စီမံခန့်ခွဲခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃ -
{{စီးပွားရေး စီမံခန့်ခွဲမှုပညာ}}
 
'''စီမံခန့်ခွဲခြင်း''' ဆိုသည်မှာ စီးပွာရေးလုပ်ငန်း တစ်ခု သို့မဟုတ် အကျိုးအမြတ်မပါသော လုပ်ငန်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခု စသော အဖွဲ့အစည်းတစ်ခုကို စီမံအုပ်ချုပ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ စီမံခန့်ခွဲခြင်းတွင် အဖွဲ့အစည်း၏ မဟာဗျူဟာကို ဖော်ဆောင်ခြင်း နှင့် ရနိုင်သမျှသော ငွေကြေး၊ သဘာဝအရင်းအမြစ်၊ နည်းပညာ နှင့် လူသားအရင်းအမြစ်စသော အရင်းအမြစ်များကို အသုံးချ၍ ဝန်ထမ်းများ (သို့မဟုတ် လုပ်အားဒါနပြုသူများ) ၏ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်စေခြင်းတို့ ပါဝင်သည်။
 
လူမှုရေးသိပ္ပံပညာရှင်များသည် စီမံခန့်ခွဲမှုပညာကို ကျောင်းသင်ခန်းစာ ဘာသာရပ်တစ်ခု အဖြစ် လေ့လာသင်ကြားကြပြီး လူမှုအဖွဲ့အစည်း နှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုပညာတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြသည်။ အချို့သော သူများသည် စီမံခန့်ခွဲမှုပညာကို ကောလိပ်များ တက္ကသိုလ်များတွင် သင်ကြားကြသည်။ စီမံခန့်ခွဲမှုနှင့် ဆိုင်သော အဓိက ဘွဲ့များမှာ ကူးသန်းရောင်းဝယ်ရေး ပညာဘွဲ့ (B.Com) ၊ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) နှင့် အများပြည်သူဆိုင်ရာ ကဏ္ဍအတွက်မူ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) တို့ ဖြစ်ကြသည်။ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်၍ အထူးပြုပညာရှင် သို့ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲမှုပညာ သုတေသန ပညာရှင် သို့မဟုတ် ပရော်ဖက်ဆာ ဖြစ်ချင်သူများ အတွက်မူ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DM) , စီးပွားရေး စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DBA) သို့မဟုတ် စီးပွားရေး စီမံခန့်ခွဲမှုပညာ နှင့် စီမံခန့်ခွဲမှုပညာ တို့တွင် ပါရဂူ ဘွဲ့များ ရယူနိုင်ကြသည်။