှားလည်ပတ်နိုင်ပါပြီလော။ မည်သည့်နည်းနှင့်မျှ မလည်
ပတ်နိုင်သေးချေ။ အကြောင်းသော်ကား ကုန်ထုတ်လုပ်ငန်း
တစ်ရပ်၏ ပင်မအချက်အချာ ကျသော၊ အခြေခံကျသော
''လုပ်အား'' လိုနေသေးသောကြောင့် ဖြစ်သည်။
 
ထိုကြောင့် ကုန်ထုတ်လုပ်ငန်း၏ အဓိက အချက်အချာ
ကျသော အခြေခံမောင်းနှင့်အားမှာ ''အလုပ်သမား''ပင် ဖြစ်
သည်။ အလုပ်သမားများသည် အရင်းရှင်တို့အား မိမိတို့၏
လုပ်အားကို ရောင်းကုန်အဖြစ်ဖြင့် ရောင်းချသည်။ အလုပ်
သမားများက မိမိတို့၏ လုပ်နိုင်စွမ်းရည်အလိုက်၊ အလုပ်ချိန်
အပိုင်းအခြားအလိုက် လုပ်ကိုင်ပေးသော လုပ်အားအတွက်
အရင်းရှင်က အခကြေးငွေ ပေးသည်။ တစ်နည်းဆိုသော်
အလုပ်သမားတို့၏ လုပ်အားသည်လည်း ကုန်ထုတ်အရင်း
အနှီးတစ်မျိုးပင် ဖြစ်သည်။
 
လုပ်အားကို ပိုင်ဆိုင်သော အလုပ်သမားများ၊ အလုပ်သမား
တို့၏ ကြံစည်တီထွင်မှုများ၊ အသိဉာာဏ် ဗဟုသုတများ၊
ကျွမ်းကျင်မှုများနှင့် ကုန်ထုတ်အရင်းအနှီးများ အားလုံးကို
စုပေါင်းသိမ်းရုံးလျက် ကုန်ထုတ် စွမ်းအားစုဟူ၍ ခေါ်ဆိုပေ
သည်။ ယင်းကုန်ထုတ်စွမ်းအားစုသည်ပင်လျှင် ကုန်ထုတ်
လုပ်ငန်းတစ်ခု၏ ပင်မ သွေးကြော ဖြစ်လေသည်။ ကုန်ထုတ်
စွမ်းအားစုတွင်လည်း အလုပ်သမားတို့၏ လုပ်အားသည် ပဓာန
အကျဆုံးသော အင်အားဖြစ်သည်။ ဆိုလိုသည်မှာ ကုန်ထုတ်
လုပ်ငန်းတစ်ရပ် လည်ပတ်အောင်မြင်အောင် စွမ်းဆောင် လုပ်
ကိုင်ပေးသူမှာ လုပ်အားရှင် အလုပ်သမားပင် ဖြစ်သည်။
သို့ဆိုလျှင် ကုန်ထုတ်လုပ်ငန်း၏ အဓိက လုပ်အားရှင်ဖြစ်
သော အလုပ်သမးတို့သည် မိမိတို့ လုပ်အား အလျောက်
သင့်တင့်မျှတသော လုပ်ခကို ရရှိကြပါ၏လော။ အရှင်းရှင်
စီးပွားရေးစနစ်တွင် သင့်တင့်မျှတသော လုပ်ခကို မရနိုင်ကြ
ချေ။ ဤသည်ပင်လျှင် အရင်းရှင်စနစ်၏ ထင်ရှားသော
ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ပေသည်။
အရင်းရှင်စနစ်တွင် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်
 
ရာတွင် အမြတ်အစွန်းကို ပဓာနထားသည်။ အမြတ်များများ
ရရေးသည် အရင်းရှင်စနစ်၏ အန္တိမ ရည်မှန်းချက်ဖြစ်သည်။
''အရင်းရှင်တစ်ဦးအဖို့ အမြတ်အစွန်း ပို၍ ပို၍ ရမည်ဆိုလျှင်
စက်တိုင်၌ တက်ရတက်ရ ဝန်မလေး''ဟူ၍ ကမ္ဘာကျော် အဆို
တစ်ရပ် ရှိလေသည်။
 
ထိုကြောင့် အရင်းရှင်သည် အလုပ်သမား၏ လုပ်အားကို
မိမိ၏ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရန် လိုအပ်လာသည်။
အလုပ်သမားတို့၏ ''အစွန်းထွက်တန်ဖိုး'' ကို ရနိုင်သမျှယူရန်
ဦးတည်လာရသည်။ အစွန်းထွက်တန်ဖိုးဆိုသည်မှာ အရင်းရှင်
သည် အလုပ်သမားတစ်ဦး၏ ၁ဝဝ တန်သော လုပ်အားကို ၁ဝ
သာ ပေးပြီး ပိုသော ၉ဝ တန် လုပ်အား၏ အကျိုးကျေးဇူးများ
ကို မိမိ၏အရင်းအနှီးတိုးပွားရေးအတွက် အခမဲ့ ရယူလိုက်သော
တန်ဖိုးဖြစ်သည်။ အလုပ်သမားအား လုပ်သင့်သည့်အချိန်ထက်
ပို၍ စေခိုင်းခြင်းနှင့် လုပ်အား တန်ဖိုးကို အပြည့်အဝ မပေး
ခြင်းတို့ဖြင့် အရင်းရှင်သည် အစွန်းထွက်တန်ဖိုးကို မိမိ ကိုယ်
ကျိုးအတွက် ထုတ်ယူခြင်း ဖြစ်သည်။ ထိုကြောင့် အရင်းရှင်
စနစ်၌ အလုပ်သမားသည် လုပ်အားပေးသလောက် လုပ်ခကို
မည်သည့်အခါမှ အပြည့်အဝ မရရှိနိုင်ပေ။
 
