အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace with images from Commons
Merged
စာကြောင်း ၁ -
{{merge|အစ္စလာမ်အယူဝါဒ}}
{{merge|အစ္စလာမ် ဘာသာ}}
{{အစ္စလာမ် ဘာသာ}}
[[File:Kaaba at night.jpg|thumb|frame|right|ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာဟ်မြို့ရှိ ကာအ်ဘာသည် အစ္စလာမ်ဘာသာ၏ ဗဟိုဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားရှိ မွတ်စလင်များ လာရောက်စုရုံးဝတ်ပြုရာနေရာလည်း ဖြစ်သည်။]]
 
'''အစ္စလာမ်''' (အာရပ်ဘာသာဖြင့်-အလ်-အစ္စလာမ် (الإسلام‎ al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] (နားဆင်ရန်)[မှတ်ချက် ၁])သည် ကိုးကွယ်ယုံကြည်သူ နောက်လိုက်များက ဘုရားသခင်(အလ္လာဟ်)၏ အမိန့်တော်အဖြစ် သတ်မှတ်ထားခြင်းခံထားရသည့် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ်ဘာသာ၏ နောက်ဆုံးတမန်တော်ဖြစ်သော မုဟမ္မဒ်၏ သင်ကြားပို့ချချက်များ(ဟဒီးဆ်)နှင့် အနေအထိုင်၊ အလေ့အထများ(ဆွန္နသ်)ပေါ် အခြေခံထားသော ဘုရားတစ်ဆူတည်းရှိ ဘာသာတစ်ခုဖြစ်သည်။ အစ္စလာမ်ဆိုသော စကားလုံးမှာ "ဘုရားသခင်ထံပါးတွင် ကျိုးနွံနိမ့်ချခြင်း"၊ "ငြိမ်းချမ်းမှု"၊ "ငြိမ်းချမ်းရာ လမ်းကြောင်း" ဟူ၍လည်း အဓိပ္ပါယ်ရသည်။ အစ္စလာမ်ဘာသာကို လိုက်နာကိုးကွယ်သူများအား မွတ်စလင်ဟု ခေါ်သည်။ (အစ္စလာမ်ဘာသာဝင်များအား မွတ်စလင်ဟု ခေါ်ဆိုသောကြောင့် မွတ်စလင်ဘာသာဟု ခေါ်ဆိုသုံးနှုံးလျှင် မှားမည်ဖြစ်သည်။) [<ref>http://islam.about.com/od/basicbeliefs/p/intro.htm]</ref>
 
မွတ်စလင်များသည် ဘုရားသခင်အား တစ်ပါးတည်းဖြစ်ပြီး တုဖက်နှိုင်းယှဉ်စရာ မရှိဟု ယုံကြည်ကြသည်။ ထို့အပြင် ၎င်းတို့၏ ဘာသာသည် တမန်တော် အေဗရာဟင်၊ မိုးဇက်(မူဆာ)နှင့် ဂျီးဇက်(အီဆာ)တို့ မပေါ်ပေါက်မှီ ရှေးယခင် ခေတ်ကာလ များစွာကတည်းက ကမ္ဘာအနှံ့ တည်ရှိခဲ့သည့် အပြီးပြည့်စုံဆုံးသော ဘာသာဟုလည်း ယုံကြည်ကြသည်။ ကုရ်အာန်မတိုင်မှီ အခြားသော ဘုရားသခင်၏ ကျမ်းစာများဖြစ်သည့် ဇဗူရ်(Zaboor)၊ တောင်ရသ်(Torah)နှင့် သမ္မာ(Bible)ကျမ်းစာများသည် အချိန်ကာလကြာမြင့်၍ ပြောင်းလဲယိုယွင်းခဲ့ပြီး ကုရ်အာန်ကျမ်းစာသာလျှင် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ဘုရားသခင်၏ နောက်ဆုံးပိတ် ကျမ်းစာဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ အခြားသော ဘာသာရေး စည်းမျဉ်းကျင့်ကြံမှုများမှာ ဘာသာဝင်တိုင်း မလုပ်မနေရဖြစ်သည့် အခြေခံမဏ္ဍိုင်ကြီးငါးရပ်နှင့် အစ္စလာမ်တရားဥပဒေ(ရှရီအသ်)နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းတို့ ဖြစ်သည်။ အစ္စလာမ့်တရားဥပဒေသည် ဘဏ်လုပ်ငန်း၊ လူမူဘဝဖူလုံရေးမှအစ စစ်ရေးစစ်ရာများနှင့် ပတ်ဝန်းကျင်ရေးရာအဆုံး လူ့အဖွဲ့အစည်းနှင့် လူနေမှုဘဝ ကဏ္ဍအားလုံးနီးပါးကို လွှမ်းခြုံသုံးသပ်ထားသည်။
Line ၄၈ ⟶ ၄၆:
== ကျောင်းခွဲများ ==
 
