မြစိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃ -
နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူတဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာအမျိုးသမီးလောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကိုယ်ထူးချွန် ထက်မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိဟုပင် ဆိုရပါမည်။
 
ဒေါ်မြစိန် သည် မော်လမြိုင်မြို့၌ ၁၉ဝ၄တွင်ဖွားမြင်ခဲ့သည်။ မိခင်ဒေါ်သိန်းမြမှာ မွန်လူမျိုးစစ်ကဲကြီး[[မွန်လူမျိုး]]စစ်ကဲကြီး[[​မောင်​ထော်​လေး၊ စစ်ကဲ|မောင်ထော်လေး]]၏ မြစ်ဖြစ်သည်။ ဖခင် [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]](M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူတဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမောက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံထင်ရှားသည်။ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စီစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။
 
ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက်တရပ်မှာ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ သဘောပေါက် နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် တက်ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏ အမတ်အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာသာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အလွန်ထင်ရှားခဲ့သည်။ ကုလသမဂ္ဂ စင်မြင့်တွင် ဒေါ်မြစိန် တွင်ကျယ်ခဲ့ပုံကို အငြိမ်းစား သံအမတ်ကြီး ဦးအောင်သန့်က အောက်ပါအတိုင်းပြန်လည်ပြောပြခဲ့သည်။