ညစ်ညမ်းခြင်းများ: တည်းဖြတ်မှု မူကွဲများ

၁၁၁၁၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
Merged
အရေးမကြီးNo edit summary
(Merged)
{{merge|ပတ်ဝန်းကျင်ညစ်ညမ်းမှု|{{TALKPAGENAME}}#Merger proposal|date=ဇွန် ၂၀၁၅}}
 
[[File:AlfedPalmersmokestacks.jpg|thumb|250px|ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်မှုကြောင့် လေထုညစ်ညမ်းခြင်း။]]
'''ညစ်ညမ်းခြင်း''' ဆိုသည်မှာ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ပတ်ဝန်းကျင်ဆီသို့ စသွင်းလာခြင်းဖြင့်[[ဂေဟဗေဒ|ဂေဟစနစ်]] (ဆိုလိုသည်မှာ သဘာဝတရား သို့မဟုတ် ဇီဝရုပ်သက်ရှိများ) အားတည်ငြိမ်မှုမရှိစေခြင်း၊ ဖရိုဖရဲဖြစ်ခြင်း၊ အန္တရာယ် သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။ညစ်ညမ်းခြင်းသည် ဓာတုပစ္စည်းများ သို့မဟုတ် ဆူညံသံ၊ အပူ သို့မဟုတ် အလင်းကဲ့သို့သော စွမ်းအင်ပုံစံမျိုးဖြင့် တည်ရှိနိုင်သည်။ ညစ်ညမ်းစေသောပစ္စည်းများ၊ ညစ်ညမ်းခြင်း၏ လိုအပ်ချက်များသည် ပြင်ပပစ္စည်းများ သို့မဟုတ် စွမ်းအင်များ၊ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည် - [[သဘာဝ]]အလျောက် ဖြစ်ပွားပါက၊ ၎င်းတို့သည် သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသော အရာများအဖြစ် သဘောထားခြင်း ခံရသည်။ ညစ်ညမ်းခြင်းကို ယေဘုယျအားဖြင့် ပင်ရင်းတစ်နေရာတည်း သို့မဟုတ် ပင်ရင်းတစ်နေရာတည်းမှ မဟုတ်သောညစ်ညမ်းခြင်းဟူ၍ အဆင့်ခွဲခြား သတ်မှတ်ထားသည်။ Blacksmith Institute (ဘလက်(ခ်)စမစ် တက္ကသိုလ်) မှကမ္ဘာ့အဆိုးဝါးဆုံး ညစ်ညမ်းသည့်နေရာများ စာရင်းတစ်ခုကို နှစ်စဉ်ထုတ်ပြန်သည်။ ၂၀၀၇ ထုတ်ဝေခြင်းများတွင် ထိပ်ပိုင်းဆယ်နေရာအဖြစ် နာမည်စာရင်း အဆိုပြုခြင်းခံရသည်များမှာ [[Azerbaijan]] (အယ်ဇာဘိုင်ဂျန်)၊ [[China]] (တရုတ်)၊ [[India]] (အိန္ဒိယ)၊ [[Peru]] (ပီရူး)၊ [[Russia]] (ရုရှ)၊ [[Ukraine]] (ယူက ရိန်း) နှင့် [[Zambia]] (ဇမ်းဘီးယား) တို့တွင် တည်ရှိသည်။
'''ညစ်ညမ်းခြင်း'''
ပတ်ဝန်းကျင်ညစ်ညမ်းမှု အမျိုးမျိုးရှိသည်။ ယင်းတို့မှာ
လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် မြေဆီလွှာ ညစ်ညမ်း
မှုများဖြစ်သည်။ ညစ်ညမ်းမှုများသည် လူတို့ကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ သဘာဝအစိတ် အပိုင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိသောကြောင့် သဘာဝအစိတ်အပိုင်း တစ်နေရာ၌ ညစ်ညမ်းမှုဖြစ်လျှင် အခြားသဘာဝ အစိတ်အပိုင်း နေရာများသို့လည်း ပျံ့နှံသွားနိုင်သည်။
 
