အိုးဝေမဂ္ဂဇင်း: တည်းဖြတ်မှု မူကွဲများ

"{{refimprove}} File:Oway magazine commit..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
Need further improvement
စာကြောင်း ၁ -
{{refimprove}}
[[File:Oway magazine committee.jpg|thumb|အိုးဝေမဂ္ဂဇင်း ကော်မတီ (၁၉၃၆)]]
'''အိုးဝေမဂ္ဂဇင်းအိုးဝေ မဂ္ဂဇင်း''' သည် [[ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)|ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ]]က ၁၉၃၁ ခုနှစ်ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းတစ်ခုမဂ္ဂဇင်း ဖြစ်သည်။<ref name=hm>{{cite web|url=https://myanmartandawsint.wordpress.com/2015/08/04/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/|title=ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)၏ ဂန္ထဝင်အိုးဝေ မဂ္ဂဇင်းများ|author=လှမြင့် (ရန်ကုန်တက္ကသိုလ်)|work=မြန်မာသံတော်ဆင့် သတင်းစာ|date=၄ ဩဂုတ် ၂၀၁၅|accessdate=၂၀ ဩဂုတ် ၂၀၁၇}}</ref>
 
== အမည်ပြောင်းလဲလာပုံ ==
မူလက အိုးဝေမဂ္ဂဇင်း၏ အမည်မှာ [[ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း]] ဖြစ်သည်။ သို့သော် အမည်ရှည်သဖြင့် အသစ်ပေးရန် အမှုဆောင်များအား တိုင်ပင်သည်။ ကိုညိုမြပေးသော အိုးဝေ ဟူသည့်အမည်ကို အယ်ဒီတာ ကိုအောင်ဆန်းက လက်ခံလိုက်သည်။
 
မန္တလေးတွင် ကျောင်းနေစဉ်က ဒေါင်းယာဉ်ပျံဟူသော မင်းသမီးကို သဘောကျဖူးကြောင်း၊ သူ၏ "အိုးဝေ အိုးဝေ" ဆိုသည့်အသံမှာ ခုနှစ်သံပြောင်းသော်လည်း နားထောင်မငြီးနိုင်ကြောင်း၊ စာနယ်ဇင်းလောကသို့ ရောက်ပါက အိုးဝေ ဆိုသည့် မဂ္ဂဇင်းထုတ်လိုသည့် အကြံရှိကြောင်း အိုးဝေဟူသောအမည်ကို စဉ်းစားမိပုံနှင့် ပတ်သက်၍ ကိုညိုမြက ပြောပြသည်။ ထို့နောက်မှ −
 
"ဗမာပြည်သည် ဥဒေါင်းနိုင်ငံ
 
အိုးဝေသည် ဥဒေါင်းအသံ"
 
ဟူသည့် ဆောင်ပုဒ်ဖြင့် သမဂ္ဂမဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်း ဟု အမည်ပြောင်းလိုက်သည်။
 
== ငရဲခွေးကြီ: ဆောင်းပါးနှင့် ၎င်း၏ ဂယက် ==
၁၉၃၆ ဇန်နဝါရီလထုတ်၊ အတွဲ ၅၊ အမှတ် ၁ အင်္ဂလိပ်ကဏ္ဍတွင် ''ငရဲခွေးကြီး လွတ်နေပြီ'' (Hell Hound at Large) ဟူသော ဆောင်းပါး ပါလာသည်။
 
တက္ကသိုလ်အာဏာပိုင်တစ်ဦး၏ မတရားမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားရာ ကျောင်းရှိ အာဏာပိုင်များကိုသာမက ညွန့်ပေါင်းအစိုးရကိုပါ အဖျားခတ်နေသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးက အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရှင်အမည် ဖော်ထုတ်ပေးရန် တောင်းဆိုလာသည်။ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်နှင့်အညီ ဆောင်းပါးရှင်အား မပြောနိုင်ကြောင်း အရေးယူလိုလျှင် မိမိအား အရေးယူနိုင်ကြောင်း ပြောသည်။
 
ဤဆောင်းပါးအား ထည့်သွင်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် တကသဥက္ကဌ ကိုနု ကို ကျောင်းထုတ်သည်။ ဆောင်းပါးရှင်အား အမည်မဖော်သည့်အတွက် ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ်သည်။
 
ထိုအခါ ဥက္ကဌနေရာအား ကိုရာရှစ် က တာဝန်ယူပြီး ကျောင်းသားအစည်းအဝေးကျင်းပ၍ သပိတ်မှောက်စေသည်။ ဤသို့ဖြင့် ၁၉၃၆ ခုနှစ် ​ဒုတိယအကြိမ် ကောလိပ်သပိတ် ဖြစ်ပွားတော့သည်။<ref>အောင်ထွန်း, "မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း", သမဂ္ဂစာစဉ်, ၂၀၀၇</ref>
 
== ကိုးကား ==