'''===အစ္စလာမ်ကျောင်းများနှင့်ကျောင်းခွဲများ'''===
 
အစ္စလာမ်တွင် အရေအတွက်များစွာသော ဘာသာရေးနှင့် ဆိုင်ရာဘွဲ့များရှိသည်။ ဘာသာရေး ယုံကြည်မှုတွင် အားလုံးတူညီကြသော်လည်း ထင်ရှားသည့် ဘာသာရေးပညာရပ်နှင့် ဥပဒေတို့တွင်ခြားနားမှုများရှိသည်။ မူလပထမကွဲပြားနေမှုသည် ဆွန်နီနှင့် ရှီးအတ်တို့အတွင်းဖြစ်ပြီး ဆူဖစ်(Sufism) နှင့် ကွဲပြားမှုမှာ ဆူဖစ်သည် အထင် ကရကျောင်းဆိုသည်ထက် အစ္စလာမ်၏ဆန်းကြယ်သော အလှည့်အပြောင်းဟု ယေဘုယျသုံးသပ်ထားကြသည်။ နေရာ များစွာမှရရှိထားချက်အရ၊ 70% သောကမ္ဘာ့မွတ်စလင်များသည် ဆွန်နီ၊ 20% သည် ၊ ရှီးအတ်နှင့် ကျန် 10% သည် အခြားသော အမျိုးမျိုးရှိကြသည် အဖွဲ့ငယ်များနှင့် အစ္စလာမ်အခွဲများဖြစ်သည်။
Line ၆၉ ⟶ ၆၇:
 
ဆူဖီအယူဝါဒသည်အစ္စလာမ်၏ဆန်းကြယ်ခြိုးခြံသောပုံစံဖြစ်သည်။ ဘာသာ၏စိတ်ပိုင်းဆိုင်ရာ အမြင်များအပေါ် ဦးတည်ကြည့်ရှုလျှင် ဆူဖီများသည် “ထိုးထွင်းသိမြင်သောစွမ်းအားနှင့်ခံစားမှုစွမ်းအား“တို့ကို အသုံးချပြီး ၊ ဘုရားသခင်၏အတွေ့အကြုံများကို တိုက်ရိုက်ရရှိရန် ကြိုးစားကြသည်။ ဆူဖီအယူဝါဒနှင့် အစ္စလာမ်ဥပဒေတို့သည် တစ်ခုကိုတစ်ခုပြီးပြည့်စုံသည်ဆိုသော်လည်း ၊ အချို့သော မွတ်စလင်များက ဆူဖီအယူ ဝါဒသည် မမျှတသည့် ဘာသာရေးပြုပြင်မွမ်းမံမှုတစ်ခုဖြစ်သည်ဟု ဝေဖန်ပြစ်တင်ကြသည်။ များစွာသော ဆူဖီ များ၏ အဆိုအမိန့်များ သို့မဟုတ် တာရီကတ် (tariqas) များကို ဆွန်နီ သို့မဟုတ် ရှီအတ်ဟု အမျိုးအစား ခွဲခြားနိုင်သည်။ သို့သော်အချို့သော သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ “ဆူဖီ “ ဟု ရိုးရှင်းစွာ အမျိုးအစားခွဲ ထားသည်။ အချို့သောဆူဖီအုပ်စုများကို အစ္စလာမ်မဟုတ်သကဲ့သို့ ဖော်ပြနိုင်သည့်အချိန်မှာ ၎င်းတို့၏ သင်ကြားမှုများသည် အစ္စလာမ်ဘာသာမှ အလွန်ကွဲပြားထင်ရှားနေသည့် အချိန်တွင်ဖြစ်သည်။
 