လူတို့သည် နှစ်စဉ်နှစ်တိုင်း တန်ချိန်သန်းပေါင်းများစွာ
ရှိသော ဓာတ်ငွေ့နှင့် အမှုန့်ကလေးများကို လေထု အတွင်းသို့
စွန့်ထုတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ မော်တော်
ကားကဲ့သို့သော ယာဉ်များကြောင့် လည်းကောင်း၊ ဓာတ်ဆီ၊
ကျောက်မီးသွေးစသော လောင်စာများ လောင်ကျွမ်းမှုကြောင့်
လည်းကောင်း လေထုညစ်ညမ်းမှု အများဆုံး ဖြစ်ရသည်။
 
လောင်စာများမှ ထွက်လာသော လေထုကို ညစ်ညမ်းစေသည့်
အညစ် အကြေးများကို အရောင်မဲ့အဆိပ်ငွေ့များ အဖြစ်လည်း
ကောင်း၊ ထူထဲမှောင်မည်းသော မီးခိုးလုံးကြီးများအဖြစ်၎င်းတွေ့ကြရသည်။ လေထုညစ်ညမ်းမှုသည် မျက်စိနာဖြစ်စေနိုင်သည်။ ပန်းနာရင်ကျပ်နှင့် အဆုတ်ရောင်ရောဂါများကိုလည်း ဖြစ်စေနိုင်သည်။ ကင်ဆာရောဂါကိုပင် ဖြစ်စေနိုင်သည်ဟု အချို့သိပ္ပံပညာရှင်များက ယုံကြည်သည်။ လေညစ်ညမ်းမှုသည် အပင်များရှင်သန်ရေးကိုလည်း ထိခိုက်စေနိုင်သည်။ အသုံးအဆောင်ပစ္စည်းများနှင့်တိုက်တာအဆောက်အအုံများကိုလည်း ပျက်စီးလွယ်စေနိုင်သည်။ လေထုညစ်ညမ်းမှုသည် ရာသီဥတုကိုလည်း ဖောက်ပြန်စေနိုင်သည်။ လေထုထဲရှိအမှုန်နှင့် ဓာတ်ငွေ့များသည် သဘာဝအပူချိန်ကို ပြောင်းလဲစေနိုင်သဖြင့် ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်လာနိုင်သည်။
 
စက်မှုလက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် မိလ္လာစွန့်
ပစ်ရေး လုပ်ငန်းများကလည်း တစ်နှစ်တစ်နှစ်လျှင် ဂါလံသန်း
ပေါင်းများစွာရှိသော စွန့်ပစ္စည်းများကို ရေထုအတွင်းသို့ စွန့်ပစ်
ကြသည်။ ယင်းကဲ့သို့သော စွန့်ပစ္စည်းများထဲတွင် ဓာတုပစ္စည်း
များ၊ အပင်နှင့် တိရစ္ဆာန်များ၏စွန့်ပစ္စည်းများ၊ ဓာတ်မြေဩဇာ
နှင့် ပိုးသတ်ဆေးများပါဝင်သည်။ စက်ရုံအလုပ်ရုံနှင့် လျှပ်စစ်
ဓာတ်အားပေးရုံများမှ စွန့်ပစ်သော ရေများကြောင့် လူတို့ကို
အကျိုးပြုသည့် ရေထဲရှိ ငါး၊ ပိုးမွှား၊ တိရစ္ဆာန်နှင့် အပင်များ
သေကျေ ပျက်စီးနိုင်သည်။
 
မြေဆီလွှာညစ်ညမ်းမှုသည် စိုက်ပျိုးပင်များအတွက်
ရေကြီးသော ကမ္ဘာ့မြေအပေါ်ယံရှိ မြေဆီလွှာကို ပျက်စီးစေ
သည်။ သဘာဝအလျောက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍
ဖြစ်ပေါ်ခဲ့ရသော မြေဆီလွှာသည် လူတို့၏ ပေါ့လျော့မှုကြောင့်
နှစ်အနည်းငယ်အတွင်း ပျက်စီးသွားနိုင်သည်။ ဓာတ်မြေဩဇာ
နှင့် ပိုးသတ်ဆေး များကို အလွန်အကျွံ အသုံးပြုခြင်းသည်
မြေကြီးအတွင်းရှိ လူ့အကျိုးပြုဗက်တီးရီယားနှင့် အခြားသက်ရှိ
များ ကို သေစေနိုင်သည်။ လေနှင့် ရေတို့၏တိုက်စားမှုကြောင့်
လည်း မြေဆီလွှာ အမြောက်အမြားဆုံးပါးရသည်။ တောင်ယာ
လုပ်ရန်အတွက် သစ်ပင်နှင့် မြက်ပင်များကို ခုတ်ထွင် ပစ်ရာ၌
အကာအကွယ်မဲ့ဖြစ်ရသော မြေဆီလွှာသည် လေနှင့်မိုးရေတို့၏
တိုက်စားခြင်းဒဏ်ကိုခံရသည်။ လမ်းများဖောက်ရန်အတွက်၎င်း၊ စက်ရုံများတည်ဆောက်ရန် အတွက်လည်းကောင်း၊ တောတောင်များကို ရှင်းလင်းပစ်ကြရာ၌ လည်းကောင်း မြေဆီလွှာ ပြုန်းတီးကြရပြန်သည်။
 