ဤသို့ဖြစ်ရသည်မှာ အရင်းရှင်စနစ်၏ တစ်ကိုယ်ကောင်း
ဆံသော (ဝါ) တိုင်းပြည်လူထုအကျိုးထက် မိမိအကျိုးကို ပို၍
ရှေးရှုသော အခြေခံ သဘောတရားများကြောင့် ဖြစ်သည်။
အရင်းရှစ်စနစ်၏ အခြေခံ သဘောတရားများကား (၁)
ကုန်ထုပ်လုပ်မှု၏ ဖြန့်ချိမှုကို အရင်းရှင်လူနည်းစု ကသာ
ချုပ်ကိုင်ထားခြင်း၊ (၂) မိမိအတွက် အကျိုးရှိမည်ထင်သော
ကုန်ပစ္စည်းများကိုသာ စီမံကိန်း မရှိပဲ အလျှံပယ် ထုတ်လုပ်
ခြင်း၊ (၃) အရင်းမဲ့လုပ်သားတို့၏ လုပ်အားကို ခေါင်းပုံဖြတ်
ခြင်း၊ (၄) အမြတ်အစွန်း ပို၍ပို၍ ရရှိရေးကိုသာ မျှော်မှန်း
ခြင်း၊ (၅) ငွေသာပဓာနသဘောထားဖြင့် အစိုးရအာဏာကို
ငွေဖြင့် မြှူဆွယ် ၍ မိမိအကျိုးအတွက် အသုံးချခြင်း စသည်
တို့ ဖြစ်လေသည်။
 
အထက်တွင် ဆိုခဲ့သည့်အတိုင်း အရင်းရှစ်စနစ်သည် စက်မှု
လုပ်ငန်း တိုးတက်မှုနှင့်အတူ တိုးတက်လာခဲ့သဖြင့် ရှေးဦးပိုင်း
အရှင်းရှင်စနစ်ကို စက်မှုအရင်းရှင်စနစ်ဟူ၍ ခေါ်ဆိုခဲ့ကြသည်။
နှစ်ဆယ်ရာစု အစပိုင်း ရောက်လာသောအခါ သိပ္ပံပညာနှင့်
စက်မှုအတတ်ပညာရှင်တို့၏ အလုပ်အကျွေးပြုမှုကြောင့် အရင်း
ရှင်စနစ်သည် အမြင့်ဆုံးနှင့် နောက်ဆုံးအဆင့်ထိ ရောက်ရှိလာ
ခဲ့သည်။
 
ဤအဆင့်တွင် ကုန်ပစ္စည်းများကို အပြိုင်အဆိုင် ထုတ်လုပ်
လာခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်များကို လက်ဝါးကြီးအုပ်
လာခြင်း၊ ပြည်တွင်း၌သာမက ပြည်ပ၌လည်း အရင်းအနှီး
မြောက်မြားစွာ မြှပ်နှံ၍ ကုန်ပစ္စည်းများ ထုတ်လုပ်လာခြင်း
စသော လုပ်ငန်းအဆင့်ဆင့်ကို အရင်းရှင်စနစ်က အတော
မသတ် တိုးချဲ့ လုပ်ကိုင်လာခဲ့ကြသည်။ သို့ဖြင့် အရင်းရှင်စနစ်
သည် စက်မှုအရင်းရှင်စနစ်၊ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊
ဘဏ္ဍာ အရင်းရှင်စနစ်နှင့်နယ်ချဲ့အရင်းရှင်စနစ်ဟူသော အမည်
အမျိုးမျိုးဖြင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ရေပန်းစား ခဲ့သည်။
 
အရင်းရှင်စနစ်သည် ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ပစ္စည်း
ဖြန့်ချိရေးလုပ်ငန်းတွင် အမြတ်အစွန်းကိုသာ အဓိကထား၍
စီမံကိန်းမရှိပဲ အပြိုင်အဆိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်း
ကြောင့်၊ စီးပွားရေးတွင် တရားမရှိ ဓားမရှိဖြစ်လာခြင်း၊ ကမ္ဘာ့
စီးပွားရေးကပ်ကြီးများ မကြာခဏ ပေါ်ပေါက်ခြင်း၊ အလုပ်
လက်မဲ့ ပြဿနာများ တာရှည်ခြင်း၊ အများပြည်သူတို့ ဆင်းရဲ
ကြပ်တည်းခြင်းနှင့် နောက်ဆုံးတွင် နိုင်ငံအချင်းချင်း စီးပွားရေး
စစ်ပွဲများ ဖြစ်ပွားခြင်းတို့ကိုသာ ပေးစွမ်းနိုင်သော စနစ်ဟူ၍
ဆိုရှယ်လစ် စီးပွားရေးပညာရှင်တို့က ကောက်ချက် ချကြ
ပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== အနည်းငယ်အငြင်းပွားမှု ==
Line ၄၄ ⟶ ၁၉၁:
 
== ရည်ညွှန်းကိုးကား ==
{{Reflist}}
<references />
 
[[Category:ဘောဂဗေဒ]]