မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
 
[[File:17898397.jpg|thumb|စစ်ကဲ မောင်ထော်လေး ( ခရစ် ၁၇၇၄ - ၁၈၆၇ )]]
စစ်ကဲ မောင်ထော်လေးအား မြန်မာသက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ်ကျွန်းတွင်မုတ္တမတွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ မွန်မျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ မော်လမြိုင်မြို့နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ ဆင်ဖြူရှင်( မြန်မာ ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် ( ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း ဗညားဒလသည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့လယ်ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း နေရာဌာန)တွင် ကွပ်မျက်လိုက်လေသည်။ မင်းမှုထမ်းများ ဖြစ်လာသော မောင်ထော်လေး၏ မိဘများသည် မြန်မာဘုရင် လက်အောက်တွင် အမှုထမ်းရွက်ခဲ့ရာ မောင်ထော်လေးသည် အသက် ၂၀ ကျော် အရွယ်တွင် ဘိုးတော်ဘုရားလက်ထက်၌ ဒလမြို့စား ဖြစ်လာသည်။ ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း) လက်ထက်တွင် မင်းကျော်သီဟ (ကျော်ထင်သီဟသူ) ဟူသော ဘွဲ့ကို သနားမြတ်ခံရသည်။ ထို့ပြင် ရန်ကုန်မြို့ဝန် ဦးအို၏ ယုံကြည်လေးစားခြင်းကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ် မောင်ထော်လေး၏ သူငယ်ချင်း သန်လျင် မြို့ဝန်ဖြစ်နေသူ သမိန်ဘရူးဘွဲ့ခံ မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်ကုန်သဘေငာ်များနှင့် တိတ်တဆိတ် ကူးလူး ဆက်ဆံခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိခြင်းကြောင့် ဒလမြို့စား မောင်ထော်လေးနှင့် သန်လျင်မြို့ဝန် မောင်စပ်တို့သည် မသင့်မတင် ကြချေ။ မောင်စပ်၏ ရန်ကြောင့် မောင်ထော်လေးသည် မိမိနှမအား ( နောင်အခါ စစ်ကဲကြီးဖြစ်လာမည့် ) မောင်ခိုင်ဆိုသူနှင့် လက်ဆက်စေခဲ့သည်။
ဦးထော်လေးသည် မိမိအုပ်ချုပ်ရသည့် နယ်မြေကို နိုင်နင်းအေးချမ်းစွာ အုပ်ချုပ်နိုင်သည်။ ထို့ကြောင့် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲမဖြစ်ခင်က အင်းဝနေပြည်တော် ရွှေဖဝါးတော်အောက် အဖူးမြော် တက်ရောက်ကာ ဆုလာဘ်များစွာ ချီးမြှင့်သည်ကို ခံယူခဲ့ရသည်။ ထို့ပြင် ဦးထော်လေးသည် စာပေ ပရိယတ္တိ၌လည်း မွေ့လျော်၏။ ဒလတွင် ရှေးမွန်စာပေများကို ရှာဖွေဖော်ထုတ်ပြီးနောက် ဝိနည်းပါဠိတော် ၅ ကျမ်း၊ အဘိဓမ္မာပါဠိတော် ၇ ကျမ်း၊ သုတ်တန်ပါဠိတော်ပေါင်း ၁၅၀ ကျော်တို့ကို ရှာဖွေစုဆောင်းကာ ငွေတစ်သောင်းကျော် အကုန်ခံ၍ ပေထက် အက်ခရာ တင်ခဲ့၏။ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး ဖြစ်ပွားရာ ဦးထော်လေးသည် စစ်မှုထမ်းခဲ့ရသည်။ ထို့နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ (၇၀၀) ကျော်ကို အုပ်ချုပ်ရသော စစ်ကဲဖြစ်လာသည်။