တန်ချိန် များစွာရှိသော စွန့်ပစ္စည်းများကို လမ်းဘေး၊
မြစ်ချောင်း အင်းအိုင်နှင့် အမှိုက်ပုံများ၌နှစ်စဉ် စွန့်ပစ်ကြသော
ကြောင့် ပတ်ဝန်းကျင် သဘာဝအလှကို ပျက်ပြားစေသည်။
အမှိုက်ပုံများကြောင့် ပိုးဟပ်၊ ကြွက်စသော ရောဂါပိုး သယ်
ဆောင်ကြသည့် ပိုးမွှားတိရစ္ဆာန်များ ပေါက်ပွားလာရသည်။
အချို့သောစွန့်ပစ္စည်းများကို မီးရှို့၍ဖျက်ဆီးပစ်နိုင်သော်လည်း
ထွက်ပေါ်လာမည့် မီးခိုးများက လေထုကို ညစ်ညမ်းစေသည်။
ယင်းတို့ကို ရေထဲသို့ စွန့်ပစ်ပြန်လျှင်လည်း ရေထုကို ညစ်ညမ်း
စေသည်။
 
မြို့ကြီးများတွင် စက်ရုံအလုပ်ရုံများမှ အများဆုံးကြား
နေရသည့် ကျယ်လောင်သော အသံများသည် လူတို့ကိုစိတ်ညစ်
ညူးစေသည်။ ဆိုးရွားလွန်းသော အသံများဆိုလျှင် နားကိုပင်
ပင်းစေနိုင်သည်။ ထို့ကြောင့် ဆိုးရွားသော အသံဗလံများကို
ပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်းတစ်ရပ်အဖြစ် ယူဆကြ
သည်။ အနုမြူလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် အီလက်ထ
ရွန်နစ် ကိရိယာများမှလည်း ဖြာထွက်ရောင်ခြည်များအနည်းနှင့်အများ ထွက်လျက်ရှိရာ ယင်းတို့နှင့်အများအစား အတွေ့အထိခံရလျှင် ကင်ဆာနှင့်တကွ အခြားရောဂါများ ရစေနိုင်သည်။
 
ဒီဒီတီကဲ့သို့သော ပိုးသတ်ဆေးများကြောင့် ငှက်များ၊ ငါးများနှင့် အခြားတိရစ္ဆာန်များ အများအပြား သေကျေခဲ့ရသည်။ စက်မှုလက်မှုလုပ်ငန်းများ၌ အသုံးပြုသည့် လောင်စာများမှ ထွက်လာသော ပြဒါးဆိပ်နှင့် ခဲဆိပ်များကလည်း လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်သည် ကမ္ဘာအရပ်ရပ်၌ တစ်နေ့တခြား ကြီးထွားလာလျက် ရှိနေသဖြင့် ယခုအခါ နိုင်ငံအစိုးရများနှင့် လူမှုရေး အဖွဲ့အစည်းများက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့နည်းစေရန် ကြိုးစားလျက်ရှိသည်။<ref>စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၉)</ref>
 
