ညစ်ညမ်းခြင်းများ: တည်းဖြတ်မှု မူကွဲများ

Merged
အရေးမကြီးNo edit summary
စာကြောင်း ၆၅ -
ညစ်ညမ်းခြင်း အဓိကပုံစံများကို တစ်ခုချင်းစီနှင့် ဆက်စပ်သော သီးခြားညစ်ညမ်းစေသည့်ပစ္စည်းများနှင့်အတူ အောက်တွင် စာရင်းပြုစုထားသည် -
 
၁။လေထုညစ်ညမ်းခြင်း - ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများကို လေထုအတွင်းသို့ ထုတ်လွှတ်ခြင်း။ ဘုံဖြစ်သော ဓာတ်ငွေ့နှော ညစ်ညမ်းစေသည့်အရာများတွင် စက်ရုံနှင့် မော်တော်ယာဉ်များမှ ထုတ်လွှတ်သော [[carbon monoxide]] (ကာဗွန် မိုနောက်ဆိုဒ်)၊ [[sulfur dioxide]] (ဆာလဖာဒိုင် အောက် ဆိုဒ်)၊ chlorofluorocarbons (CFCs) (ကလိုရိုဖလူရိုကာဗွန်များ) ဖြင့်ဓါတ်ပြုသောဓာတု ozone (အိုဇုန်း) နှင့် မီးခိုးမြူတို့သည် [[nitrogen oxides]] (နိုက်ထရိုဂျင်အောက်ဆိုဒ်) များနှင့် [[hydro carbons]] (ဟိုက်ဒရိုကာဗွန်များ) တို့သည် နေရောင်ခြည်နှင့် ဓါတ်ပြုရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမှုန်အမွှားပစ္စည်းများ သို့မဟုတ် ဖုန်မှုန့်အနုစားများကို ၎င်းတို့၏ အလွန်သေးငယ်သောတိုင်းတာ သည့်မီတာ အရွယ်အစား PM10 မှ PM2.5 ဖြင့်သွင်ပြင်လက္ခဏာကို ဖော်ပြသည်။
 
၂။ရေထုညစ်ညမ်းခြင်း - စွန့်ပစ်ပစ္စည်းများနှင့် ညစ်ညမ်းမှုဖြစ်စေသည့် အရာများကို မျက်နှာပြင်တွင် စီးဆင်းနေသည့်ရေ အတွင်းသို့ ထုတ်လွှတ်ခြင်း၊ မြစ်ကြောင်း ရေနုတ်မြောင်းစံနစ်အတွင်းသို့ စွန့်ထုတ်ခြင်း၊ မြေအောက်ရေ အတွင်းသို့စိမ့်ဝင်စေခြင်း၊ အရည်ယိုဖိတ်ခြင်းများ၊ စွန့်ပစ်ရေ ထုတ်လွှတ်ခြင်းများ၊ ရေထဲတွင် မြေဩဇာဓာတ်အလွန်များခြင်း နှင့်အမှိုက်သရိုက် စွန့်ပစ်ခြင်းများကြောင့် ဖြစ်ပေါ်စေသည်။
စာကြောင်း ၉၃ -
မရွေ့လျားသော အဓိကညစ်ညမ်းစေသည့် အရင်းအမြစ်များတွင် ဓာတုဗေဒစက်ရုံများ၊ ကျောက်မီးသွေး လောင်စာဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်သောစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ရေနံဓာတုပစ္စည်းစက်ရုံများ၊ အဏုမြူ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်သည့်လုပ်ငန်း၊ အမှိုက်မီးရှို ့ဖျက်ဆီးသည့် မီးပြင်းဖိုများ၊ စိုက်ပျိုးမွေးမြူရေး ခြံအကြီးစားများ (နို့စားနွားများ၊ ဝက်များ၊ ကြက်၊ဘဲများ စသည်ဖြင့်)၊ PVC ပီဗွီစီ စက်ရုံများ၊ သတ္တုထုတ်လုပ်သည့်စက်ရုံများ၊ ပလတ်စတစ်စက်ရုံများနှင့် အခြားအကြီးစား စက်မှုလုပ်ငန်းများ ပါဝင်ကြသည်။ စိုက်ပျိုးရေးဆိုင်ရာ လေထုညစ်ညမ်းခြင်းသည် သဘာဝအလျောက်ပေါက်နေသော အပင်များကို အပြီးသတ်ခုတ်လှဲခြင်းနှင့် မီးရှို့ခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးဖျန်းခြင်း တို့ပါဝင်သော ခေတ်ပေါ် အလေ့အထများမှ ဖြစ်ပေါ်လာသည်။
 