== ထင်ပေါ်ကျော်ကြားမြန်မာမွတ်စလင်များ ==
# [[ဦးရာဇတ်]] (မြန်မာ့အာဇာနည်ခေါင်းဆောင်)
# [[ဆရာကြီးဦးနု]] (ဘိုးတော်ဘုရားအကြောင်းနှင့် ဘာသာရေးဆိုင်ရာများကို ရေးသားသူ)
# [[အလ်ဟာဂျ်မောင်လာနာ နေဇွာမွဒ္ဒင်န်(မာဟေယွလ်ဗေဒါအတ်)]]
# [[အဟ်မဒ်ကာစင်မ်]] (ပါဠိ ပါမောက္ခဆရာကြီး)
# [[ပဉ္စရူပံ ဦးခ]] ( ၁၈၈၅-၁၉၆ဝ )
# [[ဦးဘကလေး]] (နံမည်ကြီးကာတွန်းဆရာ)
# [[ဗိုလ်မှူးဘရှင်]] (သမိုင်းပညာရှင်)
# [[ဦးထွန်းစိန်]] (ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယမြောက် ဥက္ကဋ္ဌ )
# ဦးကျော်ညွှန့် (အတွင်းဝန်)
# [[ဦးရာရှစ်]] (သခင်လှုပ်ရှားမှုတွင်ပါဝင်ခဲ့၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်)
# ဦးခင်မောင်လတ်( ဦးနုအစိုးရတွင် ကတ်ဘီနက်အဖွဲ့ဝင်)
# [[ဝမ်းအိုဝမ်း ကျော်ဝင်းမောင်]] (စာရေးဆရာ,လွတ်လပ်ရေးတိုက်ပွဲဝင် ဘီဒီအေ တပ်သားဟောင်း)
# [[ဗိုလ်မှူး ဘသော် (ခ) မောင်သော်က]] (စာရေးဆရာ)
# [[ဦးဖိုးသာဇံ]] (ခ) ရှိတ်အဗ္ဗဒူရာမန်
# [[ဒဂုဏ်ပ ဦးဘတင်]]
# [[ကျားဘငြိမ်း]] (လက်ဝှေ့သမား၊ စာရေးဆရာ)
# [[ဆရာချယ်]] (နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့်)
# ဝင်းမောင် (မြူးနစ်အိုလံပစ် ဝင်ပြိုင်သော လက်ဝှေ့သမား)
# [[ဟာဂျီမ ပျဉ်းမနားဒေါ်ပု]] (လူမှု ထူးခွျန် ပထမဆင့်)
# ဒေါ်ဝင်းမြမြ (ဒီမိုကရေစီလှုပ်ရှားသူတစ်ဦး)
# ဗိုလ်ကြီးအုန်းကျော်မြင့် (ဦးနေဝင်းကို လုပ်ကြံမည့် အစီအစဉ်ကို ဦးဆောင်သူ)
# ဆူတန်မိုဟာမတ် (ဦးနုအစိုးရ ကျန်းမာရေးဝန်ကြီး)
# သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)
# [[သံအမတ်ကြီး ဦးလှမောင်]]
# [[ချစ်ကောင်း]](အဆိုတော်)
# [[ခင်မောင်ထူး]](အဆိုတော်)
# [[သန်းဖေလေး]](အဆိုတော်)
# [[ဘိုဖြူ]](အဆိုတော်)
# ဦးကျော်ကျော် (ဗဟိုဘဏ်ဥက္ကဋ္ဌ)
# [[ရွှေဘ]](ရုပ်ရှင်သရုပ်ဆောင်)
# [[မောင်မောင်တာ]](ရုပ်ရှင်သရုပ်ဆောင်)
# [[ကံချွန်]](ကာတွန်းဆရာ၊ပန်းချီဆရာ၊ စာရေးဆရာ)
# [[ချစ်ညို (စာရေးဆရာ)|ချစ်ညို]] (စာရေးဆရာ)
# [[တက္ကသိုလ်နန္ဒမိတ်]] (စာရေးဆရာ)
 
==အခြားကြည့်ရန်==