ညစ်ညမ်းခြင်း ဆိုသည်မှာ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ပတ်ဝန်းကျင်ဆီသို့ စသွင်းလာခြင်းဖြင့်[[ဂေဟဗေဒ|ဂေဟစနစ်]] (ဆိုလိုသည်မှာ သဘာဝတရား သို့မဟုတ် ဇီဝရုပ်သက်ရှိများ) အားတည်ငြိမ်မှုမရှိစေခြင်း၊ ဖရိုဖရဲဖြစ်ခြင်း၊ အန္တရာယ် သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။ညစ်ညမ်းခြင်းသည် ဓာတုပစ္စည်းများ သို့မဟုတ် ဆူညံသံ၊ အပူ သို့မဟုတ် အလင်းကဲ့သို့သော စွမ်းအင်ပုံစံမျိုးဖြင့် တည်ရှိနိုင်သည်။ ညစ်ညမ်းစေသောပစ္စည်းများ၊ ညစ်ညမ်းခြင်း၏ လိုအပ်ချက်များသည် ပြင်ပပစ္စည်းများ သို့မဟုတ် စွမ်းအင်များ၊ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည် - [[သဘာဝ]]အလျောက် ဖြစ်ပွားပါက၊ ၎င်းတို့သည် သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသော အရာများအဖြစ် သဘောထားခြင်း ခံရသည်။ ညစ်ညမ်းခြင်းကို ယေဘုယျအားဖြင့် ပင်ရင်းတစ်နေရာတည်း သို့မဟုတ် ပင်ရင်းတစ်နေရာတည်းမှ မဟုတ်သောညစ်ညမ်းခြင်းဟူ၍ အဆင့်ခွဲခြား သတ်မှတ်ထားသည်။ Blacksmith Institute (ဘလက်(ခ်)စမစ် တက္ကသိုလ်) မှကမ္ဘာ့အဆိုးဝါးဆုံး ညစ်ညမ်းသည့်နေရာများ စာရင်းတစ်ခုကို နှစ်စဉ်ထုတ်ပြန်သည်။ ၂၀၀၇ ထုတ်ဝေခြင်းများတွင် ထိပ်ပိုင်းဆယ်နေရာအဖြစ် နာမည်စာရင်း အဆိုပြုခြင်းခံရသည်များမှာ [[Azerbaijan]] (အယ်ဇာဘိုင်ဂျန်)၊ [[China]] (တရုတ်)၊ [[India]] (အိန္ဒိယ)၊ [[Peru]] (ပီရူး)၊ [[Russia]] (ရုရှ)၊ [[Ukraine]] (ယူက ရိန်း) နှင့် [[Zambia]] (ဇမ်းဘီးယား) တို့တွင် တည်ရှိသည်။
 
== ညစ်ညမ်းခြင်းပုံစံများ ==
 
== မြေကြီး ညစ်ညမ်းခြင်း ==
တွေ့နေကျဖြစ်သော မြေကြီး ညစ်ညမ်းမှုဖြစ်စေသည့်အရာအချို့မှာ chlorinated hydrocarbons (CFH) (ကလိုရင်းပါဝင်သော ဟိုက်ဒရိုကာဗွန်များ)၊ အကြီးစားသတ္ထုများ (chromium (ခရိုမီယမ်)၊ cadmium (ကဒ် ဒမီယမ်)-- ပြန်လည်အားသွင်းနိုင်သည့် ဓာတ်ခဲများ တွင်တွေ့ရသည်။ ခဲပါသော သုတ်ဆေးများတွင် တွေ့ရ သော [[ခဲ]]၊ [[လေယာဉ်ဆီ]] နှင့်အချို့သော တိုင်းပြည်များတွင် အသုံးပြုနေဆဲဖြစ်သော [[ဓာတ်ဆီ]]၊ MTBE၊ [[zinc]] ([[ဇင့်]])၊ arsenic (အာဆင်းနစ်/အဆိပ်)[[စိန်]]နှင့် [[benzene]] (ဘင်(န်)ဇင်း) တို့ဖြစ်သည်။ စက်ရုံများမှ ဘေးထွက် ပစ္စည်းများကို [[ဓာတ်မြေဩဇာ]]အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အလေ့အထသည် မြေကြီးအား သတ္ထုဓာတ်မျိုးစုံဖြင့် ညစ်ညမ်းမှုဖြစ်စေသည့် ရလဒ်ကိုရရှိကြောင်း ၂၀၀၁ ခုနှစ်တွင် သတင်းအစီရင်ခံစာ အစဉ်လိုက်များကို စုစည်းထားသည့် Fateful Harvest (ကြမ္မာငင်သော အကျိုး ဆက်) စာအုပ်တွင် ဖော်ပြထားသည်။ သာမန်စည်ပင်သာယာ အမှိုက်သရိုက်ဖို့မြေများသည် မြေကြီးပတ်ဝန်းကျင် (ရံဖန်ရံခါ မြေအောက်ရေ) အတွင်းသို့ ဓာတုပစ္စည်း အမြောက်အမြားဝင်ရောက်စေသည့် အရင်းအမြစ်ဖြစ်ပြီး အမှိုက်အမျိုးအစားမျိုးစုံ၊ အထူးသဖြင့် ထိုနေရာများတွင် တရားမဝင်စွန့်ပစ်သည့်ပစ္စည်းများ ကိုလက်ခံခြင်း သို့မဟုတ် ၁၉၇၀ မတိုင်မီ အမှိုက်သရိုက်ဖို့မြေများသည် U.S ([[အမေရိကန်ပြည်ထောင်စု]]) သို့မဟုတ် [[EU]] (ဥရောပ သမဂ္ဂ) မှ ထိန်းကွပ်မှု အနည်းငယ်သာရှိခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော ထုတ်လွှတ်ခြင်းများဖြစ်သည့် [[TCDD]] ကဲ့သို့သော dioxins (ဒိုင်အောက်စင်) ဟုရိုးရှင်းစွာ အများအားဖြင့် ခေါ်ဆိုသည့် [[polychlorinated dibenzodioxins]] (ပေါ်လီကလိုရီနိုတ် ဒိုင်ဘင်ဇိုဒိုင်အောက်စင်) များထုတ်လွှတ်ခြင်းတို့ရှိသည်။
 