နှစ်စဉ် ၄၀၀ မီလီယံ မက်ထရစ်တန်ခန့်ရှိသော အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်လေ့ရှိသည်။အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းပင် ၂၅၀ မီလီယံ မက်ထရစ်တန်ခန့်ကို ထုတ်လုပ်သည်။အမေရိ ကန်သည် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်သာရှိသော်လည်း အကြမ်းအားဖြင့် ကမ္ဘာ့CO2ကမ္ဘာ့ CO2 ([[ကာဗွန်ဒိုင်အောက်ဆိုဒ်]]) ထုတ်လွှတ်သည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လွှတ်ပြီး၊ ကမ္ဘာ့စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သည့် ပမာဏ၏ အကြမ်းဖျဉ်းအားဖြင့် 30 ရာခိုင်နှုန်းကို ထုတ်လုပ်သည်။၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သည့် နိုင်ငံဖြစ်ခဲ့သည်။
 
== ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ==
စာကြောင်း ၉၉ -
 
== မြေကြီး ညစ်ညမ်းခြင်း ==
တွေ့နေကျဖြစ်သော မြေကြီး ညစ်ညမ်းမှုဖြစ်စေသည့်အရာအချို့မှာ chlorinated hydrocarbons (CFH) (ကလိုရင်းပါဝင်သော ဟိုက်ဒရိုကာဗွန်များ)၊ အကြီးစားသတ္ထုများ (chromium (ခရိုမီယမ်)၊ cadmium (ကဒ် ဒမီယမ်)-- ပြန်လည်အားသွင်းနိုင်သည့် ဓာတ်ခဲများ တွင်တွေ့ရသည်။ ခဲပါသော သုတ်ဆေးများတွင် တွေ့ရ သော [[ခဲ]]၊ [[လေယာဉ်ဆီ]] နှင့်အချို့သော တိုင်းပြည်များတွင် အသုံးပြုနေဆဲဖြစ်သော [[ဓာတ်ဆီ]]၊ MTBE၊ [[zinc]] ([[ဇင့်]])၊ arsenic (အာဆင်းနစ်/အဆိပ်)[[စိန်]]နှင့် benzene (ဘင်(န်)ဇင်း) တို့ဖြစ်သည်။ စက်ရုံများမှ ဘေးထွက် ပစ္စည်းများကို [[ဓာတ်မြေဩဇာ]]အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အလေ့အထသည် မြေကြီးအား သတ္ထုဓာတ်မျိုးစုံဖြင့် ညစ်ညမ်းမှုဖြစ်စေသည့် ရလဒ်ကိုရရှိကြောင်း ၂၀၀၁ ခုနှစ်တွင် သတင်းအစီရင်ခံစာ အစဉ်လိုက်များကို စုစည်းထားသည့် Fateful Harvest (ကြမ္မာငင်သော အကျိုး ဆက်) စာအုပ်တွင် ဖော်ပြထားသည်။ သာမန်စည်ပင်သာယာ အမှိုက်သရိုက်ဖို့မြေများသည် မြေကြီးပတ်ဝန်းကျင် (ရံဖန်ရံခါ မြေအောက်ရေ) အတွင်းသို့ ဓာတုပစ္စည်း အမြောက်အမြားဝင်ရောက်စေသည့် အရင်းအမြစ်ဖြစ်ပြီး အမှိုက်အမျိုးအစားမျိုးစုံ၊ အထူးသဖြင့် ထိုနေရာများတွင် တရားမဝင်စွန့်ပစ်သည့်ပစ္စည်းများ ကိုလက်ခံခြင်း သို့မဟုတ် ၁၉၇၀ မတိုင်မီ အမှိုက်သရိုက်ဖို့မြေများသည် U.S ([[အမေရိကန်ပြည်ထောင်စု]]) သို့မဟုတ် [[EU]] (ဥရောပ သမဂ္ဂ (EU) မှ ထိန်းကွပ်မှု အနည်းငယ်သာရှိခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော ထုတ်လွှတ်ခြင်းများဖြစ်သည့် TCDD ကဲ့သို့သော dioxins (ဒိုင်အောက်စင်) ဟုရိုးရှင်းစွာ အများအားဖြင့် ခေါ်ဆိုသည့် polychlorinated dibenzodioxins (ပေါ်လီကလိုရီနိုတ် ဒိုင်ဘင်ဇိုဒိုင်အောက်စင်) များထုတ်လွှတ်ခြင်းတို့ရှိသည်။
 
== ညစ်ညမ်းခြင်း၏အကျိုးဆက်များ ==
စာကြောင်း ၁၁၃ -
* [http://www.oehha.ca.gov/prop65/prop65_list/Newlist.html OEHHA proposition 65 list]
* [http://ntp.niehs.nih.gov/ National Toxicology Program]
{{Stub}}
 
[[Category:ညစ်ညမ်းမှု]]