== ညစ်ညမ်းခြင်း၏အကျိုးဆက်များ ==
ညစ်ညမ်းခြင်းသည် သဘာဝဘေးအန္တရာယ်တစ်ခု၏ အကျိုးဆက်ဖြစ်နိုင်သည်။ ဥပမာ- [[ဟာရီကိန်း]]များသည် မိလ္လာအညစ်အကြေးကြောင့် [[ရေရေညစ်ညမ်းခြင်း]]ညစ်ညမ်းခြင်းနှင့်နှင့် [[သင်္ဘော]]များ သို့မဟုတ် [[မော်တော်ယာဉ်]]များ ပေါက်ကွဲ ထွက်ခြင်းကြောင့် ရေနံဓါတုပစ္စည်းများ ယိုဖိတ်ခြင်းတို့နှင့် သက်ဆိုင်လေ့ရှိသည်။ [[ကမ်းလွန်ရေနံတူးစင်]]များ သို့မဟုတ် ရေနံချက်စက်ရုံများ ပါဝင်သည့်အရာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုံးရှုံးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခြင်းမှာ ဖြစ်နေကျဖြစ်သည်။ အဏုမြူစွမ်းအင် ထုတ်လုပ်သည့်စက်ရုံများ သို့မဟုတ် ရေနံတင်သင်္ဘောများကဲ့သို့သော ညစ်ညမ်းမှုဖြစ်စေသည့် အရင်းအမြစ်များ မတော်တဆမှုဖြစ်ပွားပါက ပျံ့နှံ့ပြီး အန္တရာယ်ဖြစ်စေမည့် အလားအလာရှိသော လွှတ်ထုတ်ခြင်းများကို ထုတ်လုပ်နိုင်သည်။ အသံညစ်ညမ်းမှု ဖြစ်စေသည့် အမှုကိစ္စတွင် အဓိကဖြစ်သော အရင်းအမြစ်မှာ မော်တော်ယာဉ်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အလိုမရှိသော ဆူညံသံများအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်သည်။
အသံညစ်ညမ်းမှု ဖြစ်စေသည့် အမှုကိစ္စတွင် အဓိကဖြစ်သော အရင်းအမြစ်မှာ မော်တော်ယာဉ်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အလိုမရှိသော ဆူညံသံများအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်သည်။
 
 
 
== ကိုးကား ==
{{reflist}}
<references/>
 
 
{{Stub}}
 
[[Category:ကျန်းမာရေးညစ်ညမ်းမှု]]
[[Category:ကမ္ဘာ]]
၄၂၇၃၀

တည်းဖြတ်မှုများ